Home သတင်း ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲအတွက် ကိုယ်စားလှယ်‌လောင်း ၂၃၅ ဦး စာရင်းတင်သွင်းထား

ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲအတွက် ကိုယ်စားလှယ်‌လောင်း ၂၃၅ ဦး စာရင်းတင်သွင်းထား

1851

ဩဂုတ် ၁၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အပါအဝင် ပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ်‌လောင်း ၂၃၅ ဦး တို့သည် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ၌ ဝင်‌ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည်ဟု ပြည်နယ်‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်နိုင်က ယ‌နေ့(ဩဂုတ် ၁၃ ရက်) တွင် သိရသည်။

ဦး‌မောင်‌မောင်နိုင်က “လွှတ်‌တော်‌တွေအားလုံးကို ‌ပေါင်းလိုက်လို့ရှိရင်‌တော့ စုစု‌ပေါင်း ၂၃၅ ဦး ကိုယ်စား လှယ်‌လောင်းအဖြစ်နဲ့ အမည်စာရင်းတင်သွင်းထားတာ ရှိပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါတင်သွင်းထား‌သော ကိုယ်စားလှယ်‌လောင်း ၂၃၅ ဦးတို့မှာ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းအဖြစ် ‌ရွေး‌ကောက်တင်‌မြှောက်ခွင့် အရည်အချင်းပြည့်စုံမှု ရှိမရှိကို ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက်‌နေ့အထိ ဆက် လက်စိစစ်သွားမည်ဖြစ်‌ကြောင်းလည်း ဦး‌မောင်‌မောင်နိုင်က ဆက်‌ပြောသည်။

ကိုယ်စားလှယ်‌လောင်း အမည်စာရင်း တင်သွင်းထားမှုအရ ပြည်သူ့လွှတ်‌တော်တွင် ၄၁ ဦး၊ အမျိုးသားလွှတ် ‌တော်တွင် ၇၃ ဦး၊ ပြည်နယ်လွှတ်‌တော်တွင် ၉၄ ဦးနှင့် တိုင်းရင်းသား‌ရေးရာတွင် ၂၇ ဦး စုစု‌ပေါင်း ၂၃၅ ဦး တင် သွင်းခဲ့ခြင်းလည်းဖြစ်သည်။

ကိုယ်စားလှယ်အမည်စာရင်းတင်သွားထားသည့် ပါတီ‌ပေါင်း ၁၅ ပါတီအထဲတွင် ဗမာပြည်သူ့ပါတီမှလွဲ၍ ကျန် ၁၄ ပါတီမှာ ပြည်နယ်အတွင်းရုံးများရှိပြီး တသီးပုဂ္ဂလ ၂ဝ ဦးအပါအဝင် ကိုယ်စားလှယ် စုစု‌ပေါင်း၂၃၅ ဦးအ ထဲ၌ အမျိုးသမီး ၃၉ ဦးနှင့် အမျိုးသား ၁၉၆ ဦးတို့ ဖြစ်သည်။

ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ၌ ကိုယ်စားလှယ်‌လောင်း ‌လျှောက်လွှာတင်သွင်းခဲ့သူ ၂၆၁ ဦးရှိခဲ့သည့်အတွက် ၂၀၂ဝ ၌ ကိုယ်စားလှယ်‌လောင်း တင်သွင်းသူ ‌လျော့နည်းလာ‌ကြောင်းလည်း တာဝန်ရှိသူ ထံမှ သိရသည်။