Home သတင်း မြဝတီမြို့တွင် လက်ပစ်ဗုံး ‌ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦး ဒဏ်ရာရ

မြဝတီမြို့တွင် လက်ပစ်ဗုံး ‌ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦး ဒဏ်ရာရ

2499
Photo: Nay Naw

ဇူလိုင်လ ၂ဝ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်၊ ငှက်‌ပျော‌တောရပ်၊ စကိတ်ကွင်းလမ်းရှိ ‌နေအိမ်တစ်အိမ်တွင် ယမန်‌နေ့ ဇူလိုင်လ ၁၉ ရက်‌နေ့က ဗုံးသီး စနက်တံပြုတ်၍ ‌ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့‌ကြောင်း သိရသည်။

ယမန်‌နေ့က ည ၈နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အမှတ် (၃)ရပ်ကွက်ရှိ အိမ်ရှင် ‌ကျော်မင်းဦးနှင့် သူ၏ မိတ်‌ဆွေ ‌ကျော်ဝင်း (ခ) ထားဝယ်တို့ အရက်အတူ‌သောက်‌နေစဉ် အဆိုပါ တစ်လမ်းတည်းတွင် ‌နေထိုင်သူ ‌မောင်‌မောင် ‌နေလှိုင်း(ခ) ‌ဒေး‌ဒေးဆိုသူ ‌ရောက်ရှိလာပြီး ၎င်းတွင်ပါလာ‌သော 92 လက်ပစ်ဗုံး ဝဲလက်ကိုင်လာရာ လက်တွင် မ‌တော်တဆ စနက်တံပြုတ်၍ ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

ထိုသို့‌ပေါက်ကွဲမှု‌ကြောင့် ‌မောင်‌မောင်‌နေလှိုင်း(ခ) ‌ဒေး‌ဒေး ၏ ဝဲဘက်လက်နှင့် ရင်ဘတ်တို့တွင် ‌ပေါက်ပြဲ ‌သွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး(မစိုးရိမ်ရ) မြဝတီ ခရိုင်‌ဆေးရုံကြီးသို့ တင်ပို့ကာ ‌ဆေးဝါးကုသမှု ခံခဲ့ရ‌ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာသို့ မြဝတီ‌ရှေ့တန်းရုံး ‌ခြေလျင်တပ်ရင်း (ခလရ-၉၇)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ‌အောင်ဆန်းဝင်း၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်စုံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်‌ဌေးနှင့် ပူး‌ပေါင်း အဖွဲ့များ ‌ရောက်ရှိစစ်‌ဆေးကာ ဥပ‌ဒေနှင့်အညီ အ‌ရေးယူနိုင်ရန် ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။