Home သတင်း နှစ် ၇ဝ ပြည့် ကရင့်အာဇာနည်‌နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ၄ ခု ပြုလုပ်မည်

နှစ် ၇ဝ ပြည့် ကရင့်အာဇာနည်‌နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ၄ ခု ပြုလုပ်မည်

3856
( ယခင်နှစ်က ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလ ပန်းခြံတွင် ပြုလုပ်သည့် ကရင်အမျိုးသားအာဇာနည်‌နေ့ )

ဇူလိုင် ၁၇ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ဩဂုတ် ၁၂ ရက်‌နေ့တွင် ကျ‌ရောက်မည့် နှစ် ၇ဝ ပြည့် ကရင့်အာဇာနည်‌နေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှု ၄ ခုကို ရန်ကုန်ရှိ ကရင်လူငယ်များက လုပ်‌ဆောင်သွားရန် စီစဉ်‌နေသည်ဟု လူငယ်တစ်ဦး ဖြစ်သူ ‌စော‌ကျော်လင်းက ဇူလိုင် ၁၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လှုပ်ရှားမှုများမှာ ကရင်အာဇာနည်နှင့် ပတ်သက်၍ အမှတ်တရ စာအုပ်ထုတ်‌ဝေသွားရန် ရှိ သလို၊ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အာဇာနည်‌နေ့ဆိုင်ရာ သိ‌ကောင်းစရာ အ ‌ကြောင်းအရာများကို ထုတ်လွှင့်ခြင်း၊ စကားဝိုင်း‌ဆွေး‌နွေးပွဲကို အွန်လိုင်းမှ ပြုလုပ်ခြင်းနှင့် အာဇာ နည်ပုဂ္ဂိုလ် ‌စောဘဦးကြီး၏ ဇာတိရွာ၌ သစ်ပင်စိုက်ပွဲ‌တော် ကျင်းပခြင်းများ ပြုလုပ်သွားမည်ဖြစ် ‌ကြောင်း ကနဦး သိရသည်။

ယခုလို ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ‌စော‌ကျော်လင်းက “ကရင်အမျိုးသားလှုပ်ရှားမှု ‌တွေကို ပြန်လည်သုံးသပ်ပြီး ပိုမို‌ကောင်းမွန်တဲ့ အနာဂတ်ဖြစ်လာ‌အောင် လူငယ်‌တွေ ဘယ်လိုနည်းနဲ့ ပူး‌ပေါင်းပါဝင်ဖို့ လမ်းစရှာကြမလဲ။ ‌နောက်ပြီး‌တော့ အမျိုးသား‌ရေးမှာ ကရင်လူငယ်‌တွေ ပိုမိုသိရှိ သွား ‌အောင် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ‌ပြောသည်။

အဆိုပါ လှုပ်ရှားမှုများထဲမှ မီဒီယာဆိုင်ရာ လှုပ်ရှားမှုအ‌နေဖြင့် ကရင်အာဇာနည် ပုဂ္ဂိုလ်များနှင့် ‌ခေါင်း ‌ဆောင်များ၏ အတ္ထုပတ္တိများ၊ အာဇာနည်‌နေ့နှင့် ပတ်သက်သည့် အ‌ကြောင်းအရာများ၊ အင်တာဗျူး တို့ကို ‌ရေးသားတင်ပြခြင်းနှင့် ရုပ်သံများတို့ကို Facebook လူမှုကွန်ရက် စာမျက်နှာမှတဆင့် လွန်ခဲ့ သည့် တစ်လ‌ကျော်ကတည်းက ထုတ်လွှင့်‌နေပြီးဟု ကရင်လူငယ်များထံမှ သိရသည်။

ထို့အပြင် စကားဝိုင်း‌ဆွေး‌နွေးပွဲ (Panel discussion) အတွက် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ လူငယ်တို့ ပါဝင် ‌ဆွေး‌နွေးမည်ဖြစ်ပြီး လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့် ‌ပေးမည်ဖြစ်သလို သိလိုသည်များကို ‌မေးမြန်းနိုင်ရန် စီစဉ်ထားသည်။

လက်ရှိ ကမ္ဘာ့ကပ်‌ရောဂါ Covid-19 တိုက်ဖျက်‌ရေး လုပ်‌ဆောင်‌နေချိန်ဖြစ်သည့်အတွက် လူစု၊ လူ‌ဝေး ပြုလုပ်ရန် ခက်ခဲ‌နေသလို အစိုးရက ဖိအား‌ပေး ကန့်သတ်မှုများလည်း ကြုံ‌တွေ့ လာနိုင်သည့်အတွက် စိန်‌ခေါ်မှု အချို့ရှိ‌နေသည်ဟု ကရင်လူငယ်များထံမှ သိရသည်။

၂၀၁၉ ခုနှစ်က ကရင့်အာဇာနည်‌နေ့ကို ယခင်လို ခန်းမအတွင်းကျင်းပခွင့်မရသဖြင့် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံ‌ရှေ့၌ ကျင်းပခဲ့ရာ ရန်ကုန်ရှိ အလွှာစုံ ကရင်လူမျိုးများနှင့် မိတ်ဖက် နိုင်ငံ‌ရေးအဖွဲ့ အစည်းများမှ ဧည့်သည်များ စုစု‌ပေါင်း လူ ၇၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။ ထို့သို့ ပြုလုပ် ခြင်း ‌ကြောင့် ဦး‌ဆောင်ကျင်းပသူ ‌နော်အုန်းလှ အပါအဝင် ကရင်လူငယ် နှစ်ဦးကို အစိုးရက ‌ထောင် ၁၅ ရက် ချမှတ်ခဲ့ဖူးသည်။