Home သတင်း ‌နော်မု‌နော် ပစ်သတ်ခံရမှု တရားမျှတမှုရရှိ‌ရေး ကရင်အဖွဲ့များ ဝိုင်းဝန်းဖိအား‌ပေးရန် KNU Concerned Group တိုက်တွန်း

‌နော်မု‌နော် ပစ်သတ်ခံရမှု တရားမျှတမှုရရှိ‌ရေး ကရင်အဖွဲ့များ ဝိုင်းဝန်းဖိအား‌ပေးရန် KNU Concerned Group တိုက်တွန်း

10577

ဇူလိုင်လ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

တပ်မ‌တော်သားနှစ်ဦး၏ ပစ်သတ်ခြင်းခံခဲ့ရသည့် မူ‌တြော်(ဖာပွန်)‌ဒေသခံ အမျိုးသမီး ‌နော်မု‌နော် ‌သေဆုံးမှု တရားမျှတမှုရ ရှိ‌ရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာ ကရင်အဖွဲ့အစည်းများ အားလုံးဝိုင်းဝန်းပါဝင် ဖိအား‌ပေးရန်လိုအပ်‌ကြောင်း KNU Concerned Group က ယ‌နေ့ သ‌ဘောထားထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်‌နေ့က ဖာပွန် ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပိုလိုးထာ‌ကျေးရွာ‌နေ အသက် (၄၀)နှစ် အရွယ် ‌နော်မု ‌နော်ဆိုသူ အမျိုးသမီးကို တပ်မ‌တော်သားနှစ်ဦးမှ ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာများကို ချွတ်ယူသွားခဲ့မှုအ‌ပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချ‌ကြောင်း အဆိုပါ အဖွဲ့က ဆိုသည်။

အဖွဲ့၏ ‌ပြောခွင့်ရ ပဒို‌နော်စီဖိုးရာစိန်က “ကရင်အမျိုးသား‌တွေရဲ့ လုံခြုံ‌ရေးအတွက် အကာအကွယ်‌ပေး‌နေပါတယ်ဆိုတဲ့ KNU အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်း‌တွေ၊ ကရင်နိုင်ငံ‌ရေးပါတီ‌တွေ အရပ်ဖက်အဖွဲ့ အစည်း‌တွေ‌ကော ကရင်ပြည်သူတစ်ရပ်လုံးအ‌နေနဲ့က ဒီဖြစ်စဉ်အ‌ပေါ်မှာ အမှန်တရား‌ပေါ်‌ပေါက်လာဖို့နဲ့ ကျူးလွန်သူ‌တွေကို အ‌ရေးယူ ‌ဆောင်ရွက်ဖို့က အတူတကွ ပူး‌ပေါင်းဝိုင်းဝန်းဖို့လိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသား‌ဒေသများ၌ မြန်မာ့တပ်မ‌တော်၏ အလားတူ ရာဇဝတ်မှု ကျူးလွန်မှုများသည် စစ်‌ရေး လက်နက် သဖွယ် နှစ်‌ပေါင်းကြာရှည်စွာ ကျင့်သုံး ကျူးလွန်လာခဲ့ရာ ပြည်တွင်းတရားစီရင်မှုစနစ်ဖြင့် အ‌ရေးယူခြင်းသည် ထိ‌ရောက်မှုမရှိနိုင် ‌ကြောင်းလည်း KNU Concerned Group က ‌ပြောဆိုသည်။

“ကျမတို့အ‌နေနဲ့ Amnesty International (AI) နဲ့ Human Right Watch တို့လို နိုင်ငံတကာ အဖွဲ့အစည်း‌တွေကို ဒီကိစ္စ‌တွေကို လာ‌ရောက်စုံစမ်းစစ်‌ဆေးဖို့ ‌တောင်းဆိုလိုတာ‌ပေါ့။ ဘာဖြစ်လဲဆို‌တော့ ပြည်တွင်းက အစိုးရ အ‌နေနဲ့က ဒီကိစ္စ‌တွေအတွက် တရားမျှတမှုရရှိဖို့ လုပ်နိုင်စွမ်းမရှိဘူးဆိုတာ ကျမတို့ အရင်ကဖြစ်စဉ်‌တွေမှာ သိမြင်ခဲ့ပြီးဖြစ်တယ်။ သူတို့ ‌ကော်မတီဖွဲ့စုံစမ်းတာ‌တွေ အ‌ရေးယူတာ‌တွေက တရားမျှတမှုမရှိဘူး။” ဟု ပဒို‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

မြန်မာ့တပ်မ‌တော်၏ မတရားညှင်းပန်းနှိပ်စက်မှုများ၊ အ‌ကြောင်းမဲ့ သတ်ဖြတ်ခြင်းများ၊ အဓမ္မပြုကျင့်မှုများ အပြင် ပြည်သူ လူထုများ၏ ပစ္စည်းဥစ္စာများကို အတင်းအဓမ္မရယူခြင်းများ ရပ်တန့်သွားနိုင်‌ရေးနှင့် ထိ‌ရောက်စွာအ‌ရေးယူ တားဆီးဟန့် တားနိုင်‌ရေးအတွက် Amnesty International (AI) နှင့် Human Right Watch ကဲ့သို့‌သော နိုင်ငံတကာ အဖွဲ့အစည်းများ မှ ဝင်‌ရောက်စုံစမ်းရန် KNU Concerned Group ၏ ယ‌နေ့ ထုတ်ပြန်ချက်၌ ‌တောင်းဆိုထားခြင်းဖြစ်သည်။

ဇူလိုင်လ ၁၆ရက်‌နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်သတ်မှုနှင့် ပစ္စည်းလုယူထွက်‌ပြေးမှုကို ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ခိုး သွီးထာ (လှဂွန်းပျို) ‌ကျေးရွာအ‌ခြေစိုက်စခန်း အမှတ်(၈) စစ်ကွပ်ကဲ ‌ရေးဌာနချုပ် (စကခ) လက်‌အောက်ခံတပ်၊ ‌ခြေမြန် တပ်ရင်း (ခမရ-၄၀၉)မှ သန်းမိုးလွင်နှင့် ‌အေးမင်းသူဆိုသည့် တပ်သားနှစ်ဦးမှ ကျူးလွန်ခဲ့ခြင်းဖြစ်‌ကြောင်း KNU-ကရင်အ မျိုးသားအစည်းအရုံး တပ်မဟာ (၅)ဘက်က ဆိုထားသည်။ ၎င်းဖြစ်စဉ်အ‌ပေါ် စုံစမ်း‌ဖော်ထုတ် အ‌ရေးယူရန် ကရင် ပြည် နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC-S)ကိုပါ ဇူလိုင်လ ၁၈ရက်‌နေ့တွင် KNU တပ်မဟာ (၅)က တိုင်ကြားစာ‌ပေးပို့ထားသည်။

ကရင်လူငယ်ကွန်ရက် (KYN) မှ ‌နော်အယ်‌ဖောဝါးက “အရပ်သားအမျိုးသမီး‌တွေကိစ္စအ‌ပေါ် အမျိုးသမီးတစ်ဦးလည်း ဖြစ်‌နေတဲ့ ကျမတို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်အ‌နေနဲ့လည်း တစ်စုံတစ်ရာ ‌ဆောင်ရွက်‌ပေးဖို့ ကျမတို့ အရပ်ဖက်အဖွဲ့‌တွေ တိုက်တွန်းသွားပါမယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ဖြစ်စဉ်အ‌ပေါ် သက်ဆိုင်ရာ တပ်မ‌တော်ဘက်အား ‌ကေအိုင်စီ-ကရင်သတင်းဌာနက ယမန်‌နေ့ (ဇူလိုင် ၁၉ ရက်) မွန်းလွဲပိုင်းတွင် ဆက်သွယ်‌မေးမြန်းရာ အလုပ်များ‌နေသည့်အတွက် ပြန်လည်‌ဖြေကြားနိုင်ခြင်း မရှိ‌သေး‌ကြောင်း ဆက်သွယ်‌မေးမြန်းမှုအ‌ပေါ် ‌ဖြေကြားရန် မအားလပ်‌သေး‌ကြောင်း ‌ပြောဆိုခဲ့သလို တပ်မ‌တော် သတင်းမှန် ပြန်ကြား‌ရေးအဖွဲ့ကလည်း အဆိုပါ ဖြစ်စဉ်အ‌ပေါ် ယ‌နေ့ အချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိ‌ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ‌တွေ့ရသည်။

အပစ်သတ်ခံခဲ့ရသူ ‌နော်မု‌နော်သည် မျက်နှာ၊ ပါးစပ်နှင့် ရင်ဘတ်တို့တွင် (၃)ချက် အပစ်ခံလိုက်ရခြင်းဖြစ်ပြီး ၎င်း ‌သေဆုံးချိန်တွင် သမီးဖြစ်သူ အသက်(၁၈)နှစ်အရွယ် ‌နော်နီလာဦး၊ သားဖြစ်သူအသက် (၁၅)နှစ်အရွယ် ‌စောဂျွန်ဂို၊ အသက် (၁၂)နှစ်အရွယ် ‌စောဟိန်း‌ဝေယံနှင့် သူမ၏ အမျိုးသားဖြစ်သူ ‌စောပု‌အေးတို့ ကျန်ရစ်‌ကြောင်း သိရသည်။
KNU Concerned Group သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် ယခင် ‌ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ‌ဟောင်း ပဒို ‌နော်စီဖိုးရာစိန် ဦး‌ဆောင်ဖွဲ့စည်း၍ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက်များကို အလျင်းသင့်သလို သ‌ဘောထား ထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။