Home သတင်း အ‌သေးစား‌ချေး‌ငွေ ထုတ်‌ချေးသည့် ကုမ္ပဏီများနှင့် မွန်ရှိ စာ/ယဉ်များ ‌တွေ့ဆုံ

အ‌သေးစား‌ချေး‌ငွေ ထုတ်‌ချေးသည့် ကုမ္ပဏီများနှင့် မွန်ရှိ စာ/ယဉ်များ ‌တွေ့ဆုံ

2814

ဇူလိုင် ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်တိုင်းရင်းသား လုပ်ငန်းရှင်အသင်း (Karen Ethnic Entrepreneurs Association-KEEA) က ဦး ‌ဆောင်စီစဉ်ချိတ်ဆက်‌ပေးမှုအရ မွန်ပြည်နယ်အတွင်းရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများနှင့် အ‌သေး စား‌ချေး‌ငွေ ထုတ်‌ချေးသည့် ကုမ္ပဏီတို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ဇူလိုင် ၁၈ ရက်‌နေ့တွင် မွန်ပြည်နယ်၊ ‌မော်လမြိုင် မြို့ရှိ၊ တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ ‌တွေ့ဆုံပွဲကို ကိုဗစ်‌ကြောင့် ထိခိုက်ခဲ့သည့် ကရင်လုပ်ငန်းရှင်တို့ လုပ်ငန်းများပြန်လည်ထူ‌ထောင်ခြင်း နှင့် လုပ်ငန်းတိုးချဲ့ရာတွင် အ‌ထောက်အကူဖြစ်မည့် အ‌သေးစား‌ချေး‌ငွေများရရှိရန် ရည်ရွယ်ကာ KEEA က ချိတ်ဆက် စီစဉ်‌ပေးခြင်းဖြစ်သည်ဟု အသင်းဥက္ကဋ္ဌ ‌နော်ထားထားမြင့်က ‌ပြောသည်။

“ ဒီကိုဗစ်ကာလရယ်၊ ကိုဗစ်အလွန်‌လေးမှာရယ် ‌ရေတို အ‌ခြေအ‌နေကို ကုစား‌ပေးနိုင်ဖို့အတွက် စဉ်းစားပြီး ‌တော့ အသင်းက ချိတ်ဆက်လုပ်‌ဆောင်‌ပေးတာ ဖြစ်ပါတယ်။ ဒီအ‌သေးစား‌ချေး‌ငွေ ကုမ္ပဏီ‌တွေနဲ့ ‌တွေ့ဆုံဖိုု့ အစိုးရက ပံ့ပိုး‌ပေးတာ‌ရော၊ KEEA က ချိတ်ဆက်‌ပေးတာ‌ရောရှိတဲ့ ‌ဒေသခံ‌တွေအတွက် အကျိုးအမြတ်တစ်ခု ထွက်‌ပေါ်လာဖို့ ရည်ရွယ်လုပ်‌ပေးတာဖြစ်ပါတယ်”ဟု အသင်းဥက္ကဋ္ဌ ‌နော်ထားထားမြင့်က ‌ပြောသည်။

‌တွေ့ဆုံပွဲသို့ မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီး‌စော‌အောင်မြင့်ခိုင်၊ ကရင်လုပ်ငန်းရှင် အ သင်း ဥက္ကဋ္ဌနှင့် မွန်ပြည်နယ် ကရင်လုပ်ငန်းရှင်အသင်းခွဲ ဥက္ကဋ္ဌ၊ ‌မော်လမြိုင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ‌ပေါင်၊ ‌ချောင်းဆုံ စသည့် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီဝင်များ၊ ကရင်လုပ်ငန်းရှင်အသင်းဝင်များ စုစု ‌ပေါင်း ၅ဝ ဦး ခန့်တက်‌ရောက်ခဲ့သည်။

ထို့အပြင် အ‌သေးစား‌ချေး‌ငွေ ထုတ်‌ချေး‌ပေးသည့် ကုမ္ပဏီများ ဖြစ်သည့် Early Dawn Microfinance Company နှင့် LOLC Myanmar Microfinance Company တို့က ကုမ္ပဏီအလိုက် ‌ချေး‌ငွေထုတ်‌ချေးသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး‌နောက် အပြန်အလှန် ‌ဆွေး‌နွေးခဲ့ကြသည်။

အ‌သေးစား‌ချေး‌ငွေများကို တစ်ဦးချင်း‌သော်လည်း‌ကောင်း၊ အစုအဖွဲ့များဖြင့်‌သော်လည်း‌ကောင်း ‌ချေး‌ငွေရယူနိုင် ပြီး အတိုးနှုန်းမှာ တစ်နှစ်လုံးအတွက် ၂၈ ရာခိုင်နှုန်းဖြစ်ကာ ဝန်‌ဆောင်မှုစရိတ်များ ထည့်‌ပေါင်းပါက ၃ဝ ရာခိုင် နှုန်းသာ ကျသင့်မည်ဖြစ်သည်။

ထို့အပြင် ရာသီအလိုက် စိုက်ပျိုး‌ရေး‌ချေး‌ငွေများ၊ အ‌ထွေ‌ထွေစီးပွား‌ရေးလုပ်ငန်းဆိုင်ရာ ‌ချေး‌ငွေများကို ရယူ နိုင် မည်ဖြစ်သလို ‌ချေး‌ငွေရယူလိုသည့် ကရင်လုပ်ငန်းရှင်များအ‌နေဖြင့် ဆိုင်ရာမြို့ နယ်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော် မတီများ၊ ကရင်လုပ်ငန်းရှင်အသင်းနှင့်‌သော်လည်း‌ကောင်း ချိတ်ဆက်ကာ အကူအညီရယူနိုင်မည် ဖြစ်သည်။

ကရင်လုပ်ငန်းရှင် အသင်းအ‌နေဖြင့် အ‌သေးစား‌ချေး‌ငွေထုတ်‌ပေးသည့် ကုမ္ပဏီများနှင့် စာ‌ပေယဉ်‌ကျေးမှု ‌ကော် မတီများ၊ ကရင်လုပ်ငန်းရှင်များ ‌တွေ့ဆုံပွဲများ ပဲခူးမြို့၌ ဇူလိုင် ၁၇ ရက်‌နေ့တွင် ပြုလုပ်ခဲ့သလို မွန်ပြည်နယ်တွင် ဇူလိုင် ၁၈ ရက်၌ ထပ်မံ ပြုလုပ်ကာ ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ‌တွေ့ဆုံပွဲများ စီစဉ် ‌ပေးလျက်ရှိ‌ကြောင်းအသင်းက သတင်းထုတ်ပြန်ထားသည်။