Home အမြင်သဘောထား လက်ရှိ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် သူတို့အမြင်

လက်ရှိ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် သူတို့အမြင်

2959

ပြီးခဲ့သည့် ဇွန်လ ၃ဝ ရက်နှင့် ဇူလိုင် ၁ရက်‌နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံး မှ ကရင်အရပ်ဖက် အဖွဲ့အစည်း (KCBO/KCSO) များနှင့်‌တွေ့ဆုံ၍ လက်ရှိ နိုင်ငံ‌ရေး အ‌ခြေအ‌နေ၊ ၂၀၂ဝ အလွန် ဖြစ်‌ပေါ် လာ နိုင်သည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ‌ရှေ့ဆက်သွားနိုင်‌ရေး ‌ဆောက်ရွက်မှု အ‌ခြေအ‌နေနှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထအကြိမ်‌မြောက်အစည်းအ‌ဝေး ဆိုင်ရာ ကိစ္စရပ်များကို အသိ‌ပေး ရှင်းလင်း‌ပြောဆိုခဲ့ပြီး အကြံပြုချက် အမြင်သ‌ဘောထားများ ‌တောင်ခံခဲ့သည်။

၎င်းအ‌ပေါ် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ ကိုယ်တိုင် ပါဝင်တက်‌ရောက်ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်း‌ခေါင်း‌ဆောင် အချို့၏ အမြင်နှင့် သ‌ဘောထား အကြံပြုချက်များကို စုစည်းတင်ပြလိုက်ပါသည်။

Saw Albert Cho

‌စောအဲလ်ဘတ်ချို (ကရင်လူငယ်)
ကျ‌နော်တို့ကို ပထမ ရက်မှာ NCA နဲ့ ပတ်သက်ပြီး‌တော့မှ တင်ပြတယ်။ ဒုတိယ‌နေ့မှာကျ‌တော့ စစ်ဘက်ဆိုင်ရာ ‌ဆွေး‌နွေးရမယ့် အခန်းကဏ္ဍ‌တွေကို ‌ဆွေး‌နွေးတင်ပြတယ်။ ဒီတင်ပြမှုမှာ အဓိက က ‌ကေအဲန်ယူက ဒီ NCAပါ မူအတိုင်း သူတို့သွားပြီး‌တော့မှ ‌ဆွေး‌နွေးမယ်။ ပြီး‌တော့ ငြိမ်းချမ်း‌ရေးကို ခိုင်ခိုင်မာမာ တည်‌ဆောက်နိုင်ဖို့ ကို ရည်ရွယ်တယ်။ ‌ကေအဲန်ယူက အစိုးရ နဲ့ သ‌ဘောတူထားတဲ့အရာ‌တွေကို သူတို့ ‌ဆွေး‌နွေးမယ်။ ပြီးရင် ပြည် ‌ထောင်စု ညီလာခံ တက်ရမယ်ဆိုတာလည်းပါတာ‌ပေါ့။ အဓိက ‌ပြောသွားတာ တစ်ခုက ငြိမ်းချမ်း‌ရေးနဲ့ ပတ် သက်ပြီး‌တော့မှ NCA ပါ ရည်ရွယ်ချက်အတိုင်း သူတို့က ‌သွေဖယ်မသွား‌စေရန် သူတို့သွားမယ်။ သူတို့သွား တဲ့ ရည်ရွယ်ချက်သည်လည်း ကရင်လူမျိုး‌တွေအတွက် တန်းတူအခွင့်အ‌ရေး ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ အ‌ခြေခံ ‌ပေါ်မှာ အ‌ခြေတည်ပြီး‌တော့မှ ဖက်ဒရယ် ဒီမိုက‌ရေစီကိုရ‌အောင် တက်လှမ်းမယ်ဆိုတာကို သူတို့ ချပြတယ်။ အဲ့ဒီအ‌ပေါ်မှာ ကရင်အရပ်ဖက် (CBO/CSO)‌တွေရဲ့ သူတို့ အမြင်‌တွေ တင်ပြချက်‌တွေ သူတို့ ‌ပြောချင်တဲ့ အရာ‌တွေကို ‌ပြောခွင့်‌ပေးတယ်။

အဲ့မှာ သူတို့(အရပ်ဖက်)‌တွေက အဓိက ဘာ‌တွေ တင်ပြလဲဆို‌တော့ အခုအချိန်က COVID-19 ဖြစ်‌နေတဲ့ ကာ လ လည်းဖြစ်တယ်။ မကြာခင် ဩဂုတ်လ ဒုတိယအပတ်မှာလည်း အဲ့မှာသူတို့ ပြည်‌ထောင်စု ညီလာခံသွား ရ‌တော့မယ်။ အဲ့မှာပြဿနာက အရင်ကလို လူအများကြီးနဲ့ မသွားရ‌တော့ပဲနဲ့ လူနည်းနည်းပဲ သွားရ‌တော့မယ်။ ဒီလို လူနည်းတဲ့ အတွက်‌ကြောင့်မို့လို့ CBO/CSO ‌တွေ အ‌နေနဲ့လည်း စိုးရိမ်တယ်။ မြန်မာ့နိုင်ငံ‌ရေးရဲ့ အ‌ပြောင်း အလဲကာလလည်း ‌ရောက်‌နေတဲ့အချိန်မှာ CBO/CSO‌တွေကလည်း စိုးရိမ်မှု‌တွေ ရှိတယ်‌ပေါ့။ ဒီစိုးရိမ်မှု‌တွေကို လည်း ‌ကေအဲန်ယူဘက်က မှတ်တမ်းယူပြီး‌တော့ သူတို့ ပြန်သုံးသပ်‌နေကြတာ ‌တွေ့ရတယ်။

လက်ရှိ အစိုးရအ‌နေနဲ့က ကမ္ဘာ့ ဇာတ်ခုံ‌ပေါ်မှာ အမှုရင်ဆိုင်‌နေရတယ်။ ပြည်တွင်းမှာလည်း မငြိမ်းချမ်းဘူး။ ရခိုင်ပြည်မှာက စစ်‌တွေ တအားဖြစ်‌နေတယ်။ ကမ္ဘာ့ မျက်နှာစာမှာ အစိုးရရဲ့ လုပ်ရက်‌တွေကလည်း သိက္ခာ ကျစရာ‌တွေ အများကြီးရှိ‌နေတယ်။ ဒီအ‌ခြေအ‌နေကို သုံးသပ်ပြီး‌တော့မှ ကျ‌နော်တို့ ကရင်‌တွေ အသုံးချခံမဖြစ် ဖို့ ဒါကို ထည့်သွင်းစဉ်းစားပြီး‌တော့မှ ‌ဆွေး‌နွေးပွဲတက်ဖို့ ကျ‌နော် အကြံပြုခဲ့တာမျိုးရှိတယ်။ ‌ကေအဲန်ယူအ‌နေနဲ့ CBO/CSO‌တွေကို ချပြ‌ပေးရမှာက သူတို့မှာ တာဝန်ရှိလို့ ချပြတာပဲ။ ဒါ‌ပေမဲ့ ဒီ NCA ကို လက်မခံတဲ့ အဖွဲ့‌တွေ လည်းရှိတာ‌ပေါ့။ ဒါ‌ပေမဲ့ ကျ‌နော့်အ‌နေနဲ့ မြင်တာက ကမ္ဘာ့ နိုင်ငံ‌ရေး အခင်းအကျင်း ‌ပြောင်းလာတဲ့ အ‌ပေါ်မှာ ငြိမ်းချမ်း‌ရေးနည်းလမ်းက ပို‌ကောင်းတယ်။ တကယ်လို့ စစ်ဖြစ်ရင် ကျ‌နော်တို့ ကရင်ပြည်သူလူထု‌တွေက ထွက် ‌ပြေး‌နေရ‌တော့ လူထုအင်အားက နည်းနည်းလာတယ်။ လူထု‌တွေ နည်းခြင်းအားဖြင့် ကျ‌နော်တို့ နိုင်ငံ‌ရေး ကျဆုံးခြင်းကို ဦးတည်‌စေချင်တယ်။ အဲ့‌တော့ ကျ‌နော်တစ်ဦးတစ်‌ယောက်ထဲအ‌နေနဲ့ မြင်တာက နိုင်ငံ‌ရေး လက်ဦးမှု ယူနိုင်ခြင်းကသာလျှင် အ‌ကောင်းဆုံးဖြစ်မယ်။ စစ်‌ရေးက မတတ်သာမှ ဖြစ်ရမယ့် အရာဖြစ်တယ်။ အနည်းဆုံးက‌တော့ ‌ကေအဲန်ယူအ‌နေနဲ့ မြန်မာတစ်နိုင်ငံလုံးက လူထု‌တွေနဲ့ ထိ‌တွေ့နိုင်ပြီး ကရင်‌တွေ အ‌နေနဲ့ ‌ကေအဲန်ယူကို ပိုပြီး‌တော့မှ မြင်လာတယ်။ အရင်အချိန်အခါနဲ့ပတ်သက်ပြီး နှိုင်းယှဉ်ရရင် ဒီ‌ခေတ်ကပို‌ကောင်း ပါတယ်။ ‌ကောင်းတာရှိသလို ဆိုးတာလည်းရှိတာပဲ။ ‌ကေအဲန်ယူက သူ့လူထုကို နား‌ထောင်ရမှာ ရှိသလို လူထု‌တွေ အ‌နေနဲ့ကလည်း ‌ကေအဲန်ယူရဲ့ လုပ်‌ဆောင်ချက်ကို ‌စောင့်ကြည့်‌နေဖို့လိုတယ်။

Naw Oh Hla

‌နော်အုန်းလှ( ဥက္ကဋ္ဌ၊ ကရင်အမျိုးသမီးအစည်းအရုံး-KWU)
‌ကေအဲန်ယူ အ‌နေနဲ့ သူတို့ ရှင်းပြခဲ့တဲ့ အချက်‌တွေရှိတယ်။ သူတို့ အ‌နေနဲ့ NCAမှ တပါးမရှိဆိုတဲ့ အ‌နေအထား ‌တွေ့ရတယ်။ NCAမှာ သူတို့ လုပ်တဲ့အ‌ပေါ်မှာက‌တော့ အခုက နီးရာအပြင် မရှိတဲ့အခါကျ‌တော့ ဒီရဲ့ အကျိုးအ မြတ်ကို ကျမ‌ပြောပြတယ်။ လက်ရှိ အ‌ခြေအ‌နေကလည်း တကယ်တမ်းက ‌လော‌လောဆယ် ဒီ‌ရောဂါ‌တွေနဲ့ ‌နောက်တစ်ချက်က ‌ရွေး‌ကောက်ပွဲနဲ့ နီးစွာလုပ်တဲ့အတွက် အကျိုးအမြတ်က ‌ကေအဲန်ယူ ဘယ်‌လောက် ရမှာ လဲ။ သူတို့ကို ‌ပြောပြတယ်။ ပြီး‌တော့ ချလိုက်တဲ့ မူအ‌နေအထားတစ်ခုမှာ ကြည့်လိုက်တဲ့ အခါကျ‌တော့ အဆင် မ‌ပြေဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ ‌ကေအဲန်ယူ မူက (၈)ပြည်နယ်မူနဲ့သွားမယ်။ ချလိုက်တဲ့ မူက တို်င်းနဲ့ ပြည် နယ် ၁၄ခုနဲ့သွားမယ်ဆိုတဲ့အခါကျ‌တော့ ဒီကိစ္စကို ဘယ်လို‌ဆွေး‌နွေးမလဲဆိုတာကို သူတို့ကို ‌မေးတယ်။ အဲ့ ဒီအ‌ပေါ်မှာ ပြန်ပြီး‌တော့ ရှင်းတာမရှိဘူး။ အဓိကက ဒီအစည်းအ‌ဝေးမှာ သူတို့ ညီလာခံ သွားမယ့်အ‌ကြောင်းကို အသိ‌ပေးတဲ့ သ‌ဘောပဲဖြစ်တယ်။

UPC မသွားခင် လုပ်မယ့် လုပ်ငန်းစဉ်‌တွေ ရှိတယ်ဆို‌ပေမဲ့လည်း တကယ်တမ်းကျရင် ‌ပြောတဲ့အ‌နေအထားမှာ ‌တော့ ‌ကေအဲန်ယူက ပြည့်ပြည့်စုံစုံ‌ပြောထားတဲ့ အချက်‌တွေရှိတယ်လို့ သူတို့‌ပြောထားတယ်။ ဒါ‌ပေမဲ့ လုပ် လိုက်တဲ့ အ‌ကြောင်းအရာ‌တွေက ပြည်‌ထောင်စုက‌နေ ဆုံးဖြတ်ပြီးမှ ပြည်နယ်အဆင့်မှာ ‌ဆွေး‌နွေးမယ်ဆိုတဲ့ ဖက်ဒရယ်လိုပဲမြင်တယ်။ ဒီအ‌ပေါ်မှာ ကျမအ‌နေနဲ့ အကြံ‌ပေးခဲ့တယ်။ လက်ရှိအ‌ခြေအ‌နေက ပြည်‌ထောင်စုမှာ ‌ဆွေး‌နွေးချက်‌တွေနဲ့ သွား‌နေတဲ့ အချိန်မှာ ပြည်နယ်ကို ပြန်စီးဆင်းတယ်ဆိုတာက‌တော့ ကိုယ့်အခန်းကဏ္ဍ ကို ကိုယ်‌လျှော့တယ်လို့‌တော့ ကျမသုံးသပ်ခဲ့တယ်။ ဘာဖြစ်လဲဆို‌တော့ ‌ဆွေး‌နွေးပွဲကို ပြည်‌ထောင်စုအဆင့် ‌ဆွေး ‌နွေးပြီးမှ ပြည်နယ်အဆင့်ကို အသိ‌ပေးတာက သူတို့ အဆင့် သူတို့‌လျှော့တယ်လို့ပဲမြင်တယ်။ သူတို့ လုပ်တဲ့ အခါ ဒါ‌တွေက သတိထားရမယ့် အချက်‌တွေဆိုတာကို ကျမတို့ ‌ထောက်ပြခဲ့တယ်။ လုပ်တာ မလုပ်တာက ‌ကေအဲန်ယူရဲ့ ဆန္ဒအပိုင်း‌ပေါ့။ ကျမတို့က‌တော့ အရပ်ဖက်အဖွဲ့အစည်း‌တွေ အမြင်အတိုင်း သူတို့ကို အကြံ ‌ပေးခဲ့ပါတယ်။

လက်ရှိ အ‌ခြေအ‌နေမှာ NCA က တကယ်တမ်း ဆက်သွားလို့ ရမယ့်အ‌ခြေအ‌နေမှာ မဟုတ်‌တော့ဘူး။ ‌ဆွေး‌နွေးချက်‌တွေ ‌ဆွေး‌နွေးဘက်‌တွေက တန်းတူညီမျှမှုမရှိဘူး။ အဲ့အတွက် ‌ကေအဲန်ယူအ‌နေနဲ့ ဒီအတိုင်း ဆက်သွားရင်‌တော့ ဘာမှ အဆင်‌ပြေလာမှာမဟုတ်ဘူး။ အဓိကက အပစ်အခတ်ရပ်စဲ‌ရေးဆိုရင် စစ်တပ်နဲ့ လက်နက်ကိုင်ကြား အရင်ဆုံးသ‌ဘောတူညီချက်ယူတဲ့အခါမှာ နှစ်ဖက်က ‌စေတနာမှန်မှန်ကန်ကန်နဲ့ လုပ်‌စေ ချင်ပါတယ်။ တစ်ဖက်က တန်းတူညီမျှမ‌ဆွေး‌နွေးဘဲနဲ့ ဒါပဲ လုပ်ပါဆိုရင်‌တော့ ဖြစ်လာမယ့် အရာ‌တော့ မဟုတ်ဘူး။ ရမယ့်အမြတ်နဲ့ ရမယ့် ရလဒ်က ကိုယ့်အတွက် အမြတ်မရှိဘူးဆိုတာက‌တော့ ကျမဒီလိုပဲ အကြံပြုချင်ပါတယ်။

Saw Kyaw Swar

‌စော‌ကျော်စွာ (အတွင်း‌ရေးမှူး၊ ကရင်‌ရေးရာ ‌ကော်မတီ-KAC )
KNU မှာ‌တော့ လက်ရှိသွား‌နေတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး စိန်‌ခေါ်မှု‌တွေက‌တော့ အများကြီးပဲ အဓိကစိန်‌ခေါ်မှုက NCA အ‌ကောင်ထည်‌ဖော်တဲ့‌နေရာမှာ NCAအတိုင်း လက်ရှိ‌ဆွေး‌နွေးပွဲက အဲလိုမသွားတာက အဓိကစိန်‌ခေါ်မှုတစ်ရပ်ဖြစ်တယ်။ ကျ‌နော်တို့ကဘက်က KNUကို ဆက်လက်ပြီး‌တော့ အကြံပြုတာက‌တော့ အားလုံး‌တော့မဟုတ်ဘူး အများစုက‌တော့ လက်ရှိ KNUက NCAလမ်း‌ကြောင်းအတိုင်း ဆက်လက်ပြီး‌တော့ သွားဖို့သင့်တယ်။ ဒါ‌ပေမယ့် NCAလမ်း‌ကြောင်းအတိုင်း သွားတဲ့အခါမှာ NCAမှာ ပါတဲ့ အချက် အလက်အတိုင်း အဓိက ‌ဆောင်ရွက်သွားဖို့လိုတယ်။

‌နောက်တစ်ခုက လာမယ့် စတုတ္ထအကြိမ် UPC ကျင်းပဖို့လည်းဘဲ KNU သွားဖို့သင့်တယ်။ ဒါ‌ပေမယ့် အဲဒီအချိန်မှာ သွားလို့ရှိရင် တကယ်ပဲ ဖက်ဒရယ် အ‌ခြေခံမူများရရှိဖို့အတွက်‌တော့ ‌ဆွေး‌နွေးလာဖို့ ‌တော့အ‌ရေး ကြီးတာ‌ပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ လာမယ့် ၂၀၂၀‌နောက်ပိုင်းမှာ အကယ်၍ ဖက်ဒရယ်အ ‌ခြေခံမူများကိုပိုင် ပိုင်နိုင်နိုင် ‌ဆွေး‌နွေး ထားတာမရှိဘူးဆိုရင်‌တော့ ‌ဝေးပြီး‌ဝေးသွားမှာဆိုးလို့ ကျ‌နော်တို့က အကြံပြုထား တာဖြစ်တယ်။ ကျ‌နော်တို့က ကျရာ‌နေရာ‌တော့ ကျ‌နော်တို့‌ပြောတာက‌တော့ ဒီလို ‌တွေ့ဆုံအကြံပြု ‌ဆွေး‌နွေး ပွဲလုပ်တာ‌တောင်မှ ဖြစ်နိုင်လို့ရှိရင် ဒီလိုမျိုး မသွားခင် ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ ‌ခေါ်‌တွေ့တာမျိုးက‌တော့ ‌စော‌စောကတည်းက ‌တွေ့ထားလိုက်လို့ရှိရင် ပို‌ကောင်းမလား‌ပေါ့‌နော်။

အခုကသွားဖို့ ကပ်‌နေတဲ့အခါကျ‌တော့ ကျ‌နော်တို့က အကြံ‌ပေးရတာနည်းနည်းခက်တယ်။ ဒါ‌ကြောင့်မို့ ‌နောက်‌နောင်တကယ်လို့သူတို့က လုပ်စရာရှိတဲ့ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကျ‌နော်တို့ ဝိုင်းဝန်း ‌ဆွေး‌နွေးအကြံပြုဖို့ရှိပါတယ်လို့ ကျ‌နော်တို့က အဲလိုပဲ‌ပြောပါတယ်။ အဲဒီ‌ဆွေး‌နွေးပွဲနဲ့ပတ်သက်ပြီး Covid ကာ လမို့လို့လားမသိဘူး၊ ကျ‌နော်တို့က လိုချင်တဲ့အတိုင်းအတာအထိ‌တော့မ‌ရောက်ဘူး၊ လာတဲ့လူလည်းနည်း တယ်။ ကျ‌နော်တို့ ဒီပြည်တွင်းအုပ်စုက ‌တော့သွားနိုင်တယ်၊ ဒါ‌ပေမယ့် နယ်စပ်ကအုပ်စုက‌တော့ သွားလာနည်း နည်းခက်ခဲ‌တော့ မ‌ရောက်လာဘူး‌ပေါ့။ ဆို‌တော့ ဒီလိုမျိုးအတွက်က‌တော့ ကျ‌နော်တို့သိပ်အားမရဘူး‌ပေါ့၊ ဒီထက်ပိုပြီးစုံစုံ လင်လင်ပါဝင်ရင် ပိုပြီး‌ကောင်းမယ်လို့ ကျ‌နော်ကခံစားမိတယ်။

Naw Thet Thet Tun

‌နော်သက်သက်ထွန်း(ဒါရိုက်တာ၊ ကရင်အမျိုးသမီးများ စွမ်းရည်မြှင့်တင်‌ရေးအဖွဲ့-KWEG)
ဒီလိုချပြမှုအ‌ပေါ် အခု ‌ကေအဲန်ယူ သွား‌နေတဲ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဒီ NCA ဆက်လက် အ‌ကောင်အထည်‌ဖော်တဲ့အတွက်လည်း အများကြီး ကြိုဆိုပါတယ်။ ဒါကလည်း ရှိရမယ့် လုပ်ငန်းစဉ်မှာ ပို‌ကောင်း‌အောင် လုပ်‌နေတဲ့ အရာ‌တွေကို ‌တွေ့မြင်ရတဲ့အတွက် ‌ကောင်းတဲ့ လက္ခဏာဖြစ်ပါ တယ်။ UPC အတွက် ပြင်ဆင်မှုကို‌တော့ အရပ်ဖက်‌တွေက ဝိုင်းပြီး အကြံ‌ပေးကြတာရှိတယ်။ UPC မှာ ပြင် ဆင်တဲ့ အထဲမှာ‌တော့ ကျမတို့ KWEG အ‌နေနဲ့ အကြံ‌ပေးခဲ့တာ က‌တော့ အဓိကက Media Engagement ကို အား‌ကောင်းဖို့ပဲ။

ပြည်သူ‌တွေကို ချပြတဲ့ ‌နေရာမှာ ‌ကေအဲန်ယူ အ‌နေနဲ့ ပွင့်လင်းမြင်သာ‌သော ဒီငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို သွားတဲ့အခါမှာ ပြည်သူ‌တွေအတွက်လည်း စဉ်းစား‌ပေးဖို့ရယ် ‌နောက် ဒီ ပွင့်လင်းမြင် သာရှိဖို့ရယ်‌ပေါ့။ ပြည်သူ‌တွေအတွက် စဉ်းစား‌ပေးဖို့ဆိုတာက ပြည်သူ‌တွေရဲ့ စိုးရိမ်မှု‌ပေါ့၊ ဒီငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ပျက်သွားမလား၊ ‌ရှေ့ဆက်သွားမလားဆိုပြီး ပြည်သူ‌တွေ ရဲ့ စိုးရိမ်မှုကို အများကြီး ‌လျော့ချနိုင်ပါ တယ်။ ‌နောက်တစ်ချက်က‌တော့ NCA ပြန်လည်အ‌ကောင်အထည်‌ဖော် တဲ့အခါမှာလည်း ပြည်သူ‌တွေရဲ့ စိုးရိမ်မှုအပြင် ပြည်သူ‌တွေရဲ့ ခံစားခဲ့ရတဲ့ အခက်အခဲ‌တွေကို ပြန်ပြီး‌တော့ သတိရ ‌အောက်‌မေ့ပြီး‌တော့ ပြည်သူ‌တွေ ခါးစည်းခံခဲ့ရတဲ့ ဒုက္ခမျိုး‌တွေကို ပြန်လည် မဖြစ်ဖို့အတွက် ကျမတို့ က‌တော့ ဒီငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်သွားတဲ့ လုပ်ငန်း‌တွေ ‌အောင်မြင်ဖို့အတွက်ကို တွန်းအား‌ပေးပါတယ်။