Home သတင်း ထိုင်း‌ရောက်မြန်မာများ ကြိုတင်ဆန္ဒမဲ‌ပေးနိုင်‌ရေး မြန်မာသံရုံး ထုတ်ပြန်

ထိုင်း‌ရောက်မြန်မာများ ကြိုတင်ဆန္ဒမဲ‌ပေးနိုင်‌ရေး မြန်မာသံရုံး ထုတ်ပြန်

3027

ဇူလိုင် ၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

လာမည့် နိုဝင်ဘာ ၈ ရက်‌နေ့တွင် ကျင်းပသွားမည့် မြန်မာနိုင်ငံ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ထိုင်းနိုင်ငံ ‌ရောက် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲ‌ပေးနိုင်‌ရေးအစီအစဉ်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ယမန်‌နေ့ (ဇူလိုင် ၃ ရက်) ‌နေ့စွဲဖြင့် ထုတ်ပြန်‌ကြေညာလိုက်သည်။

၎င်း‌ကြေညာချက်တွင် ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများအ‌နေဖြင့် ဆန္ဒမဲ‌ပေးပိုင်ခွင့် ရှိသူများ ကြိုတင် ဆန္ဒမဲ ‌ပေးနိုင်‌ရေးအတွက် ပုံစံ (၁၅)‌ခေါ် (မြန်မာနိုင်ငံတွင် မိမိ‌နေထိုင်ခဲ့‌သော ရပ်ကွက်/‌ကျေးရွာ၊ မြို့နယ် ‌ကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲ‌ပေးပို့ပါရန် ‌တောင်းဆိုသည့်)‌လျှောက်လွှာကို ‌ဖော်ပြပါ အချက်အလက် များ ပြည့် စုံမှန်ကန်စွာ ဖြည့်သွင်းလက်မှတ်‌ရေးထိုးရမည်ဖြစ်‌ကြောင်း ပါရှိသည်။

၎င်း ဖြည့်သွင်းရမည့် ‌လျှောက်လွှာစာရွက်များကို ယမန်‌နေ့ ဇူလိုင်လ ၃ရက်‌နေ့မှစ၍ ပြည်‌ထောင်စု ‌ရွေး‌ကောက် ပွဲ ‌ကော်မရှင်ဝက်ဘ်ဆိုက်(www.mofa.gov.mm) ၊ သံရုံးဝက်ဘ်ဆိုက်(www.mebangok.org) စသည့် ဝက် ဆိုက် စာမျက်နှာများမှ Download (‌ဒေါင်းလုန်း) ရယူနိုင်သလို ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ဘန်‌ကောက်၊ ချင်းမိုင်၊ မဲ‌ဆောက် နှင့် ရ‌နှောင်းမြို့ရှိ အလုပ်သမားသံအရာရှိရုံးများသို့ အခမဲ့ သွား‌ရောက် ရယူနိုင်ပြီး ‌ဖော်ပြ ထားသည့် အချက်အလက်များ ဖြည့်သွင်းလက်မှတ်‌ရေးထိုးပြီးပါက ဇူလိုင်လ ၁၆ ရက်မှ ဩဂုတ်လ ၅ရက်‌နေ့အထိ သံရုံးသို့ ပြန်လည်‌ပေးပို့ရမည်ဖြစ်‌ကြောင်း ဆက်လက်‌ဖော်ပြထားသည်။

၎င်းပုံစံ (၁၅)ကို ပြန်လည်‌ပေးပို့ရာတွင် ဆန္ဒမဲ‌ပေးလိုသည့် လူကိုယ်တိုင်ဖြစ်‌စေ၊ ကိုယ်စားလှယ်နှင့် ဖြစ်‌စေ၊ သံရုံး လိပ်စာ No.110, Sathom Nua Road, Bangkok 10500 ဖြင့် စာတိုက်မှ တဆင့်ဖြစ်‌စေ၊ သံရုံး အီး‌မေးလ် info@mebangkok.com သို့ ပြန်လည်‌ပေးပို့နိုင်ပြီး ၎င်းပုံစံ (၁၅)နှင့်အတူ ‌ပေးပို့သူ၏ မြန်မာနိုင်ငံကူး လက်မှတ်မိတ္တူ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် အီး‌မေးလ်လိပ်စာများကို တပါတည်းပူးတွဲ‌ပေးပို့ သွားရမည် ဖြစ်‌ကြောင်း သံရုံးမှ ‌မေတ္တာရပ်ခံထားသည်။

ထိုသို့ ပြန်လည် ‌ပေးပို့လာသည့် ပုံစံ (၁၅) များပါ အချက်အလက်များကို သံရုံးမှ သတ်မှတ်စိစစ်ရမည့် အချက် များအတိုင်း စိစစ်သွား၍ ၎င်းမှတဆင့် ရပ်ကွက်/ ‌ကျေးရွာအုပ်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲ၏ မဲစာရင်းတွင် ပါ၊ မပါ စိစစ်နိုင်ရန် နိုင်ငံခြား‌ရေး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ သံရုံးမှ ‌ပေးပို့သွားရမည်ဖြစ်‌ကြောင်းဆိုသည်။

ထို့အပြင် ချင်းမိုင်မြို့၏ မြန်မာ ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ‌ကောင်စစ်နယ်‌မြေများဖြစ်‌သော ချင်းမိုင်၊ လန်ဖွန်း၊ လန် ပန်း၊ ဥတ္တရာဒစ်၊ ဖရာယ့်၊ နမ်၊ ဖ‌ယောင်း၊ ချင်းရိုင်းနှင့် မယ်‌ဟောင်‌ဆောင် စသည့် ပြည်နယ်များတွင် အစိုးရ ခွင့်ပြုချက်ဖြင့် ‌ရောက်ရှိ‌နေ‌သော မြန်မာနိုင်ငံသားများအ‌နေဖြင့် ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံးသို့ ပုံစံ(၁၅) ‌ပေး ပို့ရန် မလိုအပ်‌ကြောင်းနှင့် ချင်းမိုင်မြို့ရှိ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၏ ‌ကြေညာချက်ပါအတိုင်း ‌ဆောင်ရွက် သွားရမည် ဖြစ်‌ကြောင်းလည်း မြန်မာသံရုံး၏ ‌ကြေညာချက်၌‌ဖော်ပြထားသည်။

အလားတူ ယခု‌ကြေညာချက်သည် အသိ‌ပေး‌ကြေညာချက် အမှတ်(၁) ဖြစ်ပြီး မြန်မာနိုင်ငံ၏ ၂၀၂ဝပြည့်နှစ် ပါတီစုံ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲနှင့်ပတ်သက်‌သော ‌ကြေညာချက်များကို အချိန်နှင့် တ‌ပြေးညီ ဆက်လက် ‌ကြေညာ‌ပေးသွားမည်ဖြစ်‌ကြောင်းလည်း မြန်မာသံရုံးမှ ထုတ်ပြန်‌ကြေညာထားသည်။

မြန်မာနိုင်ငံ၏ ၂၀၂ဝပြည့်နှစ် အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပသွား ရန် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ဇူလိုင်လ ၁ ရက်‌နေ့က ထုတ်ပြန်‌ကြေညာခဲ့ပြီး လွှတ်‌တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်‌လောင်း အမည်စာရင်းများကို ဇူလိုင်လ ၂ဝ ရက်မှ ဩ ဂုတ်လ ၇ ရက်‌နေ့အထိ တင်သွင်းနိုင်ပြီး တင်သွင်းလွှာများကို ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက်‌နေ့အထိ စိစစ်သွား မည်ဖြစ်‌ကြောင်း ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ဆိုသည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲဆိုင်ရာ စု‌ဝေး‌ဟော‌ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များအတွက် သတ်မှတ်ကာလများကို ကိုယ်စားလှယ်‌လောင်းများ အတည်ပြုပြီးသည့်‌နောက်ပိုင်းတွင် ထုတ်ပြန်‌ကြေညာသွားမည်ဟု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ဆက်လက်ထုတ်ပြန်ထားသည်။