Home သတင်း ထိုင်း-မြန်မာ အမှတ်(၁) တံတား‌ပေါ်မှ တပိုင်တနိုင် နှစ်နိုင်ငံကုန်သွယ်မှုအတွက် ခွင့်ပြုသွားဖွယ်ရှိ

ထိုင်း-မြန်မာ အမှတ်(၁) တံတား‌ပေါ်မှ တပိုင်တနိုင် နှစ်နိုင်ငံကုန်သွယ်မှုအတွက် ခွင့်ပြုသွားဖွယ်ရှိ

5916
Photo: Nay Naw

ဇူလိုင် ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲ‌ဆောက် အမှတ်(၁) ချစ်ကြည်‌ရေး တံတားမှတဆင့် ‌ဒေသသုံး ကုန်ပစ္စည်း ၁၄၆ မျိုးထဲမှ ကျပ် ၁ဝ သိန်း‌အောက် တပိုင်တနိုင် ကုန်သွယ်ခွင့်အား လာမည့် ဇူလိုင်လ ၁၄ ရက် ‌နောက်ပိုင်းမှာ ခွင့်ပြုသွားဖွယ်ရှိ‌ကြောင်း မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်ထံက ယ‌နေ့(ဇူလိုင် ၁ဝရက်) ‌ပြောသည်။

“အမှတ် ၁ တံတားက‌နေပြီး‌တော့ နှစ်နိုင်ငံ ကနဦးညှိနှိုင်းမှုအရ ခွင့်ပြုထားတဲ့ လူသုံးကုန်ပစ္စည်း ၁၄၆ မျိုးကို တစ်ကြိမ်လျှင် ကျပ် ၁ဝ သိန်း‌အောက် နှစ်နိုင်ငံကုန်စည်ဖြတ်သန်းမှုအတွက် ပြန်လည်အသုံးပြုနိုင်ဖို့ လာမယ့် ဇူလိုင်လ ၁၄ ရက်‌နေ့မှာ နှစ်ဖက်တာဝန်ရှိသူများ အ‌သေးစိတ် ‌ဆွေး‌နွေးသွားဖို့ရှိပါတယ်။ အမှတ် ၁ တံတား က‌နေ ကားတစ်စီးကို ယာဉ်‌မောင်း တစ်ဦးနှင့် ကုန်သွယ်မှုပြုမည့်သူ တစ်ဦးသာ ဖြတ်သန်းသွာလာခွင့်ရှိပြီး လူ အဝင်အထွက်ကို ကန့်သတ်ထားကာ ကုန်သွယ်မှုအတွက်ကိုပဲ ကနဦး အသုံးပြုသွားမှာပါ။” ဟု‌ပြောသည်။

ထို့‌နောက် COVID-19 ‌ရောဂါ ထိန်းချုပ်နိုင်မှု အ‌ခြေအ‌နေ‌ပေါ်မူတည်ပြီး နယ်စပ်‌နေပြည်သူများအား (TBP- Travel Border Pass) ယာယီတံတားဖြတ်သန်းခွင့်လက်မှတ်ဖြင့် နယ်စပ်ကူးလူးသွားလာမှုအား ခွင့်ပြုသွား မည်ဟုလည်း ဦး‌တေဇာ ‌အောင်က ဆက်‌ပြောသည်။

လတ်တ‌လော ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည် စီးဆင်းမှုအား လက်ရှိ အမှတ်(၂)ချစ်ကြည်‌ရေး တံ တား‌ပေါ်တွင်သာ ခွင့်ပြု‌ပေးထားပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ‌နေရပ်ပြန်လာသည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ် သမားများအား ကျန်းမာ‌ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လက်ခံကြိုဆိုလျက်ရှိသည်။

ကိုဗစ်ကပ်‌ရောဂါ ကာလ၏ မတ်လမှ ဇွန်လ ကုန်ထိ ၄ လအတွင်း အမှတ်(၂) တံတားမှတဆင့် နှစ်နိုင်ငံ ကုန် သွယ်မှု အ‌ခြေအ‌နေတွင် မြန်မာဘက်ခြမ်းမှ သွင်းကုန်မှာ ပုံမှန်အ‌နေအထားတွင် ရှိ‌သော်လည်း ထိုင်း ဘက်ခြမ်းမှ သွင်းကုန်များမှာ သုံးပုံတစ်ပုံခန့် ‌လျော့နည်းသွားသည်ဟု နယ်စပ်ကုန်သွယ်မှု လစဉ်စာရင်းအရ သိရ‌ကြောင်း ခရိုင်အုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုအား အမှတ်(၂) တံတားဝင်‌ပေါက်တစ်ခုတည်းသာ အသုံးပြုခွင့် ပြု ထားပြီး နယ်ခြား ‌သောင်ရင်းမြစ်ကမ်းတ‌လျှောက်ရှိ ‌လှေဂိတ်များအား ပိတ်ထားဆဲဖြစ်‌ကြောင်း သိရသည်။