Home သတင်း ဆန္ဒပြ‌ဒေသခံများအား တပ်မ‌တော်မှ တရားစွဲဆိုမည့်အ‌ပေါ် သျှမ်းအရပ်ဖက်အဖွဲ့ ၃ဝ ‌ကျော်ကန့်ကွက်

ဆန္ဒပြ‌ဒေသခံများအား တပ်မ‌တော်မှ တရားစွဲဆိုမည့်အ‌ပေါ် သျှမ်းအရပ်ဖက်အဖွဲ့ ၃ဝ ‌ကျော်ကန့်ကွက်

3417
Photo: Shan Community Group

ဇူလိုင် ၁၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

တပ်မ‌တော်၏ ပစ်ခတ်မှု‌ကြောင့် ထိခိုက်‌သေဆုံးရသည့် သျှမ်းရွာသားများအတွက် တရားမျှတမှုရရှိ‌ရေးအတွက် ‌ဒေသခံ များ စု‌ပေါင်းဆန္ဒထုတ်‌ဖော်မှုတွင် ဦး‌ဆောင်သူများကို တပ်မ‌တော်မှ တရားစွဲဆို အ‌ရေးယူမည့်အ‌ပေါ် သျှမ်းအရပ်ဖွဲ့ ၃ဝ ‌ကျော်မှ ယ‌နေ့ (ဇူလိုင်လ ၁၃ရက်) ‌နေ့စွဲဖြင့် ကန့်ကွက်‌ကြောင်း သ‌ဘောထားထုတ်ပြန်‌ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ဝရက်‌နေ့က သျှမ်း(ရှမ်း)ပြည်နယ်(‌မြောက်ပိုင်း)၊ ‌ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်း‌ဒေသခံ လူထု တစ်‌သောင်း‌ကျော်သည် တပ်မ‌တော်စစ်‌ကြောင်း၏ ပစ်ခတ်ဖမ်းဆီးရိုက်နှက်ခဲ့ခြင်း‌ကြောင့် ‌ဒေသခံရွာသား (၃)ဦး ထိခိုက် ‌သေဆုံးဒဏ်ရာရရှိခဲ့ခြင်းအ‌ပေါ် တရားမျှတမှုရရှိ‌ရေး ဆန္ဒထုတ်‌ဖော်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆန္ဒပြမှုကို ဦး‌ဆောင်သည့် ‌ဒေသခံရွာသား (၃)ဦးကို တပ်မ‌တော်မှ အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း ထို‌နေ့တွင်ပင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထုတ်ပြန်ခဲ့ခြင်းအ‌ပေါ် သျှမ်းအရပ်ဖက်အဖွဲ့အစည်း‌ပေါင်း (၃၆)ဖွဲ့မှ တရားမျှတမှုအတွက် ဆန္ဒထုတ်‌ဖော် ‌တောင်း ခံခြင်းအ‌ပေါ် အ‌ရေးယူခြင်းမျိုးကို ရပ်တန့်ပြီး ပြစ်မှုကျူးလွန်သူမြန်မာစစ်တပ်ကိုသာ လုံးဝအ‌ရေးယူ‌ပေးရန် သျှမ်းအရပ်ဖက် အဖွဲ့အစည်းများက ယ‌နေ့ ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်၏ ‌ပြောခွင့်ရ စိုင်းလင်းက“တကယ်ဆိုရင် တပ်မ‌တော်က ပြည်သူလူထုကို သတ်ချင်တိုင်း သတ် လို့ရ ‌သေးတယ်။ အခုက လူထုက ဆန္ဒပြတာကိုကျ‌တော့ သူတို့က ဟိုအ‌ကြောင်းပြ ဒီအ‌ကြောင်းပြပြီး‌တော့ ကိုဗစ်ဟာလို အ‌ကြောင်းပြပြီး‌တော့ တရားစွဲဖို့ လုပ်‌နေတာကို ကန့်ကွက်တဲ့သ‌ဘောမျိုးပါပဲ။ ‌နောက်ပြီး ဗမာ အပါအဝင် တခြားတိုင်း ရင်းသား‌တွေကို သိ‌စေချင်တဲ့ ဆန္ဒလည်းပါပါတယ်။” ဟု ထုတ်ပြန်ချက်နှင့်ပတ် သက်ပြီး ‌ကေအိုင်စီသို့ ထိုသို့‌ပြောဆိုခဲ့ သည်။

ထို့အပြင် အခြားတိုင်းရင်းသား ‌ဒေသများရှိ ‌ဒေသခံပြည်သူလူထုများမှာ အလားတူ ပစ်သတ်ရိုက်နှက်ခံရမှုဖြစ်စဉ်များသည် ယခင်ကာလများတွင်သာမက လက်ရှိ အချိန်ကာလများအထိ ရှိ‌နေ‌သေး‌ကြောင်းကို သိရှိ‌စေလို ခြင်းဖြစ်သလို လက်ရှိဖြစ် စဉ်နှင့်ပတ်သက်၍လည်း အစိုးရအ‌နေဖြင့် ပြည်သူလူထုဘက်တွင် မှန်မှန်ကန်ကန်ရပ်တည်‌ပေးရန် လိုအပ်‌ကြောင်းလည်း စိုင်းလင်းက ဆက်‌ပြောသည်။

တရားမျှတမှုရရှိ‌ရေးအတွက် ဆန္ဒ‌ဖော်ထုတ်မှုကို ဦး‌ဆောင်ခဲ့သူ ‌ကျောက်မဲ‌ဒေသခံများဖြစ်သည့် ဦးစိုင်းသန်း‌မောင်၊ ဦး‌ဇော တိကနှင့် ဦးအာလိယျတို့သုံးဦးကို တပ်မ‌တော်မှ ငြိမ်းချမ်းစွာစု‌ဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပ‌ဒေပုဒ်မ (၁၉)နှင့် ကူးစက်‌ရောဂါကာကွယ်နှိမ်နှင်း‌ရေး ဥပ‌ဒေ ပုဒ်မ (၁၈)အရ အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း ဇူလိုင်လ ၁ဝ ရက်‌နေ့က ထုတ်ပြန်‌ကြေညာထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်‌နေ့က တပ်မ‌တော်၏ ပစ်ခတ်မှု‌ကြောင့်ပန်ကျန်ရွာသား အသက် (၆၀)အရွယ်လုံဆုဆိုသူမှာ ‌သေဆုံးခဲ့ပြီး အသက် (၅၅) နှစ်အရွယ် ပါဆိုင်ဆိုသူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇွန်လ ၂၇ ရက်‌နေ့တုန်းကလည်း အသက်(၅၆)နှစ် အရွယ် လုံး‌မောင်‌ခေဆိုသူကို တပ်မ‌တော်စစ်‌ကြောင်းမှ ‌ခေါ်ယူစစ်‌ဆေး‌မေးမြန်းရာ ညှပ်ပမ်းနှိပ် စက်ခံရမှု‌ကြောင့် ‌ကျောက်မဲ‌ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ၎င်းတို့သုံးဦး၏ ဓါတ်ပုံများကို ကိုင်‌မြောက်၍ သျှမ်း‌ဒေသခံ လူထုတစ်‌သောင်း‌ကျော်က ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းဖြစ်သည်ဟု သျှမ်းအရပ်ဖက်အဖွဲ့အစည်းများက ‌ပြောသည်။

အဆိုပါ ‌ဒေသခံ ပြည်သူများ ‌သေဆုံးထိခိုက်ဒဏ်ရာရရှိမှုကို မြန်မာ့တပ်မ‌တော်၏ ‌ခြေလျင်တပ်ရင်း(ခလရ-၂၃၊ ၂၂ နှင့် ၁၄၇) တို့မှ ကျူးလွန်ခဲ့ခြင်းဖြစ်‌ကြောင်း သျှမ်းအရပ်ဖက်အဖွဲ့အစည်း၏ ယ‌နေ့ထုတ်ပြန်ချက်၌ ‌ဖော်ပြထားပြီး ဆန္ဒ‌ဖော်ထုတ် ဦး‌ဆောင်သူများကို တရားစွဲဆိုအ‌ရေးယူမည့်ကိစ္စမှာလည်း တပ်မ‌တော်ဘက်မှ စီစဉ်‌နေတုန်းဖြစ်‌ကြောင်း သျှမ်းအရပ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။