Home သတင်း ကိုဗစ်ကာလ ကရင်ပြည်နယ်ရှိ ‌တောင်သူများကို ‌ငွေကျပ်သိန်း‌ပေါင်း ၆ဝ,ဝဝဝ ‌ကျော် ထုတ်‌ချေး‌ပေးမည်

ကိုဗစ်ကာလ ကရင်ပြည်နယ်ရှိ ‌တောင်သူများကို ‌ငွေကျပ်သိန်း‌ပေါင်း ၆ဝ,ဝဝဝ ‌ကျော် ထုတ်‌ချေး‌ပေးမည်

1936

ဇူလိုင် ၁၇ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

COVID-19 ‌ရောဂါဖြစ်ပွား‌နေသည့်အတွက် ‌ငွေ‌ကြေးထိခိုက်နစ်နာသွားသည့် ‌တောင်သူများကို ပြန်လည်ကုစားနိုင်ရန်အတွက် ကိုဗစ်အထူး‌ချေး‌ငွေအ‌နေဖြင့် ကရင်ပြည်နယ်ရှိ ‌တောင်သူများကို တိုးမြှင့်ထုတ်‌ချေး‌ပေးသွားမည်ဟု ပြည်နယ် မြန်မာ့လယ် ယာ ဖွံ့ဖြိုး‌ရေးဘဏ် တာဝန်ရှိသူက ‌ပြောသည်။

မိုးသီးနှံ‌ချေး‌ငွေအ‌နေဖြင့် ပထမအကြိမ် ၁,၅၇ဝ.၆ သန်းကို ခွင့်ပြုရရှိထားပြီး စိုက်ပျိုးလယ် ၁ ဧကအတွက် ‌ငွေ ၁ သိန်းခွဲနှုန်းနှင့် ကိုဗစ်အထူး‌ချေး‌ငွေအတွက် ‌ငွေ ၅ဝ,ဝဝဝ ကျပ် ထပ်မံတိုးမြှင့် ထုတ်‌ချေး‌ပေးသွားမည်ဖြစ်ပြီး ‌တောင်သူတစ်ဦးလျှင် ၁ဝ ဧက အထိ ထုတ်ယူ‌ချေးနိုင်သည်ဟု ကရင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ် မန်‌နေဂျာ ဦးသိန်း‌ဇော်က ဇူလိုင်လ ၁၆ ရက်တွင် ‌ကေအိုင်စီသို့‌ပြောသည်။

“ ကိုဗစ်‌ကြောင့် ‌တောင်သူ‌တွေ ထိခိုက်လာတဲ့အတွက် ကိုဗစ်အထူး‌ချေး‌ငွေကို ဇွန်လလယ်က‌နေစပြီး ထုတ်‌ချေး‌ပေးတယ်။ အ တိုးနှုန်းက‌တော့ ‌ငွေကျပ် ၁ဝဝ မှာ တစ်နှစ် ၅ ကျပ်တိုးနဲ့ အတိုးနှုန်း နည်းနည်း‌လေး‌ပေါ့‌နော်။ စက်တင်ဘာလကုန်အထိ ထုတ် ‌ချေး‌ပေးသွားမယ်။ ပုံစံ ၇ စာအုပ်ရယ် လယ်ယာဧက‌တွေ တင်ပြပြီး ကိုဗစ်‌ချေး‌ငွေကို လိုချင်‌ကြောင်း ဆန္ဒပြုလို့ရှိရင် လုပ်ထုံး လုပ်နည်းအရ ထုတ်‌ပေးသွားမယ်” ဟု မန်‌နေဂျာ ဦးသိန်း‌ဇော်က ‌ပြောသည်။

မိုးသီးနှံ လယ်ယာ ၃၁,၁၃ဝ ဧက အတွက် ‌ငွေကျပ် ၄.၆,၆၉၅ သန်း၊ ကိုဗစ်အထူး‌ချေး‌ငွေအတွက် လယ်ယာ ၆,၅၆၆ ဧကကို ၃၈၂.၃ သန်း ထုတ်‌ချေး‌ပေးပြီး မိုး၊ ‌ဆောင်း၊ မိုးကြိုလယ်ယာ စိုက်ပျိုး‌ရေးအတွက် တစ်နှစ်စာ‌ချေး‌ငွေ ကျပ် ၆.၂,၆၂၉ ဘီလီယံ လျာထားသည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုး‌ရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ‌တောင်သူ‌စော‌ရွှေလှဝင်းက “လယ်ဧက ၇ဝ ‌လောက် ထွန်ယက်ပျိုးပြီးပြီး။ ကိုဗစ်‌ရောဂါရှိ‌တော့ သီး နှံ‌ရောင်းဝယ်ရတဲ့အပိုင်းမှာ အခက်အခဲ‌တော့ရှိတာ‌ပေါ့‌နော်။ အစိုးရက တစ်ဦးကို လယ် ၁ဝ ဧကပဲ ထုတ်‌ချေး‌ပေးတယ်။ အလုပ် သမားခ‌တွေ‌တော့ ‌ပြေလည်သွားပြီး‌ပေါ့‌လေ။ ကိုဗစ်အထူး‌ချေး‌ငွေက ‌လော‌လောဆယ် မရ‌သေးဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယခင်နှစ်က ကရင်ပြည်နယ်တွင် ‌ရေးကြီး‌ရေလျှံမှုများ‌ကြောင့် စိုက်ပျိုးလယ်ဧကအများစု ထိခိုက်ဆုံးရှုံးခဲ့ရပြီး ယခုနှစ်မှာလည်း တစ်ကမာ္ဘလုံး ကိုဗစ်‌ရောဂါဖြစ်ပွားသည့်အတွက် နိုင်ငံတစ်ဝှမ်း စိုက်ပျိုးသီးနှံများနှင့် ဥယျာဉ်ခြံလုပ်ငန်းများ ‌ဈေးကွက်ထိခိုက် နစ်နာမှုရှိသည်ဟု ‌တောင်သူများထံမှ သိရသည်။