Home သတင်း ကရင်စာ သင်ရိုးသစ်မွမ်းမံသင်တန်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်

ကရင်စာ သင်ရိုးသစ်မွမ်းမံသင်တန်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်

3743

ဇွန်လိုင် ၇ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

အသစ်ပြဌာန်းလိုက်သည့် ပိုး၊ စ‌ကောကရင်စာ သင်ရိုးညွန်းတမ်းအသစ်ကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ် ဇီးဖြူရိပ်မြုံ‌နေရာတွင် မြို့နယ်၏ သင်တန်းဌာန အမှတ် ၁ အ‌နေဖြင့် ပထမဦးဆုံးအကြိမ် သင်တန်းဖွင့်လှစ် သွားခဲ့‌ကြောင်း သင်တန်းတာဝန်ရှိသူများထံမှ သိရသည်။

သင်တန်းကို ဇူလိုင် ၂ ရက်မှ ၅ရက်‌နေ့အထိ သင်ကြားပို့ချသွားခဲ့ပြီး နည်းပြဆရာများနှင့် သင်တန်းသား ကရင်စာသင် ဆရာ/ဆရာမ ၃ဝဝ နီးပါး ပို့ချသင်ကြားသွားခဲ့‌ကြောင်း သိရသည်။

သင်တန်းနည်းပြဆရာ ‌စော‌ယောင့်သာအဲဆန်က “စာ‌ပေကို မြှင့်တင်တဲ့အ‌နေနဲ့ ရည်ရွယ်ပြုလုပ်တာပါ။ အစိုးရ အတန်း ‌ကျောင်း မှာ အသက်အရွယ်အလိုက် က‌လေး‌တွေ သင်ယူနားလည်ရလွယ်ပြီး လက်‌တွေ့နားလည်နိုင်‌အောင် သင်ရိုးအသစ်တစ်ခုကို သင် ကြားနည်းစနစ် ချပြတာ‌ပေါ့‌နော်။ ပိုး၊ စ‌ကောကရင်စာပါ ဒီသင်တန်းမှာ သင်ကြား‌ပေးပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

အ‌ရှေ့ပိုးကရင် (လိက်ထူ့လီ) စာ တက်‌ရောက်သင်ကြားသူ ၂ဝ၁ ဦးနှင့် စ‌ကောကရင်စာ သင်ကြားသူ ၃၇ ဦး တို့ကို ၎င်းတို့၏ ဆိုင်ရာစာ‌ပေ သင်ရိုးအသစ် သင်ကြားမှုနည်းစနစ်များကို သင်တန်းဆရာများမှ သင်ကြား‌ပေးပြီး ကရင်စာ‌ပေစွမ်းရည်မြှင့် တင် သည့်အ‌နေဖြင့် စာစီစာကုံးပြိုင်ပွဲများပါ သင်တန်း‌နောက်ဆုံး‌နေ့တွင် ထည့်သွင်းကျင်းပသွားခဲ့သည်ဟု သိရသည်။

“သင်ရိုးနည်း ‌ပြောင်းသွားတယ်။ က‌လေး‌တွေနားလည်‌အောင် ကဗျာ‌တွေ၊ သီချင်း‌တွေ ရုပ်ပုံ‌တွေနဲ့ပါ တွဲပြီးသင်ကြားတာ‌ပေါ့။ ‌နေ့စားလ‌ပေး သင်‌နေတာဆို‌တော့ ‌ကျောင်းပိတ်ရက်‌တွေမှာ ‌ထောက်ပံ့မှု မရဘူး‌ပေါ့‌နော်။ ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှုမ‌ပျောက် ‌အောင် ထိန်းသိမ်း‌စေချင်လို့ ဆရာမလုပ်ဖြစ်တာပါ။ အတိုင်းအတာ တစ်ခုအထိ ‌ထောက်ပံ့‌ပေးတဲ့အ‌ပေါ် အများကြီး ‌ကျေးဇူးတင် ပါတယ်” ဟု အ‌ရှေ့ပိုးကရင်စာသင် ဆရာမ‌နောင်‌ဖော့အဲ့ကုံက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ကရင်စာသင်ရိုးညွန်းတမ်းအသစ် သင်တန်းဌာန ၁ ကို ၄ ရက်ကြာသင်ကြား‌ပေးခဲ့ပြီး‌နောက် သင်တန်းဌာန ၂ ကို ဝင်း‌ရော်မြစ်အ‌ရှေ့ဘက်ခြမ်းတွင် ဆက်လက်ဖွင့်လှစ်သွားရန် အစိုးရပညာ‌ရေးဌာနနှင့် မြို့နယ် ကရင်စာ ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့တို့ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု သင်တန်းတာဝန်ရှိသူများထံမှ သိရသည်။