Home သတင်း မြဝတီ-‌ကော့ကရိတ်အာရှလမ်းတွင် ‌ပြောင်းဆန်တင်ယာဉ်တိမ်း‌မှောက်၍ ယာဉ်‌မောင်း‌သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မြဝတီ-‌ကော့ကရိတ်အာရှလမ်းတွင် ‌ပြောင်းဆန်တင်ယာဉ်တိမ်း‌မှောက်၍ ယာဉ်‌မောင်း‌သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

2051
Photo: Nay Naw

ဇွန်လ ၂၂ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုလမ်း‌ကြောင်း တစ်ခုဖြစ်သည့် ကရင်ပြည်နယ် မြဝတီ-‌ကော့ကရိတ် အာရှလမ်းတွင် ယမန်‌နေ့ ဇွန်လ ၂၁ ရက်‌နေ့ ည‌နေ ၅ နာရီအချိန်ခန့်က‌ပြောင်းဆန်တင် ၂၂ဘီး ကုန်တင်ယာဉ်တစ်စီး တိမ်း‌မှောက်မှုဖြစ် ပွားခဲ့ပြီး ယာဉ်‌မောင်းဖြစ်သူ‌သေဆုံးကာ လူ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့‌ကြောင်း သိရသည်။

ဇွန် ၂၁ ရက်‌နေ့ည‌နေ ၅ နာရီအချိန်ခန့်က မြဝတီ-‌ကော့ကရိတ်အာရှလမ်း မိုင်တိုင်အမှတ် ၁၆ဝ ကီလိုမီတာနှင့် ကြား ကွမ်းခြံ‌ကွေ့ကုန်းဆင်းတွင် ‌ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံဆိပ်ကမ်း‌နေယာဉ်‌မောင်း ရဲလင်း‌အောင်(၂၈)နှစ်‌မောင်းနှင်ပြီးယာဉ်‌နောက်လိုက်‌ကျော်မိုးဦး(၂၇)နှစ်လိုက်ပါလာသည့်ယာဉ်အမှတ် 7D/9971 ဟွန်ဒိုင်းအမျိုးအစားအဖြူ‌ရောင် ၂၂ ဘီး တွဲကားယာဉ်သည်‌ပြောင်းဆန်များတင်‌ဆောင်လာပြီး အခင်းဖြစ်ရာအ‌ရောက်တွင်ဘရိတ်‌ပေါက်သွားကာလမ်း၏ယာဘက်ခြမ်းသို့ထိုးကျ၍ တိမ်း‌မှောက်သွားခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်း‌မှောက်မှု‌ကြောင့် ယာဉ်‌မောင်းဖြစ်သူ ရဲလင်း‌အောင်မှာ အခင်းဖြစ်‌နေရာတွင် ဦး‌ခေါင်းဒဏ်ရာဖြင့် ‌သေဆုံးသွားခဲ့ပြီးယာဉ်ထိုးကျ‌နေစဉ် ယာဉ်ပွတ်တိုက်မိသည့် လမ်း‌ဘေး‌ရေသန့်ဘူး‌ကောက်‌နေသူနှစ်ဦးအပါအဝင် ယာဉ်‌ပေါ်ပါသူများ စုစု‌ပေါင်း ၅ ဦး (မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိခဲ့သည်။

အဆိုပါ ယာဉ်တိမ်း‌မှောက်မှုဖြစ်စဉ်တွင် မြဝတီခရိုင်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်‌ဒွေး နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြဝတီယာဉ်ထိန်းတပ်ဖွဲ့စု ၇၃ မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြဝတီခရိုင်မီးသတ်တပ်ဖွဲ့ဝင်များမှအခင်းဖြစ်ရာ‌နေရာသို့ သွား‌ရောက်
စစ်‌ဆေးကြည့်ရှုစစ်‌ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယာဉ်အားကြံ့ခိုင်မှုမစစ်‌ဆေးဘဲမဆင်မခြင်‌မောင်းနှင်မှု‌ကြောင့်လမ်း‌ဘေးတိမ်း‌မှောက်ခဲ့ကာ လူ‌သေ
ဆုံး‌စေခဲ့ပြီး လူ ၅ ဦးထိခိုက်ဒဏ်ရာရ‌စေသည့် ယာဉ်‌မောင်းရဲလင်း‌အောင်(၂၈)နှစ်(ကွယ်လွန်) အားသဃင်္န်းညီ ‌နောင်ရဲစခန်းမှ ယာဉ်(ပ)၁ဝ/၂ဝ၂ဝ၊ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃ဝ၄(က)ဖြင့်အမှုဖွင့်အ‌ရေး
ယူထား‌ကြောင်း သိရသည်။