Home သတင်း မြဝတီမြို့ ညမထွက်ရအမိန့် ဇွန်လ ၃ဝ ရက်ထိ တိုးမြှင့်ထားပြီး ၂လအတွင်း အမိန့်ချိုး‌ဖောက်သူ ၈၀ဝ ‌ကျော်ဖမ်း မိ

မြဝတီမြို့ ညမထွက်ရအမိန့် ဇွန်လ ၃ဝ ရက်ထိ တိုးမြှင့်ထားပြီး ၂လအတွင်း အမိန့်ချိုး‌ဖောက်သူ ၈၀ဝ ‌ကျော်ဖမ်း မိ

3625
Photo: Nay Naw

ဇွန်လ ၁၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်အား ဇွန်လ ၁၇ ရက်မှ ၃ဝရက်‌နေ့အထိ ရက်တိုးမြှင့်ထားလိုက်သည်ဟု မြို့နယ်အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာနက ယ‌နေ့ အမိန့်ထုတ်ပြန်လိုက်သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မြဝတီမြို့တွင်း ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်မှ ‌မေလ ၁၅ ရက်‌နေ့ထိ ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ လည်း‌ကောင်း၊ ‌မေလ ၁၆ ရက်မှ ဇွန်လ ၁၆ ရက်‌နေ့ထိကို ည ၁၂ နာရီ မှ နံနက် ၄ နာရီအထိလည်း‌ကောင်း ထုတ်ပြန်ထားပြီး‌နောက် ယခုလို တတိယအကြိမ် ရက်တိုးမြှင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မူလ အမိန့် ထုတ်ပြန်ထားသည့် ဧပြီလ ၁၈ ရက်မှ ဇွန်လ ၁၆ ရက်‌နေ့ထိ ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိသူ များအား ညစဉ် ဖမ်းဆီးရမိခဲ့ရာ အမိန့်ချိုး ‌ဖောက်သူ ၈၆၁ ဦးဖမ်းဆီးရမိခဲ့‌ကြောင်း မြဝတီမြို့နယ် အုပ် ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက ‌ပြောသည်။

ထိုသို့ ဖမ်းဆီးရမိသူများအား တရားရုံးတွင် အမှုစွဲတင်ပြီး ဒဏ်‌ငွေ ၅ ‌သောင်း သို့မဟုတ် ဒဏ်‌ငွေမ‌ဆောင်နိုင်ပါက ‌ထောင်ဒဏ် ၁လ သတ်မှတ် ခဲ့ရာ ထိုထဲတွင် ဒဏ်‌ငွေ ၅ ‌သောင်းကျပ်‌ပေး‌ဆောင်သူ ၆၇၈ ဦး ရှိပြီး ‌ထောင်ဒဏ်ကျခံသူ ၁၈၃ ဦး ရှိ‌ကြောင်း မြို့နယ်အုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

Photo: Nay Naw

နိုင်ငံ‌တော်အစိုးရမှ ကိုဗစ်အ‌ရေး‌ပေါ်ကာလကို ဇွန်လ ၃ဝ ရက်‌နေ့ထိ သတ်မှတ်ထား၍ မြဝတီမြို့တွင် တစ်ချို့အ‌ကြောင်းအရာများကို ‌ဖြေ‌လျှော့ မှု‌ပေးထား‌သော်လည်း ညမထွက်ရ အမိန့်ကိုမူ ဇွန်လ ၃ဝ ရက်‌နေ့ထိ ထပ်မံတိုးမြှင့်ထားခြင်းဖြစ်သည်။

အဆိုပါ ညမထွက်ရအမိန်ထုတ်ပြန်သည့်ကာလအတွင်း နယ်‌မြေ လုံခြုံ‌ရေး အတွက် တပ်မ‌တော်၊ ရဲတပ်ဖွဲ့၊ နယ်ခြား‌စောင့်တပ်နှင့် မီးသတ်တပ်ဖွဲ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ဝင်များက အမိန့်ဆန့်ကျင်သူများကို ညစဉ် လှည့်လည် ဖမ်းဆီးခဲ့ပြီး ‌မေလ ၁၈ရက်မှ ဇွန်လ ၁၅ ရက်‌နေ့ထိ အမျိုးသား ၈၀၃ ဦး၊ အမျိုးသမီး ၅၈ဦး ဖမ်းဆီးရမိခဲ့ရာ မြို့နယ်တရားရုံးသို့ တရာစွဲတင်ခဲ့သည်။ ထိုသို့ ဖမ်းဆီး ရမိသူများတွင် မြို့တွင် အ‌ခြေတ ကျ‌နေထိုင်သည့် ‌ဒေသခံအနည်းစုဖြစ်ပြီး ခိုးဆိုးလုနှိုက်နှင့် ပျံကျအများစု ဖြစ်‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။