Home သတင်း ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်လိုသူများအတွက် ဆန္ဒပြုလွှာများ KPP စတင်‌တောင်းယူ

‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်လိုသူများအတွက် ဆန္ဒပြုလွှာများ KPP စတင်‌တောင်းယူ

2374

ဇွန် ၁၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်သူ့ပါတီ (KPP) က ‌ရွေး‌ကောက်ပွဲဝင်ပြိုင်လိုသူများအတွက် ဆန္ဒပြုလွှာများကို ဇွန် ၁၈ ရက်‌နေ့မှ စ၍ စတင် ‌တောင်းယူ‌နေပြီး ဖြစ်‌ကြောင်း ပါတီ ဒုဥက္ကဋ္ဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ဒီ‌နေ့က စ‌တောင်းလိုက်တယ်။ ဝင်‌ရောက်ယှဉ်ပြိုင်မယ့် သူ‌တွေရဲ့ ဆန္ဒပြုလွှာ ‌တောင်းထားတယ်။ ဝင်ပြိုင်ချင်တဲ့ ‌နေရာနဲ့ ဝင်ပြိုင်မယ့် သူ‌တွေကို‌ပေါ့။ ဇွန် ၃ဝ ရက်‌နေ့ အ‌ရောက်ပါတီ ဌာနချုပ်ကိုပို့‌ပေးဖို့ ‌တောင်းထားတယ်” ဟု ‌စော‌စေးဝါးက ‌ပြောသည်။

ကရင်ပြည်သူ့ပါတီ အ‌နေဖြင့် လာမည့် ပါတီစုံ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ၎င်းတို့၏ အမာခံနယ်‌မြေ ဖြစ်သည့် က ရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ် မဲဆန္ဒနယ်‌မြေများနှင့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ တနသင်္ာရီရှိ မဲဆန္ဒ နယ် ‌မြေအချို့တွင် ဝင်ပြိုင်ရန် ပြင်ဆင်မှုများပြုလုပ်‌နေ‌ကြောင်း သိရသည်။

KPP အ‌နေဖြင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ‌ခြောက်‌နေရာ၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် တစ်‌နေရာ အနိုင်ရရှိခဲ့သလို ပါတီဝင် အင်အား တစ်သိန်း‌ကျော်ရှိကာ ကရင်ပါတီများထဲတွင် ‌ရွေး‌ကောက်ပွဲနှစ်ကြိမ်ဆက် နိုင်ဖူးသည့် တစ်ခုတည်း‌သောပါတီဖြစ် သည်။ လာမည့် ‌ရွေး‌ကောက်ပွဲတွင် ထပ်မံအနိုင်ရ‌ရေးအတွက် ကရင်လူငယ်များ ဝိုင်းကူလုပ်ကိုင်‌ပေး‌နေ‌ကြောင်း KPP နှင့် ကရင်လူငယ်များထံမှ သိရသည်။