Home သတင်း သက်တမ်းကုန် MoU အလုပ်သမားများနှင့် ရာသီချိန်၊ ‌နေ့စားအလုပ်သမားများ ယာယီ‌နေထိုင် လုပ်ကိုင်ခွင့် ၂လ သက်တမ်းတိုး

သက်တမ်းကုန် MoU အလုပ်သမားများနှင့် ရာသီချိန်၊ ‌နေ့စားအလုပ်သမားများ ယာယီ‌နေထိုင် လုပ်ကိုင်ခွင့် ၂လ သက်တမ်းတိုး

2467

ဇွန်လ ၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံအစိုးရ၏ ယခုလ ၂ ရက်‌နေ့ ထုတ်ပြန်ချက်အရ ယခုနှစ် ‌မေလကုန်တွင် MOU ၄ နှစ် သက်တမ်းကုန် ဆုံးသွား‌သော ‌ရွှေ့‌ပြောင်းအလုပ်သမားများနှင့် နယ်စပ်ခရိုင်များရှိ နယ်စပ်ဖြတ်‌ကျော်လက်မှတ်ကိုင် ‌ဆောင် ထားသည့် ရာသီချိန်၊ ‌နေ့စား ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် ထိုင်းနိုင်ငံ၏ COVID-19 ‌ရောဂါထိန်းချုပ် ကာလအတွင်း ယာယီ‌နေထိုင်လုပ်ကိုင်ခွင့် ၂ လထပ်မံတိုးမြှင့်‌ပေးလိုက်သည်ဟု သိရသည်။

ယခင် ထိုင်းအစိုးရ၏ ‌ကြေညာချက်များအရ ကိုဗစ်အ‌ရေး‌ပေါ် ကာလအတွင်း ယခုနှစ် ‌မေလကုန်အထိ ယာယီ ‌နေထိုင် အလုပ်လုပ်ကိုင်ခွင့် ‌ပေးထားရာမှာ ထပ်မံပြုလုပ်သည့် ထိုင်းအစိုးရ၏ အစည်းအ‌ဝေး ဆုံးဖြတ်ချက်အရ ဇူလိုင်လ (၇ လပိုင်း) ကုန်အထိ ထပ်မံ၍ ယာယီ‌နေထိုင် အလုပ်လုပ် ကိုင်ခွင့်‌ပေးထား‌ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ၎င်းတို့လူမှုကွန်ရက် စာမျက်နှာတွင် ယ‌နေ့ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း ကိုဗစ်‌ရောဂါပိုး ကူးစက်ခံရမှု ‌လျော့နည်းလာခြင်း‌ကြောင့် ထိုင်းနိုင်ငံအဝှမ်း ‌ကြေညာ ထုတ်ပြန်ထားသည့် အ‌ရေး‌ပေါ်ကာလအမိန့်များကို ယခုဇွန်လ တစ်ရက်‌နေ့မှစ၍ တတိယ အဆင့်‌ဖြေ‌လျှော့ ‌ပေးမှုထုတ်ပြန်ခဲ့ပြီး ခရိုင်ဖြတ်‌ကျော်ခွင့်အပါအဝင် လုပ်ငန်းခွင်တချို့နှင့် အားကစား‌လေ့ကျင့်ခန်းများ၊ ပွဲလမ်း သဘင်များကို အချိန်အကန့်အသတ်ဖြင့် ခွင့်ပြု‌ပေးထားသည့်အပြင် ညမထွက်ရ Curfew အမိန့်ကိုလည်း ယခင်ထက် တစ်နာရီ‌လျော့နည်း ‌ဖြေ‌လျှော့‌ပေးထား‌ကြောင်း‌ဖော်ပြပါရှိသည်။

ထိုသို့ အ‌ရေး‌ပေါ်ကာလ ‌ကြေညာချက်အမိန့်အချို့ ပြန်လည်‌ဖြေ‌လျှော့‌ပေးမှု ပြုလိုက်‌သော်လည်း ထိုင်းအစိုးရ၏ ‌ကြေညာချက်အရ ယ‌နေ့ ဇွန်လ ၄ရက်‌နေ့အထိ ထိုင်းနိုင်ငံအတွင်း ကိုဗစ်‌ရောဂါပိုး ကူးစက်ခံရသူ အသစ် ၁၇ဦး ထပ်မံ‌တွေ့ရှိ‌သေး‌ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှုအရ ‌မေ ၂၂ ရက်‌နေ့တွင် စတင်ခဲ့သည့် ကိုဗစ် အ‌ရေး‌ပေါ် ကာလအတွင်း မဖြစ်မ‌နေ ‌နေရပ်ပြန်မည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် ‌နေရပ်ပြန်နိုင်‌ရေးအထူး အစီအစဉ်အရ ဘတ်စ်ကားဖြင့် ဇွန်လ ၂ ရက်‌နေ့အထိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား (၄,၅၇၅)ဦးကို ပြန်ပို့ ‌ဆောင်ခဲ့ပြီး ဖြစ်‌ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ဆိုသည်။

ထို့အပြင် လက်ရှိတွင် ‌နေရပ်ပြန်လိုသူနည်းပါးသွားပြီဖြစ်၍ ယခုရက်သတ္တပတ်အတွင်း ယခင် ဘတ်စ်ကား ‌နေ့စဉ်‌ပြေးဆွဲမှုမှ ယမန်‌နေ့ ဇွန်လ ၃ရက်‌နေ့နှင့် ဇွန်လ ၅ရက်‌နေ့တွင်သာ ‌ပြေးဆွဲသွားမည်ဖြစ်သည်။ ယ‌နေ့ ဇွန်လ ၄ ရက်‌နေ့တွင် ‌ပြေးဆွဲ‌ပေးမည်မဟုတ်သလို လာမည့် ရက်သတ္တပတ်များမှစ၍လည်း အပတ်စဉ် အဂင်္ါ‌နေ့ နှင့် ‌သောကြာ ‌နေ့များတွင်သာ ‌ပြေးဆွဲ‌ပေးမည်ဖြစ်ရာ စာရင်း‌ပေးလက်မှတ်ဝယ်သူအမည်စာ ရင်းကိုလည်း ၎င်းရက်များ မတိုင်ခင် ‌ကြေညာ‌ပေးသွားမည်ဖြစ်‌ကြောင်း အလုပ်သမားသံအရာရှိရုံးက ယမန်‌နေ့ ထုတ်ပြန် ထားသည်။

ဇွန်လ ၃ ရက်‌နေ့အထိ ထိုင်းနိုင်ငံအတွင်း ကိုဗစ်‌ရောဂါပိုး ကူးစက်ခံရသူ (၃,၁၀၁)ဦးရှိပြီး ပြန်လည်‌ကောင်းမွန် လာသူ (၂,၉၆၈) ဦးရှိကာ ထပ်မံ‌သေဆုံးသူ အသစ် မရှိ‌သေးဘဲ စုစု‌ပေါင်း‌သေဆုံးသူ ယခင် (၅၈) ဦးအတိုင်း သာရှိ‌ကြောင်း ထိုင်းအစိုးရ၏ ‌ကြေညာချက်အရ သိရသည်။