Home သတင်း ဒီမိုက‌ရေစီအ‌ရေးနှင့် တိုင်းရင်းအ‌ရေး တက်ကြွလှုပ်ရှားသူ ‌နော်အုန်းလှ ရန်ကုန်ကရင့်‌ရေးရာ ဝင်ပြိုင်မည်

ဒီမိုက‌ရေစီအ‌ရေးနှင့် တိုင်းရင်းအ‌ရေး တက်ကြွလှုပ်ရှားသူ ‌နော်အုန်းလှ ရန်ကုန်ကရင့်‌ရေးရာ ဝင်ပြိုင်မည်

2909

ဇွန် ၁၇ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ဒီမိုက‌ရေစီအ‌ရေး၊ လူ့အခွင့်အ‌ရေးနှင့် တိုင်းရင်းသားအ‌ရေး တက်ကြွလှုပ်ရှားသူ ‌နော်အုန်းလှသည် လာမည့် ပါတီစုံ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာကို ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီပါတီ(UNDP) ကိုယ်စားပြု ဝင်ပြိုင်သွားမည်ဟု သူမက ‌ကေအိုင်စီသို့ ဇွန် ၁၇ ရက်‌နေ့တွင် အတည်ပြု ‌ပြောသည်။

“ ပါတီက တာဝန်‌ပေးလို့ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာ မဲဆန္ဒနယ် ဝင်ပြိုင်မယ်။ ကရင်လူမျိုး‌တွေ အခွင့် အ‌ရေး အပြည့်အဝရဖို့၊ တန်းတူအခွင့်အ‌ရေးရှိဖို့ လုပ်‌ဆောင်ချင်လို့ အခုလို ဝင်ပြိုင်တာဖြစ်ပါတယ်” ဟု ‌နော်အုန်းလှက ‌ပြောသည်။

၎င်းသည် ၁၉၈၈ ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံတွင် စတင်ပါဝင်ပြီး‌နောက် နိုင်ငံ‌ရေး‌လောကသို့ ဝင်‌ရောက်လာသူ ဖြစ်သည်။ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) တွင် ရပ်‌ကျေးအဆင့်မှ ဗဟို အမျိုးသမီးအဆင့်ထိ တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်လွတ်‌မြောက်‌ရေးအတွက် ‌ရွှေတိဂုံဘုရားတွင် ဆု‌တောင်းပွဲပြုလုပ်ရာ ပါတီစည်းကမ်းနှင့် မညီသည့်အတွက် NLD က ပါတီဝင်အဖြစ်မှ သူမအား ၂၀၀၅ ခုနှစ်တွင် ထုတ်ပယ်ခဲ့‌ကြောင်း သိရသည်။

သူမသည် နိုင်ငံ‌ရေး‌လောကသို့ စတင်ဝင်‌ရောက်ခဲ့ချိန်ကတည်းက ၂၁ ကြိမ် အဖမ်းခံခဲ့ရဖူးပြီး ‌ထောင် ၁၁ ကြိမ် ကျခံရထားသည်။ ထိုထဲတွင် ၂၀၁၉ ခုနှစ် ဩဂုတ် ၁၁ ရက်‌နေ့တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံ‌ရှေ့၌ ကရင့် အာဇာနည်‌နေ့ ပြုလုပ်သည့်အတွက် ‌ထောင် ၁၅ ရက် ကျခဲ့မှုဖြစ်စဉ်တွင် ကရင်တိုင်းရင်းသားများက သူမ အ‌ပေါ် အား‌ပေးဝန်းရံမှု များစွာရရှိခဲ့သည်။

ထို့အပြင် သူမသည် နိုင်ငံ‌ရေး တက်ကြွလှုပ်ရှားသူအဖြစ် ရပ်တည်ခဲ့‌သော်လည်း ၂၀၁၉ ဧပြီ ၅ ရက်‌နေ့တွင် ပြုလုပ်သည့် UNDP ပါတီတည်‌ထောင်‌ရေး ‌ဆွေး‌နွေးပွဲတွင် ပါတီနိုင်ငံ‌ရေးပြန်လုပ်မည်ဟု ‌ကေအိုင်စီသို့ သီးခြား ‌ပြောဆိုခဲ့ဖူးသည်။

၎င်းက“လက်ရှိ ပြုပြင်‌ပြောင်းလဲ‌ရေးလုပ်ငန်းစဉ်က ပါတီပြင်ပနိုင်ငံ‌ရေးနဲ့လုပ်တဲ့အခါ မလွယ်ကူတာ‌တွေရှိတယ်။ ဒါ‌ကြောင့် ပါတီနိုင်ငံ‌ရေးပြန်လုပ်ဖို့ ရည်ရွယ်တယ်။ ပူး‌ပေါင်းမဲ့ပါတီက‌တော့ အခု ၉ဝ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်များအဖွဲ့က တည်‌ထောင်မယ့်ပါတီမှ ဝင်‌ရောက်လုပ်ကိုင်ဖို့ ရည်ရွယ်ထားတယ်” ဟု ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌နော်အုန်းလှသည် ၁၉၉ဝ အမတ်များ တည်‌ထောင်ထားသည့် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီပါတီ(UNDP)တွင် အ‌ထွေ‌ထွေအတွင်း‌ရေးမှူးတာဝန်ယူထားသူ ဖြစ်သည်။