Home သတင်း ထိုင်းတွင် ခရိုင်ဖြတ်‌ကျော်သွားလာခွင့် အပါအဝင် ‌ဖြေ‌လျှော့မှုများ ပြုလုပ်

ထိုင်းတွင် ခရိုင်ဖြတ်‌ကျော်သွားလာခွင့် အပါအဝင် ‌ဖြေ‌လျှော့မှုများ ပြုလုပ်

2416

ဇွန် ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၏ COVID-19 ကူးစက်‌ရောဂါ တိုက်ဖျက် ကာကွယ်‌ရေး စီမံခန့်ခွဲမှု ဗဟိုဌာန (CCSA)မှ ထုတ်ပြန် ထားသည့် အ‌ရေး‌ပေါ်ကာလ အမိန့်များအနက် ခရိုင်ဖြတ်‌ကျော်သွားလာခွင့်အပါအဝင် တတိယအကြိမ် ‌ဖြေ‌လျှော့မှုကို ယ‌နေ့ ဇွန် ၁ ရက်တွင် စတင်အသက်ဝင်ပြီးဖြစ်‌ကြောင်း ထိုင်းအစိုးက ထုတ်ပြန်ထားသည်။

အဆိုပါ တတိယအဆင့်အ‌ဖြေ‌လျှော့‌ပေးမှုတွင် ယခင် အ‌ရေး‌ပေါ်ကာလ ညမထွက်ရ အမိန့် (Curfew)ကို ည ၁၁ နာရီမှ နံနက် ၄ နာရီ အစား ဇွန် ၁ ရက်‌နေ့မှစပြီး ည ၁၁ နာရီမှ နံနက် ၃ နာရီအတွင်းသာ ကန့်သတ် ထားပြီး အစိုးရ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ခရိုင် ဖြတ်‌ကျော်သွားလာနိုင်ခွင့် ရှိ‌ကြောင်း ‌ဖော်ပြ ပါရှိသည်။

ထို့အပြင် ကုန်တိုက်များကို ည (၉)နာရီအထိ ဖွင့်လှစ်ခွင့်‌ပေးမည်ဖြစ်သလို အရက်၊ ဘီယာများကိုလည်း ဆိုင်ထိုင်‌သောက်ခွင့် မပြု‌သေး‌သော်လည်း အိမ်သယ်‌ဆောင်‌သောက်သုံးခွင့် ပြုလိုက်သည်။ လူအများစု‌ဝေး ကစားရသည့် GYM၊ ‌ဘောလုံး၊ ‌ဘောလီ‌ဘော၊ ဘတ်စ်ကတ်‌ဘော၊ ဘိုးလင်း၊ စကိတ်၊ ဂျက်စကီ၊ အဆိုအက၊ ‌ရေလွှာ‌လျှောစီးစသည့် ကစားကွင်းများကို ပြန်လည် ဖွင့်ခွင့်ပြုထားသည်။

အလားတူ ရုပ်ရှင်ရုံများကို လူ၂၀ဝ ဦးထက်မပိုဘဲ ပြန်ဖွင့်ခွင့်ပြုထားသလို ဆံသဆိုင်များ၊ အလှပြင်ဆိုင်များ၊ အနှိပ်ခန်းများကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီး မျက်နှာထိ‌တွေ့ ကိုင်တွယ်ရသည့် ဝန်‌ဆောင်မှုများမှ လွဲ၍ ကျန်ဝန်‌ဆောင်မှုများ‌ပေးနိုင်‌ကြောင်း ‌ချွေးထုတ်‌ပေါင်းသည့် ဝန်‌ဆောင်မှုမျိုးကို ဆက်တားမြစ်ထားသည်။

၎င်းအပြင် ကုန်စည်ပြပွဲများ၊ အစည်းအ‌ဝေးပွဲများနှင့် ပွဲလမ်းသဘင်များကို စတုရန်းမီတာ နှစ်‌သောင်း‌ပေါ်တွင် ည ၉ နာရီအထိ ပြုလုပ်ခွင့်ပြုလိုက်သည်။ တိရိစာ္ဆန်ဥယျာဉ်နှင့် တိရိစာ္ဆန်ပြပွဲများကိုလည်း ပြန်ဖွင့်ခွင့်ပြုထား သည်။ ထို့အပြင် စာသင်‌ကျောင်းများနှင့် ပညာ‌ရေးဌာနအသီးသီးရှိ စာသင်ခန်းများကို ဝင်ခွင့်‌ဖြေဆိုခြင်းနှင့် ကာလတို သင်တန်းပို့ချခြင်းများအတွက် အသုံးပြုခွင့်ပြုထားပြီး အားကစားနှင့် အသက်‌မွေးဝမ်း‌ကျောင်း ဆိုင်ရာ သင်ကြားပို့ချခြင်းမှလွဲ၍ အခြားကဏ္ဍများကို ပုံမှန်ဖွင့်လှစ်ခွင့် မပြု‌သေး‌ကြောင်း သိရသည်။

ကုန်း‌ကြောင်း၊ ‌လေ‌ကြောင်းလိုင်းနှင့် ‌ရေ‌ကြောင်းလိုင်းဖြင့် နိုင်ငံဖြတ်‌ကျော် ခရီးသွားလာခြင်းကို မူလအတိုင်း ဆက်လက်ထားရှိ‌သေး‌ကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင် ဇွန် ၁ ရက်‌နေ့တွင် COVID-19 ကူးစက်ခံရသူ အသစ်တစ်ဦး ထပ်မံ‌တွေ့ရှိပြီး ယ‌နေ့အထိ ကူးစက်ခံရသူ‌ပေါင်း ၃,၀၈၂ ဦးရှိကာ ၅၇ ဦး ‌သေဆုံးခဲ့‌ကြောင်း ထိုင်း အစိုးရက ထုတ်ပြန်ထားသည်။