Home အမြင်သဘောထား တိုင်းရင်းသားအ‌ရေးကျွမ်းကျင်သူ ဦး‌မောင်‌မောင်စိုး၏ အမြင်သ‌ဘောထား

တိုင်းရင်းသားအ‌ရေးကျွမ်းကျင်သူ ဦး‌မောင်‌မောင်စိုး၏ အမြင်သ‌ဘောထား

4921

“တိုက်ပွဲဖြစ်ပွားတာ‌တွေကို ‌လျှော့ချဖို့ဆိုရင်‌တော့ တပ်‌နေရာချထား‌ရေးနဲ့ပတ်သက်ပြီး‌တော့ ရှင်းရှင်းလင်းလင်းဖြစ်‌အောင် အရင် ညှိနှိုင်း‌ဆွေး‌နွေးဖို့လိုတယ်” တိုင်းရင်းသားအ‌ရေးကျွမ်းကျင်သူ ဦး‌မောင်‌မောင်စိုး

NCA အပစ်ရပ် လက်မှတ်‌ရေးထိုးထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာ့ တပ်မ‌တော် တို့အကြားတွင် ယခုတ‌လော နှစ်ဖက်ပစ်ခတ်မှုများ ခပ်စိပ်စပ် ပြန်လည်ဖြစ်ပွားလာခြင်း‌ကြောင့် ငြိမ်းချမ်း‌ရေး လုပ် ငန်းစဉ်၏ ‌ရှေ့အလားအလာနှင့်ပတ်သက်ပြီး တိုင်းရင်းသားအ‌ရေး ကျွမ်းကျင်သူ ဦး‌မောင်‌မောင်စိုး၏ အမြင်သုံး သပ်ချက်ကို ‌ဖော်ပြလိုက်ပါသည်။

အဓိက KNU နဲ့ ဖြစ်‌နေတဲ့ ပြဿနာက တပ်‌နေရာချထား‌ရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့ မရတာပဲ။ မရတဲ့အတွက်‌ကြောင့်မို့လို့ ၂၀၁၈ နှစ်ကုန်ကတည်းက UPDJC( ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု ပူးတွဲ‌ကေ်ာမတီ) က‌ကော ၊ JMC (ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ) က‌ကော KNU နုတ်ထွက်ခဲ့တာ ရှိတယ်။ ၂၀၁၉ တစ်နှစ်လုံးလည်း မညှိနှိုင်းနိုင်ဘူး။ ၂၀၂ဝ နှစ်ဆန်းမှာ UPDJC ပြန်စ‌ပေမဲ့ JMC ပြန်မစနိုင်ဘူး။ KNU အ‌နေနဲ့လည်း တပ်‌နေရာချထား‌ရေးနဲ့ ပတ်သက်ပြီး နှစ်ဖက်‌ခေါင်း‌ဆောင်‌တွေ ‌ဆွေး ‌နွေးပြီးမှ JMC တက်မယ်ဆိုပြီး လက်ခံထားတယ်လို့ ကြားရတယ်။ ဒီက‌နေ့အထိက JMC က မလုပ်နိုင်ဘူး။ အခု UPDJC တို့ အမျိုးသားညီလာခံ ကျင်းပ‌ရေးကို ဆက်ညှိ‌နေတယ်လို့ ဆို‌တောင်မှ JMC နဲ့ ပတ်သက်လို့ ညှိနှိုင်းတယ်ဆိုတာ ဘာမှ မရှိဘူး။

အဲ့‌တော့ KNU နဲ့ တပ်မ‌တော်ကြားက ဖြစ်‌နေတဲ့ ပြဿနာက ဘာလဲဆို‌တော့ NCA လက်မှတ် ထိုးပြီးသား ဖြစ်‌သော်လည်းပဲ တပ်‌နေရာချထား‌ရေးနဲ့ ပတ်သက်လို့ ‌လော‌လောဆယ်မှာ မ‌ဖြေရှင်းနိုင်ဘူး။ တကယ်တမ်း ဒီကိစ္စ‌တွေ တိုက်ပွဲဖြစ်ပွားတာ‌တွေကို ‌လျှော့ချဖို့ဆိုရင်‌တော့ တပ်‌နေရာ ချထား‌ရေးနဲ့ ပတ် သက်ပြီး‌တော့ ရှင်းရှင်းလင်းလင်းဖြစ်‌အောင် အရင်ညှိနှိုင်း‌ဆွေး‌နွေးဖို့လိုတယ်။ အဲ့ဒါ မညှိနှိုင်းနိုင်သ၍‌တော့ တိုက်ပွဲ ဖြစ်ပွား‌နေမှာပဲ။

Photo: The Irrawaddy

ပြဿနာက NCA ထိုးထားတယ်ဆို‌ပေမဲ့ NCA ထဲမှာပါတဲ့ အချက်အလက်‌တွေနဲ့ ပတ်သက်ပြီး‌တော့ အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်‌ယောက်နဲ့ တစ်‌ယောက် မတူဘူးဗျာ။ ခုဏလို တပ်‌နေရာ ချထား‌ရေးနဲ့ ပတ်သက် တာလို့ တပ်အင်အားတိုးချဲ့‌ရေးနဲ့ ပတ်သက်တာတို့ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ရေးနဲ့ ပတ်သက်တာ တို့ အစရှိတာ‌တွေ တစ်ဖက်နဲ့တစ်ဖက် အဓိပ္ပာယ်ဖွင့်ဆိုချက်‌တွေက မတူဘူး။ အဲ့လို အဓိပ္ပာယ် ဖွင့်ဆိုချက်‌တွေ မတူဘူး၊ ကွဲလွဲမှု‌တွေ ရှိမယ်ဆိုရင်‌တော့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်က ‌နောက်ကိုပြန်‌ရောက်သွားနိုင်တာ‌ပေါ့။ ဒါ‌ပေမဲ့ ‌လော‌လောဆယ်‌တော့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ‌နောက်ပြန်မ‌ရောက်‌အောင်‌တော့ ကြိုးစားပြီး‌တော့ ထိန်း‌နေကြတာပဲ။ သို့‌သော်လည်းပဲ စစ်‌ရေးပဋိပက္ခ‌တွေ တိုးလာရင်‌တော့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်‌တွေ ထိခိုက်နိုင်ပါတယ်။

ပြဿနာက တဖြည်းဖြည်း ကြီးမားလာတယ်။ ဒီ KNU တပ်မဟာ (၅) ၊ တပ်မဟာ (၇)ထဲမှာ ။ ပြဿ နာ‌တွေက ကြီးထွားလာတယ်၊ လူထုကိုလည်း ထိခိုက်မှု‌တွေရှိလာတယ်ဆိုရင်‌တော့ ဒါက ကရင်လူထု အ‌နေနဲ့ က NCA နဲ့ ပတ်သက်လို့ အယုံအကြည်ကင်းမဲ့လာမှာပဲ။ ဒီအ‌ခြေအ‌နေပဲ ဖြစ်လာမှာပဲ။ ဒီအမြင်မျိုးဖြစ် လာတာ‌တော့ သိပ်မထူးဆန်းဘူးလို့ ထင်ပါတယ်။

‌လော‌လောဆယ်က ငြိမ်းချမ်း‌ရေး အလားအလာက‌တော့ သိပ်မ‌ကောင်းဘူး။ ဆိုလိုတာက ရခိုင်နဲ့ ‌မြောက်ပိုင်း‌တွေမှာက ရခိုင်မှာ စစ်ပွဲက ပိုပြီးပြင်းထန်‌နေပြီး ‌လျော့ကျဖို့ မရှိသလို ‌မြောက်ပိုင်းမှာကလည်း ဒီလ ဆန်းကစပြီး ‌တောက်‌လျှောက်ဖြစ်‌နေတာ‌လေ။ တိုးလာမယ့် အလားအလာရှိ‌နေတယ်။ အဲ့‌တော့ NCA အဖွဲ့‌တွေ နဲ့ ငြိမ်းချမ်း‌ရေး ညီလာခံလုပ်တယ်ဆိုတာကလည်း ငြိမ်းချမ်း‌ရေး ညီလာခံဆိုတာက ‌နောက်အစိုးရ လက် ထက်ကို အစိုးရ အ‌ပြောင်းအလဲ၊ တပ်မ‌တော်‌ခေါင်း‌ဆောင် အ‌ပြောင်းအလဲ ရှိ‌နေတဲ့အချိန်မှာ ဒီငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ‌နောက်အစိုးရ လက်ထက်မှာ ဆက်ပြီး လုပ်‌ဆောင်လို့ရ‌အောင် လက်လွဲလို့ရတဲ့ သ‌ဘော တူညီချက်မျိုးလုပ်ဖို့ ‌လောက်ပဲရှိတယ်။ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်က ‌နောက် ၂၀၂၀-၂၀၂၁ ‌နောက်အစိုးရ တက်တဲ့အထိက‌တော့ အ‌ပြောင်းအလဲ သိပ်ရှိမှာမဟုတ်ဘူး ထင်ပါတယ်။