Home သတင်း ကရင်ပြည်နယ်တွင် စာသင်‌ကျောင်း ၁၆၅ ‌ကျောင်း အဆင့်တိုးမြှင့်သတ်မှတ်

ကရင်ပြည်နယ်တွင် စာသင်‌ကျောင်း ၁၆၅ ‌ကျောင်း အဆင့်တိုးမြှင့်သတ်မှတ်

2475

ဇွန်လ ၁၉ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အ‌နေဖြင့် စာသင်‌ကျောင်း ၁၆၅ ‌ကျောင်းကို အ‌ခြေခံ ပညာဦးစီးဌာနမှ အဆင့်တိုးမြှင့်သတ်မှတ်လိုက်‌ကြောင်း ပြည်နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

မူလတန်း‌ကျောင်းခွဲ ၁၈ ‌ကျောင်း၊ မူလွန် ၂၉ ‌ကျောင်း၊ အလယ်တန်း‌ကျောင်းခွဲ ၃၂ ‌ကျောင်း၊ အထက် တန်း‌ကျောင်းခွဲ ၂၉ ‌ကျောင်း၊ မူလတန်း(အမက) ၂၃ ‌ကျောင်း၊ အလယ်တန်း(အလက) ၂၈ ‌ကျောင်းနှင့် အထက်တန်း( အထက) ၆ ‌ကျောင်းကို အဆင့်တိုးမြှင့်သတ်မှတ်လိုက်သည်ဟု ကရင်ပြည်နယ် ပညာ‌ရေးမှူးဦး‌ငွေစိုးက ယမန်‌နေ့(ဇွန်လ ၁၉ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

“စုစု‌ပေါင်း ၁၆၅ ‌ကျောင်းအဆင့်တိုးမြှင့်သွားတယ်။ ‌ဒေသအတွက် က‌လေး‌တွေ ပညာသင်ကြားမှု အလွယ်တ ကူ ရရှိနိုင်ဖို့‌ပေါ့‌နော်။ ခက်ခဲတဲ့‌ဒေသ‌တွေမှာ ဆက်လက်ပညာသင်ယူခွင့် အခွင့်အလမ်း‌တွေကို တိုင်းရင်းသား တိုင်း၊ နိုင်ငံသားတိုင်း ရ‌စေချင်တဲ့ ‌စေတနာနဲ့ ‌ကျောင်းအဆင့်‌တွေ တိုး‌ပေးလိုက်တာ‌ပေါ့‌နော်” ဟုုု ပြည်နယ် ပညာ‌ရေးမှူး ဦး‌ငွေစိုးက ‌ပြောသည်။

ယခုနှစ် ပညာသင်နှစ်တွင် နိုင်ငံအတွင်း ကိုဗစ်ကပ်‌ရောဂါဖြစ်ပွား‌နေသည့်အတွက် လာမည့်ဇူလိုင် ၂၁ ရက် ‌နေ့မှသာ အထက်တန်း‌ကျောင်းကို စတင်ဖွင်လှစ်သင်ကြားသွားမည်ဖြစ်သည်။ ထို့အပြင် ကိုဗစ် ‌ရောဂါ ပြန့်ပွားကူးစက်မှု အ‌ခြေအ‌နေအရ အလယ်တန်း၊ မူလတန်း‌ကျောင်းများကိုလည်း တဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်သွားမည်ဟု ပြည်နယ်ပညာ‌ရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

“ကျ‌နော်တို့‌နေရာက အခက်အခဲရှိတယ်။ အခုလို အထက်တန်း‌ကျောင်းတိုးမြှင့်ခံရ‌တော့ က‌လေး‌တွေ အထက် တန်းပညာရပ်‌တွေ ပိုပြီးဆည်းပူးသင်ယူနိုင်မှာ‌ပေါ့‌နော်။ အရင်နှစ်က ‌ကျောင်းမှာ နဝမတန်းအထိပဲ ရှိတယ်။ အနန်းကွင်း အထက‌ကျောင်းမှာ သွားရတယ်‌ပေါ့‌နော်။ ကိုယ့်‌ကျောင်း အထကဖြစ်သွား‌တော့ ‌ကျောင်ရဲ့ ပညာ ‌ရေး‌ဆောင်ရွက်မှု‌တွေ ပိုမိုလုပ်‌ဆောင်နိုင်လာမယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျောက်ဘီလူးရွာ အထက် တန်း‌ကျောင်းအုပ် ဆရာဦးဝင်းထွဋ်‌အောင်က ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်ပြည်နယ်ရှိ မြို့နယ် ၇မြို့နယ်ထဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း‌ကျောင်း‌ပေါင်း ၁,၈ဝဝ ‌ကျော်ရှိပြီး ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင်လည်း ‌ကျောင်း‌ပေါင်း ၂၄၃ ‌ကျောင်း အဆင့်တိုးမြှင့်ခဲ့သည်ဟု ပညာ‌ရေးဌာနမှ သိရသည်။