Home သတင်း ကရင်‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေး ‌ရွေး‌ကောက်ပွဲပြန်ဝင်ရန် ‌လျှောက်လွှာတင်ထားပြီဖြစ်

ကရင်‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေး ‌ရွေး‌ကောက်ပွဲပြန်ဝင်ရန် ‌လျှောက်လွှာတင်ထားပြီဖြစ်

3285

ဇွန်လ ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ပဲခူးတိုင်း‌ဒေသကြီး၏ လက်ရှိ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးသည် အဆိုပါ ‌နေရာအတွက် လာမည့် ‌ရွေး‌ကောက်ပွဲတွင် ပြန်အ‌ရွေးခံရန် ‌လျှောက်လွှာတင်ထားပြီးဖြစ်‌ကြောင်း ‌ကေ အိုင်စီသို့ ဇွန် ၂၃ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

“‌လျှောက်လွှာ‌တော့ တင်ထားပြီးပါပြီးလို့။ ‌ရွေး‌ကောက်ပွဲက မ‌ရောက်‌သေးဘူးဆို‌တော့‌လေ တကယ် လို့ ‌ရွေး‌ကောက်ခွင့်ရခဲ့ရင်‌တော့ ကရင်‌တွေအတွက် လိုအပ်တဲ့‌နေရာမှာ အကုန်လုံး လိုက်လုပ်‌ပေးမယ် ‌ပေါ့‌နော်။ ”ဟု ဝန်ကြီး ‌နော်ပွယ်‌စေးက ‌ပြောသည်။

ထို့အပြင် ၂၀၂ဝ ခုနှစ်‌ရွေး‌ကောက်ပွဲတွင် ပြန်လည်‌ရွေး‌ကောက်ခံရပါက ကရင်လူမျိုးများ၏ စာ‌ပေယဉ် ‌ကျေးမှုများ တိုးတက်ရန်၊ လမ်း၊ တံတားစသည့်‌ဒေသဖွံ့ဖြိုး‌ရေးများကိုလည်း ယခုထက်မက ‌ဆောင် ရွက်နိုင်ရန် ကြိုးစားသွားပါမည်ဟုလည်း ဝန်ကြီး‌နော်ပွယ်‌စေးက ဆက်‌ပြောသည်။

ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီးတာဝန်ယူခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂ဝ ခုနှစ်အ‌တောအတွင်း တိုင်းရင်းသားများဒုက္ခ‌ရောက်‌နေသည်ကို အကူအညီ‌တောင်းစရာမလိုဘဲ သိသည်နှင့်တစ်ပြိုင်နက် သွား‌ရောက်ကူညီ‌ပေးခဲ့‌ကြောင်းလည်း ဝန်ကြီး‌နော်ပွယ်‌စေးက ‌ပြောသည်။

၂၀၁၉ ခုနှစ်တွင် ဒိုက်ဦးမြို့နယ်မှ ကျပ်တစ်‌သောင်းတန် ‌ငွေစက္ကူအတု ကိုင်‌ဆောင်မှုဖြင့် တရားရင် ဆိုင်ခဲ့ရသူ ‌နော်‌သောသွဲ့ထူး၏အမှု ကွင်းလုံးကျွတ် လွတ်‌မြောက်ရန်အပြင် အခြား‌ဒေသဖွံ့ဖြိုး‌ရေး လုပ်ငန်းများကိုလည်း ဝန်ကြီး ‌နော်ပွယ်‌စေးမှ ဦး‌ဆောင်ကူညီ လုပ်‌ဆောင်‌ပေးခဲ့သည်ဟု သိရသည်။

ပဲခူးတိုင်း၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဘဏ္ဍာ‌ရေးမှူး ‌စော‌ကျော်‌အောင်က “ကျ‌နော်တို့ ဝန် ကြီးက တကယ်ကြိုးစား‌ပေးလို့ အသိအမှတ်ပြုဂုဏ်ယူပါတယ်။ ဒါ‌ပေမယ့် ကရင်လူမျိုး‌တွေအတွက် ကရင်ပါတီ‌တွေကပဲ လုပ်‌ဆောင်‌စေချင်တယ်။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်ပြည်နယ်ပြင်ပ မွန်ပြည်နယ်၊ တနသင်္ာရီ၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့တွင် လက်ရှိ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ၅ ဦးရှိပြီး ၎င်းတို့ အားလုံးသည် NLD ပါတီဝင်များ ဖြစ် သည်။

မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့၏ လက်ရှိ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီးများ ဖြစ်သည့် ‌စော‌အောင်မြင့်ခိုင်နှင့် ‌နော်ပန်းသဉ်ဇာမျိုးတို့သည် အဆိုပါ ‌နေရာများအတွက် လာမည့် ‌ရွေး‌ကောက်ပွဲတွင် ပြန်အ‌ရွေးခံ‌တော့မည်မဟုတ်‌ကြောင်း ‌ကေအိုင်စီသို့ ဇွန် ၁၅ ရက်‌နေ့တွင် အတည်ပြု‌ပြောဆိုခဲ့‌သေးသည်။

NLD အပြင် အခြားတစ်ဖက်တွင် ကရင်ပါတီ ၄ ပါတီဖြစ်သည့် ကရင်ပြည်နယ်အ‌ခြေစိုက် KNDP နှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုး သားပါတီ(KNP) တို့လည်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲဝင်သွားမည်ဟု သိရသည်။