ဇွန် ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် -၂ တံတားမှတဆင့် ဇွန်လ ၈ ရက်နေ့က ထိုင်းနိုင်ငံ I.D.C အချုပ် ထောင်မှ လွှဲပြောင်းပို့ဆောင်ခဲ့သည့် နေရပ်ပြန် Covid-19 အတည်ပြုလူနာ၂၃ ဦးနှင့် မြဝတီနယ်စပ်-BCF ဇုန်တွင် ထိတွေ့မှုရှိခဲ့သူ ၁၅ ဦးထိရှိရာ ၎င်းတို့အား Quarantine ထားရှိပြီး တို့ဖတ်နမူနာယူကာ ရန်ကုန်ကျန်းမာရေးဌာန အမျိုးသားဗဟိုဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ (ဇွန်လ ၁၉ ရက်) နံနက် ၈ နာရီ အချိန်ခန့်က သတင်းထုတ်ပြန်ပြီးနောက် မြဝတီနယ်စပ် BCF ဇုန်တွင် ၎င်းတို့နှင့် ထိတွေ့ခဲ့သည်ဟုယူဆရသူများကို မြဝတီမြို့ အမှတ် ၄ ရပ် ကွက်ရှိ အေး ချမ်းဖြိုးရိပ်သာတွင် Quarantine ထားရှိကာ ယနေ့ ၎င်းတို့၏ တို့ဖတ်နမူနာယူပြီး ရန်ကုန်ကျန်းမာရေးဌာန အမျိုး သားဗဟိုဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဟု မြဝတီခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း က ပြော သည်။
“ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထိုင်း နှင့် မလေးရှားပြန် ကိုဗစ် အတည်ပြု လူနာ ၂၃ ဦးဟာ ထိုင်း နိုင်ငံဘန်ကောက်မြို့ IDC အချုပ်ထောင်မှာ ပြစ်ဒဏ်ကျပြီး မြဝတီ-မဲဆောက် အမှတ် ၂ တံတားမှတဆင့် မြဝတီ နယ်စပ် BCF ဇုန်သို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက ထိုင်းဘက်ခြမ်းမှ လာရောက် လွှဲပြောင်းပေးသည့် ၃၅ ဦးထဲက ဖြစ်ပါတယ်။ သူတို့ကို မြဝတီ B.C.F ဇုန်မှာ သီးသန့်ခွဲထား၍ စနစ်တကျလက် ခံခဲ့ပြီး ဖားအံမြို့နယ်၊ မူးယစ်ဆေးဖြတ်စခန်းက Quarantine Center ကို တိုက်ရိုက်ပို့ဆောင်ခဲ့တယ်။ ကရင်ပြည်နယ်အစိုးရရဲ့ အစီအ စဉ်ဖြင့် သီးသန့်ထားရှိသူတွေဖြစ်တယ်”ဟု ဒုခရိုင်မှူး ဦးအောင်ချမ်းငြိမ်းက ပြောသည်။
အဆိုပါ ၂၃ ဦးတို့ထဲတွင် တနသင်္ာရီတိုင်းဒေသကြီးမှ ၇ ဦး၊ ရခိုင်ပြည်နယ်မှ ၇ဦး၊ မွန်ပြည်နယ်မှ ၄ဦးနှင့် ကရင်ပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေးတိုင်းဒေသကြီးများမှ ၁ ဦးစီတို့ဖြစ်သည်ဟု ပြည်နယ်ကျန်း မာရေးဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ထိုင်းနိုင်ငံဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အကြောင်းအမျိုးမျိုးကြောင့် မြဝတီနယ်စပ်မှ တဆင့် ဒုတိယအကြိမ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့ထိ လူဦးရေ ၃၀,၀၀ဝ ကျော် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ထိုအထဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ် အတည်ပြု လူနာ အမှတ် ၂၃၃ (Case 233) နှင့် အမှတ် ၂၄၂ (Case 242 )တို့ အပါအအဝင် Covid-19 လူနာ စုစုပေါင်း ၂၅ ဦးထိရှိလာပြီးဖြစ်ကြောင်း သိရသည်။