Home သတင်း ရာဘာစိုက်‌တောင်သူများ ‌ဈေးနှုန်းထိခိုက်မှုနည်းရန် အစိုးရပံ့ပိုးမှု လိုအပ်‌နေဟုဆို

ရာဘာစိုက်‌တောင်သူများ ‌ဈေးနှုန်းထိခိုက်မှုနည်းရန် အစိုးရပံ့ပိုးမှု လိုအပ်‌နေဟုဆို

2782

မတ်လ ၁၁ ရက်၊ ၂ဝ၂ဝ ခုနှစ်။ ‌စောမြတ်ဦးသာ

ရာဘာ‌ဈေးနှုန်း ကျဆင်းသွားသည့်အတွက် စိုက်‌တောင်သူများ ‌ဈေးနှုန်းထိခိုက်မှုနည်းရန် အစိုးရမှ ကူညီပံ့ပိုးမှု လိုအပ်သည်ဟု မြန်မာနိုင်ငံ ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း က တိုက်တွန်း‌ပြောဆိုလိုက်သည်။

ကမာ္ဘ့ရာဘာအသုံးပြုမှု အများဆုံးဖြစ်သည့် တရုတ်နိုင်ငံတွင် ကိုလိုနာဗိုင်းရပ်စ်ပိုး ကူးစက်‌ရောဂါ ဖြစ်ပွားသည့်အ‌ပေါ် စက်ရုံ အများစု ရပ်စဲထားပြီး ရာဘာပို့ကုန်များကို အကန့်အသတ်ဖြင့်သာ ဝယ်ယူသည့်အတွက် ရာဘာ‌ဈေးနှုန်း ကျဆင်းသွား‌ကြောင်း မြန်မာနိုင်ငံရာဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်း‌ရေးမှူး ဦးခိုင်မြင့်က မတ်လ ၁ဝ ရက်‌နေ့တွင် ‌ကေအိုင်စီ သို့‌ပြောသည်။

“ ကျ‌နော်တို့မှာ သက်‌ရောက်မှု နှစ်ခုဖြစ်တယ်။ နိုင်ငံတကာ ရာဘာ‌ဈေးကျတာကတစ်ခု ‌နောက်ပြီး အ‌မေရိကန်‌ဒေါ်လာ ‌ဈေးကျသွားတယ်။ ရာဘာခြံနဲ့ပတ်သက်လို့ရှိရင် ‌မြေဩဇာ‌ဈေးနှုန်း‌တွေ ‌လျှော့‌ပေးတာ ‌ချေး‌ငွေ‌တွေ ထုတ်‌ပေးတာ‌တွေအပြင် နိုင်ငံတကာမှာ ‌ဈေးကျ‌နေ‌ပေမယ့် အစိုးရက‌နေပြီး‌တော့ ‌ဈေးတန်းတစ်တန်းမှာ ရပ်တန့်ပြီး ဝယ်သိမ်း‌ပေးတာတို့‌ပေါ့‌နော်။ ‌တောင်သူ‌တွေ မပြိုလဲသွား‌အောင် ထိခိုက်မှုနည်းပါး‌အောင် ထိထိ‌ရောက်‌ရောက်ပံ့ပိုးကူညီ‌ပေးဖို့ လိုတယ်” ဟု ဦးခိုင်မြင့်က ‌ပြောသည်။

မြန်မာနိုင်ငံအ‌နေဖြင့် ရာဘာထုတ်ကုန် ၇ဝ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံကိုသာ အဓိကတင်ပို့‌နေရပြီး ကိုရိုလိုနာဗိုင်းရပ်စ်‌ရောဂါ ဖြစ်ပွားပြီး‌နောက် ကမ္ဘာ့ရာဘာ‌ပေါက်‌ဈေး Rss3 အမျိုးအစား တစ်တန်လျှင် အ‌မေရိကန်‌ဒေါ်လာ ၁,၇ဝဝ ဝန်းကျင်မှ ၁,၆ဝဝ ‌အောက် ‌ဈေးနှုန်းကျဆင်းသွားသည်ဟု ရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပွင့်တိုင်း‌အောင်ရာဘာစက်ရုံပိုင်ရှင် ဦးအိုင်မွန်က “ရာဘာအ‌စေး တပတ်ဆယ်ရက် လာ‌ရောင်းပြီးရင် ‌ငွေရှင်း‌ပေးရတယ်‌ပေါ့‌နော်။ အဲ့အချိန်မှာ ‌ငွေလို‌နေ‌တော့ ကျတဲ့‌ဈေးနဲ့ပဲ ‌ရောင်း‌နေရတာ‌ပေါ့‌လေ။ ‌ပေါင်ချိန်သိန်း‌ကျော်အထိ သို‌လှောင်ထား‌နေရတယ်။ အခုထုတ်‌ရောင်းရင် အများကြီးရှုံးမယ်။ ‌ငွေတိုး‌တွေနဲ့‌ချေးပြီး လည်ပတ်‌နေရ‌တော့ အ‌တော်အခက်အ ခဲ ဖြစ်တယ်။ အစိုးရဘက်က ‌ချေး‌ငွေနဲ့ ‌ဈေးကွက်ထိန်းညှိ‌ပေးဖို့ ‌တောင်းဆိုချင်ပါတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

တရုတ်၊ အိနိ္ဒယ၊ မ‌လေးရှား၊ စကင်္ာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများတွင် မြန်မာနိုင်ငံမှ ယခုနှစ် ရာဘာတန်ချိန် ၂ သိန်း‌ကျော် တင်ပို့နိုင်ရန် လျာထားလျက်ရှိသည်ဟု မြန်မာနိုင်ငံရာဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။