Home သတင်း ကိုရိုနာဗိုင်းရပ် ကာကွယ်ရန် အကြိမ် ၅ဝ ပြည့် ‌ရွှေရတု စာ/ယဉ် မွမ်းမံသင်တန်း ရပ်ဆိုင်း

ကိုရိုနာဗိုင်းရပ် ကာကွယ်ရန် အကြိမ် ၅ဝ ပြည့် ‌ရွှေရတု စာ/ယဉ် မွမ်းမံသင်တန်း ရပ်ဆိုင်း

2251

မတ် ၁၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေး အသင်းက မတ် ၂၄ မှ ဧပြီ ၁ဝ ရက်ထိ ဖွင့်လှစ်ရန် စီစဉ်ထားသည့် အကြိမ် ၅ဝ ပြည့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု မွမ်းမံသင်တန်းကို ကိုရိုနာဗိုင်းရပ် ကြိုတင် ကာ ကွယ်ရန် အကန့်အသတ်မရှိ ယာယီရပ်ဆိုင်း လိုက်‌ကြောင်း မတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ယခုလို ရပ်ဆိုင်းရခြင်းနှင့် ပတ်သက်၍ အသင်း ဥက္ကဌ၊ ‌စော‌အေးမြက “နဂိုကတည်းက ဖွင့်ဖို့ အကုန်လုံး စီစဉ် ထားပြီးသား။ သို့‌သော် လူစုလူ‌ဝေးနဲ့ပြုလုပ်တာ‌တွေ‌ရှောင်ကြဖို့ နိုင်ငံ‌တော်က အမိန့်ထုတ်ထားလိုက်ပြီ။ နယက ဆရာ‌တော် ‌တောင်က‌လေးဘုန်းကြီးကလည်း ရပ်ဆိုင်း‌စေချင်တယ်လို့ အကြံ‌ပေးတဲ့အ‌ပေါ် ငါတို့လည်း ကြိုတင် ပြင်ဆင်တဲ့အ‌နေနဲ့ သင်တန်းမပြုလုပ်‌တော့ဖို့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်” ဟု မတ် ၁၄ တွင်‌ပြောသည်။

ယခုနှစ် အကြိမ် ၅ဝ ပြည့်(‌ရွှေရတု အထိမ်းအမှတ်) ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်းကို မတ် ၂၇ မှ ဧပြီ ၁ဝ ရက်‌နေ့အထိ ဖားအံမြို့၊ ကရင်‌ကျောင်းသားများရိပ်သာ(KSC) တွင် ဖွင့်လှစ်သွားရန် ကနဦး စီစဉ် ထား‌သော်လည်း သင်တန်းကျင်းပ‌ရေး‌ကော်မတီဝင်များ ယ‌နေ့‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲအပြီးတွင် ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ယာယီရပ်ဆိုင်း‌သော်လည်း ရပ်ရွာအဆင့်၊ ‌ကျေးရွာအဆင့် ‌နွေရာသီ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု သင်တန်းများအား အခက်အခဲ တစ်စုံတစ်ရာမရှိပါက မိမိတို့၏ အစီအစဉ်ဖြင့် ဆက်ဖွင့်လှစ်သွားရန် ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းက နိူး‌ဆော်ထားသည်။

နှစ်စဉ်‌နွေရာသီတွင် ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်း၏ ဦး‌ဆောင်မှုဖြစ် ် စာ‌ပေနှင့် ယဉ်‌ကျေးမှု သင်တန်းနှင့် ဆရာဖြစ်မွမ်းမံ သင်တန်းများကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသင်္ာရီ တိုင်း ‌ဒေသကြီးရှိ ‌ကျေးရွာအသီးသီးတွင် ပြုလုပ်ပြီး‌နောက် သင်တန်းဆင်းပွဲကို စု‌ပေါင်းကျင်းပ‌လေ့ ရှိသည်။

ယခုနှစ်အတွက် စု‌ပေါင်းသင်တန်းဆင်းပွဲကို ‌မေ၊ ဒုတိယအပတ်တွင် ဖားအံမြို့ သီရိကွင်း၌ စည်ကား သိုက်မြိုက် စွာပြုလုပ်သွားရန် ကနဦး စီစဉ်ထား‌သော်လည်း လက်ရှိအချိန်တွင် အလားတူ ‌ရွှေ့ဆိုင်းလိုက်ပြီး ဖြစ်သည်။

ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုသင်တန်းများကို ၄၉ ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သမိုင်းတ‌လျောက် နိုင်ငံ‌ရေး အ‌ခြေအ‌နေ အရ သင်တန်းမကျင်းပဖြစ်သည့် နှစ်များ ရှိခဲ့ဖူးသည်။ သို့‌သော် ၂၀၀၅ ခုနှစ်၊ ‌နောက်ပိုင်း သင်တန်းနှစ်စဉ် ပြုလုပ် ခဲ့သည်ဟု အသင်းတာဝန်ရှိသူများထံမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကို ကမ္ဘာလုံးဆိုင်ရာကပ်‌ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ (WHO)က မတ်လ ၁၁ ရက်တွင် ‌ကြေညာအပြီး အစိုးရက လူစုလူ‌ဝေးဖြင့်ကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ၂၀၂ဝ ပြည့်နှစ် မတ် ၁၃ မှ ဧပြီ ၃ဝ ရက်အထိ မပြုလုပ်ကြရန် ပန်ကြားချက်တစ်‌စောင် ထုတ်ပြန်ထားသည်။