Home သတင်း မွန်ပြည်သစ်ပါတီစခန်းတွင် တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များအား တပ်မ‌တော်မှ ပြန်လည်ရုပ်သိမ်း‌ပေး

မွန်ပြည်သစ်ပါတီစခန်းတွင် တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များအား တပ်မ‌တော်မှ ပြန်လည်ရုပ်သိမ်း‌ပေး

2237

ဇန်နဝါရီ ၁၆ ရက်၊ ၂ဝ၂ဝ ခုနှစ် ။ ‌စောမြတ်ဦးသာ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏‌တောင်ဘက် ဂျပန်‌ရေတွင်းရွာ မွန်ပြည်သစ်ပါတီ (NMSP) ၏ ဟသင်္ာ တိုင် ဂိတ်စခန်း‌နေရာတွင် တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များကို တပ်မ‌တော်က ဇန်နဝါရီလ ၁၃ ရက် ‌နေ့ည‌နေပိုင်းတွင် တပ်ပြန် လည်ရုပ်သိမ်း‌ပေးလိုက်ပြီဟု မွန်ပြည်သစ်ပါတီ ဗဟို‌ကော်မတီဝင် နိုင်အာကာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဂျပန်‌ရေတွင်းရှိ မွန်ပြည်သစ်ပါတီတပ်စခန်းအနီး၌ ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်‌နေ့ နံနက်ပိုင်းတွင် မွန်ပြည်သစ်ပါတီနှင့် တပ်မ‌တော်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ရာတွင် ဟသင်္ာတိုင် ဂိတ်စခန်း‌နေရာ အထိ တပ်မ‌တော်မှ တပ်‌နေရာလာချထားခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ ‌ဘောတူစာချုပ်-NCA နှင့် တပ်တည်‌နေရာအရ ပြန်လည်ရုပ်သိမ်း‌ပေးလိုက်ခြင်းဖြစ်သည်ဟု NMSP ဗဟို‌ကော် မတီဝင် နိုင်အာကာက ဇန်နဝါရီ ၁၅ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “တပ်မ‌တော်ဘက်က ၁၃ ရက်‌နေ့ ည‌နေ ၃ နာရီ‌လောက်မှာ အနန်းကွင်းဗျူဟာမှူးက‌နေ ဆက်သွယ် ယူပြီး ပြန်ပြီးဆုတ်ခွာသွားတယ်။ တပ်ပိုင်းဆိုင်ရာဆိုရင် စစ်သားပဲအဓိကထား‌ပေါ့‌လေ။ ပြည်သူလူထု‌တွေရဲ့ စည်းစိမ်ဥစ္စာ‌တွေပါယူသွား‌တော့ စိတ်မ‌ကောင်းပါဘူး။ တိုက်ပွဲဖြစ်တာက မ‌ကောင်းပါဘူ။ ပြည်သူ‌တွေပဲ နစ်နာခံရတယ်။ သူတို့‌ရော၊ ကျ‌နော်တို့က‌ရော ပြန်ထိန်းသိမ်းရတာ‌ပေါ့‌လေ” ဟု ဗဟို‌ကော်မတီဝင် နိုင်အာကာက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဂျပန်‌ရေတွင်း‌နေရာတွင် ထိုင်းဘက်ခြမ်းမှ အ‌ဆောက်အဦးများကျူး‌ကျော်‌ဆောက် လုပ်ထားသည်ဟုဆိုကာ တပ်မ‌တော်မှ စိစစ်ရန်သွား‌ရောက်ခဲ့ရာတွင် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်‌သေဆုံးမှုများရှိသည်ဟု တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

“ တပ်‌တွေပြန်ရုပ်သိမ်းလိုက်ပါပြီ။ တပ်မ‌တော်‌ရော နယ်ခြား‌စောင့်တပ်‌ရောပဲ။ ခု‌တော့‌ဒေသအတွင်း ‌အေး‌အေး ချမ်းချမ်းပါပဲ။ ‌နောက်ဆက်တွဲက မသိရ‌သေးဘူး” ဟု ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် (BGF)မှ အမည်မ ‌ဖော်လိုသည့် ဗိုလ်ကြီးတစ်ဦးက ဇန်နဝါရီလ ၁၅ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ အတည်ပြု‌ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီနှင့် မြန်မာ့တပ်မ‌တော်တို့ နှစ်ဖက်ပဋိပက္ခဖြစ်ခဲ့ပြီး တပ်စခန်းနှင့် ဂိတ်စခန်း‌နေရာများဖြစ်သည့် ဒဒိန်၊ ‌တောင်က‌လေး(‌နောင်တဲ)၊ အဘစ်စခန်း‌နေရာနှင့် အခြားနယ်‌မြေခံဂိတ်စခန်းအချို့ မွန်ပြည်သစ်ပါတီတို့ လက်လွတ်ဆုံးရှုံးခဲ့ရသည်။