Home သတင်း ငါးထပ်တိုက်အတွင်း ‌ဖောက်ထွင်းဝင်‌ရောက်ပြီး အိမ်ရှင်ကို ဓားဖြင့်ခုတ်သည့် ခိုးဝင်သူ အိမ်‌ပေါ်မှ ပြုတ်ကျ၊ အိမ်ရှင်နှင့် ခိုးဝင်သူ နှစ်ဦးစလုံး ‌ဆေးရုံ‌ရောက်

ငါးထပ်တိုက်အတွင်း ‌ဖောက်ထွင်းဝင်‌ရောက်ပြီး အိမ်ရှင်ကို ဓားဖြင့်ခုတ်သည့် ခိုးဝင်သူ အိမ်‌ပေါ်မှ ပြုတ်ကျ၊ အိမ်ရှင်နှင့် ခိုးဝင်သူ နှစ်ဦးစလုံး ‌ဆေးရုံ‌ရောက်

2730
Photo: Nay Naw

ဇန်နဝါရီ ၂ဝ ရက်၊ ၂၀၂ဝ ခုနှစ် ။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီ မြို့ အမှတ် ၅ ရပ်ကွက်တွင် ငါးထပ်တိုက် အ‌ပေါ်ဆုံးထပ်အတွင်းသို့ ခိုးဝင်သည့်သူက အိမ်ရှင်ကို ဓားဖြင့်ခုတ်ပြီး တိုက်အိမ်‌ပေါ်မှ ခုန်ဆင်း‌ပြေးစဉ် ပြုတ်ကျသည့်အတွက် ခိုးဝင်သူနှင့် အိမ်ရှင် နှစ်ဦးစလုံး ‌ဆေးရုံ‌ရောက်ခဲ့သည့် ဖြစ်ရပ် ဇန်နဝါရီလ ၁၉ ရက်‌နေ့ညက ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီလ ၁၉ ရက်‌နေ့ ည ၁၁ နာရီခွဲအချိန်က မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ကျွန်း‌တော(၁)လမ်းရှိ ငါးထပ်တိုက် ငါးလွှာအခန်းအမှတ်(5.A)တွင် ဦး‌မောင်‌မောင်(ခ) ဦးဟူစိန် တစ်ဦးတည်းရှိ‌နေသည့် တိုက်ခန်း အတွင်းသို့ အမျိုးသားတစ်ဦးဝင်လာစဉ် သူခိုး၊ သူခိုးဟု ‌အော်သဖြင့် ၎င်းက ပါလာသည့် ဓားဖြင့်ထိုး၊ ခုတ်၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး တိုက်တွင်းခိုးဝင်သူကလည်း ထွက်‌ပြေးရန် လုပ်‌ဆောင်စဉ် တိုက်‌ပေါ်မှ ပြုတ်ကျ၍ သတိလစ်‌မေ့‌မျှောသွားခဲ့သည်ဟု သိရသည်။

ဓားဖြင့်အခုတ်ခံရသူ ဦး‌မောင်‌မောင်(ခ)ဦးဟူစိန်နှင့် အခန်းချင်းကပ်လျက် ငါးလွှာ (5.B)တွင် ‌နေထိုင်‌သော သမီးဖြစ်သူ မ‌ချောစု‌အောင်က“အ‌ဖေ နဲ့ အမျိုးသားတစ်ဦး နှစ်ဦးသားလုံး‌ထွေးသတ်ပုတ်‌အော်ဟစ်သံ‌ကြောင့် ‌ဘေးခန်းမှာရှိ‌နေတဲ့ ကျမတို့ မိသားစုဝင်‌တွေ ထွက်လာပြီး ပတ်ဝန်းကျင်ကို ‌အော်ဟစ်အကူညီ‌တောင်းတဲ့ အတွက် အဲဒီအမျိုးသားက တိုက်ခန်း အ‌နောက်‌ပေါက်က ထွက်‌ပြေးတဲ့အခါမှာ တိုက်‌ပေါ်မှ ပြုတ်ကျသွားခဲ့ တာဖြစ်ပါတယ်”ဟု ဖြစ်စဉ်ကို ‌ပြောပြခဲ့သည်။

ဓားဖြင့်ထိုး၊ ခုတ်ပြီးထွက်‌ပြေးစဉ် အိမ်‌ပေါ်မှ ပြုတ်ကျကာ သတိလစ်‌နေသူမှာ ‌ခေါက်မလိလမ်း‌နေထိုင်သူ ပန်းရံလုပ်သား ၂၅နှစ်အရွယ်‌အောင်ကို ဖြစ်သည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၏ စစ်‌ဆေးချက်အရ သိရသည်။

ဓားဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သူ ဦး‌မောင်‌မောင်(ခ)ဦးဟူစိန်(၅၉နှစ်)နှင့် ဓါးခုတ်သူ ‌အောင်ကိုတို့နှစ်ဦးအား ရပ်ကွက်မှ ပြည်သူများ၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်‌ရေးမှုး ဦး‌အောင်ဝင်းနှင့် အုပ်ချုပ်‌ရေးအဖွဲ့ဝင်များက မြဝတီခရိုင်ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့ကြပြီး ထို့‌နောက် ဓားဖြင့်ခုတ်ခံရသူအား မြဝတီမှတဆင့် မဲ‌ဆောက်‌ဆေးရုံသို့ ပို့‌ဆောင်‌ပေးခဲ့ရသည်။

‌နေအိမ်တိုက်ခန်းအတွင်းသို့ဝင်‌ရောက်ပြီး လူ့အသက်ကိုသက်‌သေ‌စေနိုင်သည့် ဓားဖြင့်ထိုး၊ ခုတ်သူ ‌အောင်ကို အား မြဝတီ မြို့မရဲစခန်းမှ (ပ) ၈၂/ ၂၀၂ဝ ရာဇသတ် ကြီးပုဒ်မ ၄၅၉ ဖြင့် အမှုဖွင့်အ‌ရေးယူ လျက်ရှိ‌ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရသိရသည်။