Home သတင်း ဒုတိယအကြိမ် “‌သွေးချင်းတို့ရဲ့ ပွဲ‌တော်”ကို ကျပ်သိန်းတစ်‌သောင်း‌ကျော် သုံးစွဲကျင်းပသွားရန် ‌မျှော်မှန်းထား

ဒုတိယအကြိမ် “‌သွေးချင်းတို့ရဲ့ ပွဲ‌တော်”ကို ကျပ်သိန်းတစ်‌သောင်း‌ကျော် သုံးစွဲကျင်းပသွားရန် ‌မျှော်မှန်းထား

1950

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း-MEEA နှင့် ပြည်‌ထောင်စု တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနတို့ပူး‌ပေါင်း၍ ကျင်းပမည့် “‌သွေးချင်းတို့ရဲ့ပွဲ‌တော် ”၂၀၂ဝ ခုနှစ်အတွက်ကို ယခင်နှစ် သုံးစွဲခဲ့သည့် ကျပ်သိန်းတစ်‌သောင်း‌ကျော် ဘတ် ဂျက်‌ငွေ ပမာဏအတိုင်းသုံးစွဲသွားရန် ‌မျှော်မှန်းထား‌ကြောင်း ရန်ကုန်တိုင်း ‌ဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများ ‌ရေး ရာဝန်ကြီးက ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနရုံးတွင် ယမန်‌နေ့ (ဒီဇင်ဘာလ ၁၇ရက်)က ပြုလုပ်ခဲ့‌သော “‌သွေးချင်းတို့ရဲ့ပွဲ‌တော်”အတွက် တိုင်းရင်းသား လုပ်ငန်းရှင်အသင်း အစည်းအ‌ဝေးပွဲအပြီး ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်း သဉ်ဇာမျိုးက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“မနှစ်က ဒီပွဲ‌တော်နဲ့ ပတ်သက်ပြီး‌တော့ ဘတ်ဂျက်က သိန်းတစ်‌သောင်းနှစ်‌ထောင် (၁, ၂၀၀, ဝ၀၀, ဝ၀၀) နီးပါး ‌လောက် ကုန်ပါတယ်။ ဒီပွဲ‌တော်က‌နေ ပြန်ပြီး‌တော့ Income (ဝင်‌ငွေ)ရတာက သိန်းတစ်‌သောင်းတစ်‌ထောင် ‌လောက်‌တော့ ပြန်ရတယ်။ ဒါက ကချင်တိုင်းရင်းသား စီးပွား‌ရေးလုပ်ငန်းရှင်‌တွေက ဦး‌ဆောင်ပြီး‌တော့ လုပ်တယ်။ ဒီနှစ်လည်း ဒီ‌လောက်ဝန်းကျင်ပဲ ရှိလိမ့်မယ်လို့ ကျမအ‌နေနဲ့ ‌မျှော်မှန်းပါတယ်။”ဟု ဝန်ကြီးက ‌ပြောသည်။

၂၀၂ဝ ခုနှစ်တွင် ဒုတိယအကြိမ်‌မြောက် ကျင်းပမည့် အဆိုပါပွဲ‌တော်ကို မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း-MEEA မှ အဓိကပါဝင်၍ ပြည်‌ထောင်စု တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန၊ ပြည်‌ထောင်စု ဟိုတယ်နှင့် ခရီးသွားလာ‌ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားလူမျိုးများ၏ စာ‌ပေ ယဉ်‌ကျေးမှု ‌ကော် မတီအဖွဲ့များ ပူး‌ပေါင်းပြီး ကယားတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ အလှည့်ကျ အဓိကဦး‌ဆောင် ကျင်းပသွား မည်ဖြစ်သည်ဟုလည်း ဝန်ကြီးက ဆက်‌ပြောသည်။

အဆိုပါ ပွဲ‌တော်ကို ၂၀၂ဝခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် ဒုတိယ အကြိမ် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပြခန်း၊ ရိုးရာယဉ်‌ကျေးမှု အစားအစာများ၊ ‌ဒေသထွက်ကုန်များကို ပြသ‌ပေးသွားမည့်အပြင် တိုင်းရင်းသား အလှမယ်‌ရွေးချယ်ပွဲကြီး-Miss Ethnic Myanmar 2020၊ တိုင်းရင်းသား တစ်ခု ချင်းစီ၏ ရိုးရာအကအလှများ၊ နိုင်ငံ‌ကျော်‌တေးသံရှင်များ၏ ‌ဖျော်‌ဖြေမှုများလည်းပါဝင်သွားမည်ဖြစ်သည်ဟု သိရသည်။

ကရင်တိုင်းရင်းသားလုပ်ငန်းရှင်အသင်း-KEEA၏ ဥက္ကဋ္ဌ ‌နော်ထားထားမြင့်က “ကျမတို့လူမျိုးအတွက် အကျိုး‌ကျေးဇူး ရတာက ဒီပွဲ‌တော်က မမြင်ဖူး၊ မ‌တွေ့ဖူးကြ‌ပေမဲ့ အတူတကွ လုပ်‌ဆောင်တယ်။ အတူတူ ချစ်ခင်ရင်းနှီးကြတယ်။ ငြိမ်းချမ်း‌ရေးကို ဦးတည်ခြင်း ဖြစ်ပါတယ်။ ‌နောက်မျိုးဆက်သစ်‌တွေအတွက် သမိုင်းတွင်‌စေဖို့အတွက် လုပ် ‌ဆောင်ခြင်း ဖြစ်ပါတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခုပွဲ‌တော်အတွက် ကရင်တိုင်းရင်းသား လုပ်ငန်းရှင်အသင်းအ‌နေဖြင့် ကရင်တိုင်းရင်းသားရိုးရာယဉ် ‌ကျေး မှုပြခန်းများ၊ ကရင်အစားအစာများနှင့် Miss ပြိုင်ပွဲအတွက် ကရင်မိန်းမပျို‌လေးများကို ‌ရွေးချယ် ပြင်ဆင်ထားပြီး ၎င်းအ တွက် တိုင်းနှင့် ပြည်နယ် ၇ ခုမှ ‌ချော‌မောလှပသည့် ကရင်အမျိုးသမီးငယ်များကို ‌ခေါ်ယူ‌ရွေးချယ်ထား‌ကြောင်းလည်း ‌နော်ထားထားမြင့်က ဆက်‌ပြောသည်။

ပထမ အကြိမ် “‌သွေးချင်းတို့ရဲ့ပွဲ‌တော်”ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်မှ ၃ဝရက်အထိ ကျင်းပခဲ့ပြီး တိုင်းရင်းသားလူမျိုးများ၏ ယဉ်‌ကျေးမှုများ၊ ရိုးရာဓ‌လေ့များ၊ စည်းလုံးညီညွတ်မှုနှင့်‌နေထိုင်မှုပုံစံများကို မြန်မာနိုင်ငံသားများ သာမက နိုင်ငံခြားသားများကပါ စိတ်ဝင်တစား‌လေ့လာနိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်း‌ရေးကို ‌ကောင်းမွန်စွာအ‌ထောက်အကူပြုနိုင်‌စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု ဦး‌ဆောင်သူများက ဆိုသည်။

အလားတူ “‌သွေးချင်းတို့ရဲ့ ပွဲ‌တော်”အတွက် မိတ်ဆက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်‌နေ့တွင်လည်း ရန်ကုန်မြို့ UMFCCI ခန်းမတွင် ကျင်းပခဲ့ပြီးဖြစ်သည်။