Home သတင်း ထိုင်းတစ်နိုင်ငံလုံး ကရင်နှစ်သစ်ကူးပွဲ‌တော်တွင် နိုင်ငံ‌ပေါင်း ၅ဝ ‌ကျော်မှ ကရင်များ ပါဝင်ဆင်နွှဲမည်

ထိုင်းတစ်နိုင်ငံလုံး ကရင်နှစ်သစ်ကူးပွဲ‌တော်တွင် နိုင်ငံ‌ပေါင်း ၅ဝ ‌ကျော်မှ ကရင်များ ပါဝင်ဆင်နွှဲမည်

5204

ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမဦးဆုံးအကြိမ် ကျင်းပမည့် ကရင်နှစ် ၂၇၅၉ ခုတွင် ကျ‌ရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ပွဲ‌တော်အား နိုင်ငံ‌ပေါင်း ၅ဝ ‌ကျော်တွင်‌ရောက်ရှိ ပျံ့နှံ့‌နေ ထိုင်ကြသည့် ကရင်လူထုများ အတူတကွ ပူး‌ပေါင်းဆင်နွှဲကြမည်ဟု သိရသည်။

အဆိုပါ ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကရင်လူမျိုးများ ‌နေထိုင်ရာ‌ဒေသ တစ်ခုဖြစ်သည့် ချင်းမိုင်ခရိုင်၊ အိုကွယ် မြို့နယ်
တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် အာရှ၊ ဥ‌ရောပနှင့် အ‌မေရိကတိုက်ရှိ နိုင်ငံအသီးသီး
တွင် ‌ရောက်ရှိသည့် ကရင်လူထုများ ပြန်လည်ပူး‌ပေါင်းဆင်နွှဲနိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်သည် ဟု ကရင်နှစ်သစ်ကူးပွဲ‌တော်ဖြစ်‌မြောက်‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

ချင်းမိုင် ကရင်နှစ်သစ်ကူးဖြစ်‌မြောက်‌ရေး ဆက်သွယ်‌ရေးတာဝန်ခံ-KCSG အဖွဲ့မှ ‌စောထီ့‌ခေါင်းဖိုးက “အဓိက ‌တော့
ကရင်လူထု‌တွေက နိုင်ငံအသီးသီးမှာ‌နေထိုင်ကြတာရှိတယ်။ ဆုံ‌တွေ့ကြဖို့လည်း မလွယ်ဘူး ။ စည်းစည်း လုံးလုံးနဲ့ အား
လုံး‌တွေ့ဆုံဖို့ပါ။ ပြီး‌တော့ နှစ်သစ်ကူးလုပ်တဲ့‌နေရာကလည်း ကရင်‌ကျေးရွာမှာပဲ ကျင်းပပြုလုပ် တယ်။ ပြီး‌တော့ ထိုင်းမှာ‌ရော၊
ပြည်တွင်းမှာ‌ရော မတူညီတဲ့ ရိုးရာယဉ်‌ကျေးမှု‌တွေ အတူတကွ ‌ဖော်ထုတ်ကြ မယ့် ရည်ရွယ်ချက်‌တွေနဲ့ ကျင်းပပြုလုပ်တာဖြစ်တယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

နှစ်သစ်ကူးပွဲ‌တော်တွင် ကရင်ရိုးရာဒုံးအကများသာမက ထိုင်နိုင်ငံရှိ နာမည်ကြီး ကရင်လက်‌ဝှေ့သမားများ ပါဝင် ထိုး
သတ်မည့် လက်‌ဝှေ့ပွဲများ၊ ကရင်အဆို‌တော်များ၏ သီချင်းဆို‌ဖျော်‌ဖြေမှုများ၊ ‌ဘောလုံးပွဲနှင့် ကရင်အလှ မယ်ပြိုင်ပွဲ
များလည်း ထည့်သွင်း ကျင်းပပြုလုပ်မည်ဟု သိရသည်။

ထို့အတူ အဆိုပါနှစ်သစ်ကူးပွဲ‌တော်တွင် ဖားအံမြို့နယ်အတွင်းရှိ ရ‌သေ့ပျံ ဒုံးအဖွဲ့မှ ဒုံးအကများဖြင့် သွား‌ရောက်
ကပြ‌ဖျော်‌ဖြေသွားမည်ဖြစ်သည့်အပြင် ဖီ့ဘူး‌ယော် (လိပ်ပြာ‌စောင့်နတ်) ‌ခေါ်သည့် အစီအစဉ်များကိုလည်းပြည် တွင်းရှိ ကရင်လူမျိုးများမှ သွား‌ရောက်ကျင်းပပြုလုပ်‌ပေးမည်ဖြစ်သည်ဟု ပွဲ‌တော်ကျင်းပ‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်မည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ဖြစ်‌မြောက်‌ရေးအတွက် ထိုင်းနိုင်ငံရှိ က ရင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် KTG(Karen Thai Group) နှင့် KCSG (Karen Charity and Social Group)အဖွဲ့ မှ ဦး‌ဆောင်ကျင်းပကာ နိုင်ငံတကာ ကရင်အဖွဲ့အစည်း-(IKO -International Karen Organization )မှ ပူး‌ပေါင်း‌ဆောင်ရွက်
သွားမည်ဖြစ်သည်ဟု သိရသည်။

IKO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စောကနဲမီက “ နိုင်ငံခြား‌ရောက်တဲ့ ကရင်‌တွေဖြစ်ဖြစ်၊ ထိုင်းမှာ ‌ရောက်တဲ့
ကရင်‌တွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာရှိတဲ့
ကရင်‌တွေဖြစ်ဖြစ် သူတို့လုပ်နိုင်တာ‌တွေက မတူညီကြဘူး။ ပြည်တွင်း မှာရှိတဲ့ ကရင်လူထု‌တွေက ဒုံးအကနဲ့ပတ်သက်
ပြီး ‌တော်တယ်၊ ထိန်းသိမ်းနိုင်တယ်။ ထိုင်းမှာလည်း မတူညီတဲ့ ရိုးရာယဉ်‌ကျေးမှု‌တွေကို ထိန်းသိမ်းနိုင်တာရှိတယ်။ ပြည်ပမှာလည်း သူတို့လုပ်နိုင်တာရှိပါတယ်။ ကိုယ့် ကရင်ယဉ်‌ကျေးမှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းနိုင်တဲ့ အရာ‌တွေကို လာ‌ဖော်ထုတ်ကြမယ်။ အဲလိုရည်ရွယ် ချက်‌တွေနဲ့ အတူတကွ လုပ်‌ဆောင်ကြမှာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးမှာ ကရင်နှစ် ၂၇၅၉ ခု၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်‌နေ့တွင် ကျ ‌ရောက်မည်
ဖြစ်ပြီး ယခင်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ထိုင်းနိုင်ငံတွင် ကျင်းပမှုအချို့ရှိခဲ့‌သော် လည်း ယခုကဲ့သို့
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်ခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်သည်။