Home သတင်း သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်သို့ နာဂနှင့် ‌တောင်ပိုင်းလူငယ်အဖွဲ့ သွား‌ရောက်‌လေ့လာ

သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်သို့ နာဂနှင့် ‌တောင်ပိုင်းလူငယ်အဖွဲ့ သွား‌ရောက်‌လေ့လာ

2804
သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်သို့ နာဂနှင့် ‌တောင်ပိုင်းလူငယ်အဖွဲ့ သွား‌ရောက်‌လေ့လာမှု( Photo-KESAN)

နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေတွင်းရှိ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်ကို နာဂလူငယ်များနှင့် တနသင်္ာရီတိုင်းရှိ ‌တောင်ပိုင်းလူငယ် (Southern Youth) အဖွဲ့တို့ နိုဝင်ဘာ ၁၈ ရက်မှ ၂ဝ ရက်‌နေ့အထိ သွား‌ရောက်‌လေ့လာမှုအစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည်ဟု သိရသည်။

သံလွင် ငြိမ်းချမ်း‌ရေး ဥယျာဉ်အတွင်းရှိ ‌ဒေသခံ ဋ္ဌာ‌နေပြည်သူများ၏ သဘာဝသစ်‌တောနှင့် ‌မြေယာများ ဓ‌လေ့ထုံးတမ်းအရ စီမံခန့်ခွဲ ထိန်းသိမ်း‌နေမှုအပြင် ဋ္ဌာ‌နေတိုင်းရင်းသားတို့၏ ယဉ်‌ကျေးမှုဓ‌လေ့ရိုးရာ‌တွေအ‌ပေါ် သွား‌ရောက်‌လေ့လာခြင်းနှင့် အပြန်အလှန် ထိန်းသိမ်းခြင်းဆိုင်ရာများကို ‌ဝေမျှဖလှယ်မှုများပြုခဲ့‌ကြောင်း ကရင် သဘာဝ ပတ်ဝန်းကျင်နှင့်လူမှု‌ရေးလှုပ်ရှားမှုကွန်ယက်(KESAN)မှ ‌မြေယာနှင့် သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်ခြင်းဆိုင်ရာတာဝန်ခံ ‌စောမာဘူက ဆိုသည်။

“နှစ်ဖွဲ့လာပြီး‌တော့ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်ထဲက စီမံခန့်ခွဲ ထိန်းသိမ်းမှု‌တွေ ဋ္ဌာ‌နေတိုင်းရင်းသား‌တွေရဲ့ ‌မြေယာထိန်းသိမ်းမှုပုံစံ‌တွေကို လာ‌လေ့လာသင်ယူတယ်။ ‌နောက်ပြီး ဘိတ်-ထားဝယ်ဘက်က ‌တောင်ပိုင်း လူငယ်အဖွဲ့ကလည်း ဒီကအ‌ခြေအ‌နေ‌တွေကိုလာ‌လေ့လာပြီး သူတို့ ‌ဒေသမှာ ဘယ်လို ပြန်လုပ်‌ဆောင်လို့ ရမလဲ ဆိုတာကို လာ‌လေ့လာကြတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌လေ့လာမှုတွင် သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်ထဲရှိ ‌ကျေးရွာများသို့ သွား‌ရောက်ကာ ‌ဒေသခံ ဌာ‌နေတိုင်း ရင်းသားများနှင့် ‌တွေ့ဆုံ၍ မည်သို့မည်ပုံ ထိန်းသိမ်းစီမံခန့်ခွဲခြင်းများကို ‌မေးမြန်မှုများ၊ ‌ဒေသအ‌ခြေအ‌နေများကို လိုက်လံကြည့်ရှု‌လေ့လာမှုများနှင့် ‌ဒေသခံတို့၏ ဓ‌လေ့ရိုးရာယဉ်‌ကျေးမှုများကိုပါ ပြသ‌ပေးခြင်းအစီအစဉ်များပါ ဝင်‌ကြောင်း သိရသည်။

‌လေ့လာ‌ရေးတွင်ပါဝင်ခဲ့သူ နာဂတိုင်းရင်းသား ပီတာ‌ထောင်းက “ ကျ‌နော်တို့လို ညီ‌နောင် ကရင်လူမျိုး‌တွေအ ‌နေနဲ့လည်း ကျ‌နော်တို့်လိုပဲ ဓ‌လေ့ထုံးတမ်းစနစ်‌တွေကို ထိန်းသိမ်းခြင်း‌တွေ ‌တော‌တောင်‌ရေ‌မြေ‌တွေကိုလည်း ဓ‌လေ့ထုံးတမ်းစနစ်နဲ့အညီ ထိန်းသိမ်း‌စောင့်‌ရှောက်‌နေတာကိုကြား သိရတဲ့အတွက်‌ကြောင့် ဘယ်လို၊ ဘယ်ပုံ စီမံထိန်းသိမ်းကြသလဲ၊ ပြီး‌တော့ ယဉ်‌ကျေးမှုဓ‌လေ့ထုံးတမ်း‌တွေကို ‌လေ့လာ ချင်တာရယ်။ ကျ‌နော်တို့ ဖက်က ရိုးရာတာဝန်ရှိ လူကြီး‌တွေကိုလည်း အခြား‌သော ဋ္ဌာ‌နေလူမျိုး‌တွေ ဘယ်လိုစိန် ‌ခေါ်မှုမျိုး‌တွေနဲ့ရင်ဆိုင်‌နေရပြီး ဘယ်လိုစီမံ‌ဖြေရှင်း‌နေကြသလဲ စတဲ့အ‌တွေးအမြင်မျိုး‌တွေရရှိပြီး ဋ္ဌာ‌နေလူမျိုး ‌တွေအချင်းချင်း အပြန်အလှန် အ‌တွေးအမြင်‌တွေ ဖလှယ်နိုင်‌စေ‌ရေးဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ Salween Peace Park ကို သွား‌ရောက် ‌လေ့လာခဲ့တယ်‌ပေါ့‌နော်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်သို့ နာဂနှင့် ‌တောင်ပိုင်းလူငယ်အဖွဲ့ သွား‌ရောက်‌လေ့လာမှု( Photo-KESAN)

ထို့အပြင် ၎င်း‌လေ့လာမှုမှတဆင့် ဋ္ဌာ‌နေလူမျိုး‌တွေအချင်းချင်း အပြန်အလှန်သင်ယူ‌လေ့လာ ‌ဖေးမကူညီမှုသည် အ‌ရေးပါသည့် ကဏ္ဍတစ်ခုဖြစ်၍ အနာဂတ်တွင် ယခုထက်မက ပူး‌ပေါင်း‌ဆောင်ရွက်သွားနိုင်ရန် ‌မျှော်လင့်‌ကြောင်း၊ နာဂ၊ ကရင်မကဘဲ အခြား‌သော ညီ‌နောင်ဋ္ဌာ‌နေလူမျိုးများနှင့်ပါ ပိုမိုကျယ်ပြန့်သည့် ကွန်ရက်တစ်ခုကို တည် ‌ဆောက်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဋ္ဌာ‌နေဖြစ်တည်လာသည်အထိ ‌မျှော်မှန်း ‌ကြောင်း နာဂဋ္ဌာ‌နေတိုင်းရင်းသားများ၏ ‌မြေယာနှင့်သဘာဝသယံဇာတ ထိန်းသိမ်းကာကွယ်‌ရေးအဖွဲ့ (RRtIP)၏ Finance Officerလည်း ဖြစ်သူ ပီတာ‌ထောင်းက ဆက်‌ပြောသည်။

သံလွင် ငြိမ်းချမ်း‌ရေး ဥယျာဉ်သည် မြန်မာနိုင်ငံ အ‌ရှေ့‌တောင်ဘက်ခြမ်း၊ သံလွင်မြစ်၏ အ‌နောက်ဘက်ကမ်း တွင် တည်ရှိပြီး အကျယ်အဝန်း (၁,၃၅၅,၅၈ဝ) ဧကရှိသည်။
ငြိမ်းချမ်း‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သဘာဝပတ်ဝန်းကျင် ‌ရေရှည်ရပ်တည်‌ရေးနှင့် ဓ‌လေ့ရို်းရာ ယဉ်‌ကျေးမှု ထိန်းသိမ်းနိုင်‌ရေးစသည့် ‌မျှော်မှန်းချက်သုံးချက်ဖြင့် KNU နှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းလုပ်ငန်း စတင်လာ ခဲ့သည့် ၂ဝ၁၂ ခုနှစ်ကတည်းက ကြိုးပမ်းလုပ်‌ဆောင်လာခဲ့ပြီး ၎င်းဥယျာဉ်နှင့် ဥယျာဉ်အ‌ခြေခံ ဥပ‌ဒေ ပြဋ္ဌာန်း အတည်ပြုခြင်းကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်‌နေ့တွင် တရားဝင်‌ကြေညာခဲ့သည်။

အလားတူ လာမည့်နှစ်တွင်လည်း သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် ‌ကော်မတီများအ‌နေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ‌ဒေသသို့သွား‌ရောက်၍ နာဂ‌ဒေသ၏ သဘာဝထိန်းသိမ်းနယ်‌မြေများကို အပြန်အလှန်သွား ‌ရောက်‌လေ့ လာသွားရန်ရှိသည်ဟုလည်း KESAN ၏ ‌မြေယာနှင့် သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်ခြင်းဆိုင်ရာတာဝန်ခံ ‌စောမာဘူက ‌ပြောသည်။