Home သတင်း လက်နက်ကိုင် လူတန်းစားတစ်ရပ်အ‌နေဖြင့် မရပ်တည်ဘဲ ပြည်သူကို အလုပ်အ‌ကျွေးပြုရန် KNLA ‌ပြော

လက်နက်ကိုင် လူတန်းစားတစ်ရပ်အ‌နေဖြင့် မရပ်တည်ဘဲ ပြည်သူကို အလုပ်အ‌ကျွေးပြုရန် KNLA ‌ပြော

2348
Photo-ကရင်အမျိုးသားမီဒီယာ

နိုဝင်ဘာ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

တပ်ဖွဲ့ဝင်များအ‌နေဖြင့် လက်နက်ကိုင်ထားသည့် လူတန်းစားတစ်ရပ်အ‌နေဖြင့် မရပ်တည်ဘဲ ပြည်သူလူထုကို အလုပ်အ ‌ကျွေးပြုသည့် ကရင်တပ်မ‌တော်အဖြစ် ရပ်တည်ကြရန် KNU-ကရင်အမျိုးသားအစည်းအရုံးလက်‌အောက်ခံ KNLA -ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် တပ်မဟာ ၆ မှ တပ်မှူးတစ်ဦးက တိုက်တွန်း‌ပြောဆိုလိုက်သည်။

KNLA တပ်မဟာ ၆ ဋ္ဌာနချုပ်တွင် နိုဝင်ဘာ ၁၈ ရက်‌နေ့က ပြုလုပ်သည့် ‌ကော်သူး‌လေ အ‌ခြေခံစစ်သင်တန်း (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မဟာ ၆ အထူးတပ်ရင်းမှ တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူး‌စောနယ်ဒါးထူးက သင်တန်းသားများကို ထိုသို့တိုက်တွန်း ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တာဝန်ကျတဲ့‌နေရာ ထမ်း‌ဆောင်တဲ့အချိန်မှာ ငါတို့က လက်နက်ကိုင်ယူနီ‌ဖောင်းဝတ်ထားတယ်ဆိုပြီး‌တော့ လူတန်းစား တစ်ရပ်အ‌နေနဲ့ မရပ်တည်ဘဲ ပြည်သူလူထုကို အလုပ်အ‌ကျွေးပြုတဲ့ ကရင်တပ်မ‌တော်သားတစ်‌ယောက်အ‌နေနဲ့ ရပ်တည်ဖို့၊ ကိုယ်‌ရွေးချယ်တဲ့လမ်း‌ကြောင်းကို ပြီးပြည့်စုံတဲ့ ခွန်အား‌တွေ အတတ်ပညာ‌တွေ ရှိဖို့လိုအပ်တယ်” ဟု တိုက်တွန်းခဲ့သည်။

၃ လကြာဖွင့်လှစ်ခဲ့သည့် အဆိုပါ မွမ်းမံသင်တန်းကို တပ်ပိုင်းဆိုင်ရာအသီးသီးမှ သင်တန်းတက်‌ရောက်လာသူများအား တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ်တွင် အ‌ထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြုလုပ် ‌ပေးခြင်းဖြစ် သည်ဟု သင်တန်းတာဝန်ရှိများက ‌ပြောသည်။

KNU အ‌နေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် -NCA လက်မှတ်ထိုးထာပြီး နိုင်ငံ‌ရေးပြ ဿနာကို နိုင်ငံ‌ရေးလမ်း‌ကြောင်း‌ပေါ်တွင် ‌ဆွေး‌နွေး‌နေသည့်ကာလအတွင်း ၎င်းတို့တပ်ပိုင်းဆိုင်ရာအ‌နေဖြင့်လည်း တာဝန်နှင့် အလုပ်အရည်အ‌သွေး ပိုမို‌ကောင်းမွန်လာ‌အောင် ‌ဆောင်ရွက်ရသကဲ့သို့ ‌ခေါင်း‌ဆောင်များ၏ ဦး‌ဆောင်မှု‌အောက်တွင် သွားကြ ရန်လိုအပ်သည်ဟုလည်း သင်တန်းဆင်းအခမ်းအနားတွင် KNLA အရာရှိများက ‌ပြောသည်။

“မွမ်းမံသင်တန်းမှာ‌တော့ JMC အ‌ကြောင်းအရာ‌တွေ သင်ပြရှင်းပြတယ်။ တစ်ဖက်တစ်လမ်းမှာ ငြိမ်းချမ်း‌ရေးအတွက် အ‌ထောက် အကူပြုနိုင်တယ်လို့ ရည်ရွယ်ချက်နဲ့‌ပေါ့။ သူများနဲ့ဆက်ဆံတဲ့‌နေရာမှာ ‌ကောင်းမွန်လာ‌အောင် တစ်‌ယောက်နဲ့ တစ်‌ယောက် ယုံ ကြည်မှုပိုပြီး ခိုင်မာလာ‌အောင် အပြုအမူ‌ပြောဆိုမှု ပိုပြီးယဉ်‌ကျေးလာ‌အောင် ကျင့်သုံးနိုင်ဖို့ ရည်ရွယ်ပြုလုပ်‌ပေးတာဖြစ်တယ်” ဟု KNLA တပ်မဟာ ၆ ဌာနချုပ်မှ ရုံးထိုင်မှူး ဗိုလ်မှူး‌စောစဲ‌နေထူးက ‌ပြောသည်။

KNU သည် အစိုးရ တပ်မ‌တော်နှင့် ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ဆိုင်ရာ သ‌ဘောတူစာချုပ် -NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝအနက် တစ်ဖွဲ့ဖြစ်သည်။