Home သတင်း ဧရာဝတီတိုင်း ၂၂မြို့နယ်တွင် ပါတီရုံးများ ဖွင့်လှစ်ထားပြီးဟု KPP ‌ပြောဆို

ဧရာဝတီတိုင်း ၂၂မြို့နယ်တွင် ပါတီရုံးများ ဖွင့်လှစ်ထားပြီးဟု KPP ‌ပြောဆို

2503

‌အောက်တိုဘာ ၈ရက်၊ ၂၀၁၉ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးရှိ မြို့နယ် ၂၂မြို့နယ်တွင် ကရင်ပြည်သူ့ပါတီ(KPP) မြို့နယ်အဆင့် ရုံးများကို ဖွင့်လှစ်ထားပြီး ပါတီစည်း ရုံး‌ရေးလုပ်ငန်းစဉ်များကို လုပ်‌ဆောင်‌နေသည်ဟု ပါတီဒုဥက္ကဌ ‌စော‌စေးဝါးက ‌အောက်တိုဘာ ၈ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြော သည်။

၎င်းက “ဧရာဝတီတိုင်း ‌ဒေသကြီးမှာ မြို့နယ် ၂၆မြို့နယ်ရှိတဲ့အထဲမှာ ၂၂မြို့နယ်မှာ ပါတီရုံး‌တွေ ဖွင့်လှစ်ထားတယ်။ ခရိုင်အ ဆင့် ရုံး‌တွေကို‌တော့ ပုသိမ်၊ ဟသင်္ာတ၊ မအူပင်တို့မှာ ဖွင့်ထားတယ်။ ဧရာဝတီတိုင်း ‌မြောက်ပိုင်းဖြစ်တဲ့ ကြံခင်းတို့၊ မြန်‌အောင် မြို့တို့ဘက်‌တွေမှာပဲ ပါတီရုံး မဖွင့်နိုင်‌သေးဘူး။ လာမဲ့ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲကြရင် ဧရာဝတီတိုင်း‌ဒေသကြီးမှာ အားထည့်ယှဉ် ပြိုင်သွားမယ်။ ‌လော‌လောဆယ်‌တော့ ‌ရွေး‌ကောက်ပွဲ မဲ‌ပေးမှုပုံစံ‌တွေကို အသိပညာ‌ပေးတယ်။ ပါတီရဲ့ မဟာဗျူဟာ ‌ရေးဆွဲ တယ်။ အဲ့ဒါ‌တွေ လုပ်‌ဆောင်‌နေတယ်”ဟု ‌ပြောသည်။

ကရင်ပြည်သူ့ ပါတီအ‌နေဖြင့် လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင့်‌ရေးရာဝန်ကြီး‌နေရာ ၅‌နေရာစလုံးကို ဝင်ပြိုင်သွားရန် လျာထားသည့်အပြင် ဧရာဝတီတိုင်း‌ဒေသကြီးတွင်လည်း ကရင်အများစု ‌နေထိုင်သည့် မြို့နယ်များတွင် မဲဆန္ဒနယ်အချို့၌ ဝင်‌ရောက်ယှဉ်ပြိုင်ရန်ရှိပြီး မွန်ပြည်နယ်၊ သထုံ၊ ကရင်ပြည်နယ်၊ သံ‌တောင်ကြီး၊ ဖာပွန်‌ဒေသတို့တွင် ဝင်‌ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်‌နေသည်ဟု ‌စော‌စေးဝါးက ဆက်‌ပြောသည်။

ကရင်ပြည်သူ့ပါတီ(KPP)အ‌နေဖြင့် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ‌အောက်‌ခြေ‌ကျေးရွာ၊ ရပ်ကွက်များမှစပြီး အခိုင်အမာ ပြန် လည်ဖွဲ့စည်းသွားရန် ၂၀၁၈ခုနှစ်၊ စက်တင်ဘာ ၁၅ရက်‌နေ့တွင် ပုသိမ်မြို့၊ ဂရုဏာ‌ဖောင်‌ဒေးရှင်းရုံးခန်း၌ ပြုလုပ်သည့် ကရင် ပြည်သူ့ပါတီ၊ ဧရာဝတီတိုင်း‌ဒေသကြီးအဆင့် အစည်းအ‌ဝေး၌ ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့ကြပြီး ယခုလို မြို့နယ်အဆင့် ရုံးများကို တစ်နှစ်အတွင်း တိုးချဲ့ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်။

KPP ကို ၂၀၁ဝပြည့်နှစ်၊ ‌မေ ၂၁ရက်‌နေ့တွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရရှိခဲ့ပြီး ပါတီသက်တမ်း ၉နှစ်အတွင်း ပါတီဝင် တစ်သိန်းခွဲခန့် ရရှိထားပြီး ပါတီအ‌နေဖြင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၆ဦး အနိုင်ရခဲ့သလို ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ကလည်း ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်တွင် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်တစ်ဦး အနိုင်ရ ခဲ့ဖူးသည်။