Home သတင်း ကရင်အာဇာနည်‌နေ့ ကျင်းပသည့်အတွက် ‌နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးကို ‌ထောင်ဒဏ် ၁၅ရက် အမိန့်ချ

ကရင်အာဇာနည်‌နေ့ ကျင်းပသည့်အတွက် ‌နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးကို ‌ထောင်ဒဏ် ၁၅ရက် အမိန့်ချ

2685

‌အောက်တိုဘာ ၂ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသား အာဇာနည်‌နေ့ ကျင်းပသည့် အတွက် အစိုးရက တရားစွဲထားသည့် အမှုတွင် ‌နော်အုန်းလှ ၊ ‌စောအဲလ်ဘတ်ချိုနှင့် စသိန်း‌ဇော်မင်းတို့ကို ‌ကျောက်တံတားမြို့နယ် တရားရုံးက ယ‌နေ့ ရုံးချိန်းတွင် အမိန့်ချမှတ်လိုက်သည်။

ယခုလို အမိန့်ချသည့်အ‌ပေါ် ‌ကျေနပ်မှုမရှိ သလို အယူခံတက်သွားမည် ဖြစ်ကာ မတရားခံရ သည့်အတွက် စာ‌ရေးတိုင်ကြားသွားရန်ရှိသည်ဟု ‌နော်အုန်းလှက ‌ပြောသည်။

“တရားသူကြီးက သက်ဆိုင်ရာနဲ့ ပူး‌ပေါင်း‌ဆောင်မှုမရှိလို့ အပြစ်ထင်ရှားတယ်ဆိုပြီး ၁၅ ရက်ချ ပါတယ်။ ဥပ‌ဒေနဲ့ အညီလုပ်တာကို ဥပ‌ဒေကို ‌ကျော်လွန်ပြီးညှိနှိုင်းခိုင်တာကို လက်မခံပါဘူး”ဟု ‌နော်အုန်းလှက ‌ပြောသည်။

‌ထောင် ၁၅ ရက်ချခံရ‌သော်လည်း ချုပ်ရက်ကို ထုတ်နုတ်သည့်အတွက် ၃ ဦးစလုံး လွှတ်‌မြောက်လာပြီးဖြစ်သည်။ အာမခံမယူဘဲ အချုပ်ဖြင့် တရားရင်ဆိုင်ရသည့်အတွက် ‌နော်အုန်းလှသည် ယခု ပြစ်ဒဏ် အတွက် ချုပ်ရက် ၇ ရက်ပို‌နေရသလို ‌စောအဲလ်ဘတ်ချိုနှင့် စသိန်း‌ဇော်မင်းတို့မှာမူ ၄ ရက် ပို‌နေရသည်ဟု ၎င်းတို့က ‌ပြောသည်။

ကရင်အမျိုးသားအာဇာနည်‌နေ့ ကျင်းပသည့် အတွက် အစိုးရက တရားစွဲခြင်းကို ပြန်ရုပ်သိမ်း‌ပေးရန် အထင်ကရ ကရင်လူမှုအဖွဲ့အစည်းများ ပါဝင်သည့် အဖွဲ့ ၂ဝ ‌ကျော်က နိုင်ငံ‌တော်သမ္မတနှင့် နိုင်ငံ‌တော် အဆင့် တာဝန်ရှိသူများထံ စာ‌ရေးသား‌ပေးပို့ ခဲ့သလို၊ ကရင်အမျိုးသား စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း ‌ရေး‌ကော်မတီ (KUPC)၊ ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နိုင်ငံ‌ရေး ပါတီများ၊ ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)၊ ညီ‌နောင်တိုင်းရင်းသား ပါတီများ ဖက်ဒ‌ရေးရှင်း (NBF)၊ ပြည်တွင်း အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီးတို့က သ‌ဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်‌တောင်းဆိုခဲ့သည်။