Home သတင်း မူးယစ်‌ဆေးဝါးများ အလွယ်တကူ ဝယ်ယူနိုင်ခြင်း‌ကြောင့် မြဝတီတွင် လူငယ်ထုကြားသုံးစွဲသူ ပိုမိုများပြားလာ

မူးယစ်‌ဆေးဝါးများ အလွယ်တကူ ဝယ်ယူနိုင်ခြင်း‌ကြောင့် မြဝတီတွင် လူငယ်ထုကြားသုံးစွဲသူ ပိုမိုများပြားလာ

2414

စက်တင်ဘာလ ၂၆ ရက်၊၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် WY မူးယစ်‌ဆေးဝါးကို ‌ဈေး‌ပေါ‌ပေါဖြင့် အလွယ်တကူ ဝယ်ယူနိုင်‌သော‌ကြောင့် လူငယ်ထုကြားမူးယစ်‌ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာ‌ကြောင်း မြဝ တီမြို့ ‌ဝှေ့ရှမ်း‌ကျေးရွာတွင် ယ‌နေ့ (စက်တင်ဘာလ ၂၆ရက်) နံနက်က ကျင်းပပြုလုပ်‌သော ပထမအကြိမ် မူးယစ်‌ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူ‌ထောင်‌ရေး သင်တန်းဆင်းပွဲအခမ်း အနားတွင် မူးယစ်‌ဆေးဖြတ်သူ လူငယ်များက ‌ပြောသည်။

ကရင်ပြည်နယ်၏ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် WY မူးယစ်‌ဆေးဝါးကို (၁)လုံး လျှင် မြန်မာကျပ်‌ငွေ ၇၀ဝမှ ကျပ် ၈၀ဝ ဖြင့်သာ ‌ဈေး‌ပေါ‌ပေါဖြင့် အလွယ်တကူ ဝင်ယူနိုင်‌သော ‌ကြောင့် လူငယ်ထုအကြားတွင် ယခုလို သုံးစွဲမှု ပိုမိုများပြားလာခြင်းဖြစ်သည်ဟု အမည်မ‌ဖော် လိုသူ မူးယစ်‌ဆေးဖြတ် လူငယ်တစ်ဦးက ‌ပြောသည်။

“တစ်ချို့အသက်မပြည့်‌သေးတဲ့လူငယ်‌လေး‌တွေကို မူးယစ်‌ဆေးဝါးဖြန့်ဖြူးရာ ထက်ဝက်ခန့် အမြတ်အစွန်း ရရှိ‌စေတဲ့ မက်လုံး‌ပေးပြီး မူးယစ်‌ဆေးဝါး‌ရောင်းဝယ်ဖြန့်ဖြူးတဲ့‌နေရာမှာ အသုံးချမှုများလည်း ရှိတယ်”ဟု အဆိုပါ လူငယ်က ‌ပြောသည်။

အစိုးရသည် မူးယစ်‌ဆေးသုံးစွဲသည့် လူငယ်များကို ‌ထောင်ဒဏ်ချမှတ်ခြင်းမဟုတ်ဘဲ လူမှု‌ရေးပြစ်ဒဏ်အ‌နေဖြင့် မူးယစ်‌ဆေးဖြတ်ကုသခြင်းများ၊ ၎င်းတို့ဘဝပြန်လည်ထူ‌ထောင်‌ရေး အတွက် စိတ်ဓာတ်ခွန်အားရရှိ‌စေရန် အသိပညာ‌ပေး ‌ဆောင်ရွက်မှုကို ကြိုဆို‌ကြောင်း၊ သို့‌သော် အမှန်တကယ် အရင်းအမြစ်ဖြစ်‌သော မူးယစ်‌ဆေးဝါး‌ရောင်းဝယ် ‌ဖောက်ကားပြုလုပ်သူများကိုလည်း ဖမ်းဆီးအ‌ရေးယူမှုမျိုး များများလုပ်ရန် လို‌ကြောင်း မြန်နိုင်ငံမူးယစ်‌ဆေးဝါး ဆန့်ကျင်‌ရေး(MAMA)အဖွဲ့၊ မြဝတီမြို့နယ် ဥက္ကဋ္ဌ ဦးစိုး‌နောင်က ‌ပြောသည်။

လူမှုဝန်ထမ်းနှင့်ပြန်လည်ထူ‌ထောင်‌ရေးဦးစီးဌာနမှ ကြီးမှူး၍ ရပ်ရွာအ‌ခြေပြု မူးယစ်‌ဆေးဖြတ် ကုသခြင်းနှင့်ပြန်လည်ထူ‌ထောင်‌ရေးသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့ နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက အဖွင့်အမှာစကား‌ပြောကြားခြင်း၊ မြဝတီခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦး‌နေဝါထွန်းက သင်တန်းဖွင့်ရခြင်းရည်ရွယ်ချက်ကို ‌ပြောကြားခြင်း နှင့် သင်တန်းဖြစ်‌မြောက်‌ရေးအတွက် ဝိုင်းဝန်းကူညီ‌ပေးကြ‌သော အရပ်ဘက်အဖွဲ့အစည်း များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ‌ပေးအပ်ခဲ့သည်။

“ပထမအကြိမ် မူးယစ်‌ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူ‌ထောင်‌ရေးကို မြဝတီမြို့၊ ‌ဝှေ့ရှမ်း‌ကျေးရွာ အလယ်တိုက်ဘုန်းကြီး‌ကျောင်းမှာ ‌ဆေးဖြတ်လူငယ် ၃ဝ ဦးခန့်ကို ရက်‌ပေါင်း ၃၅ ရက်ကြာကန့်(Camp)သွင်းကာ ‌ဆေးဖြတ်ကုသခြင်းများနဲ့ မူးယစ်‌ဆေးဝါးနဲ့ ပတ်သက်တဲ့ ဥပ‌ဒေ အသိ ပညာ‌ပေးခြင်းအပြင် ကျန်းမာ‌ရေး၊ ဘာသာ‌ရေး အားကစားလိုက်စားမှုများ ပြုလုပ်‌စေ၍ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းလာ‌စေရန် ပြုစုပျိုး‌ထောင်‌ပေးခဲ့ပြီး ယ‌နေ့ သင်တန်းဆင်းပွဲ ပြုလုပ်ရခြင်းဖြစ်တယ်။” ဟု မူးယစ်‌ဆေးစွဲသူများ ပြန်လည်ထူ‌ထောင်‌ရေးအသင်း(မြန်မာ) ကရင်ပြည်နယ်အသင်းခွဲ ဥက္ကဋ္ဌ ဦး‌ကျော်ဆန်းဦးက ‌ပြောသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြဝတီခရိုင်ဒုအုပ်ချုပ်‌ရေးမှူး ဦး‌ဌေး‌ကျော်၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုနှင့် အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ မူးယစ်‌ဆေးဝါးဆန့်ကျင်‌ရေး (MANA)အဖွဲ့ မြဝတီမြို့နယ် ဥက္ကဌ ဦးစိုး‌နောင်နှင့် အဖွဲ့ဝင်များ၊ အရပ်ဘက်လူမှု‌ရေးအဖွဲ့ အစည်းများအပါအဝင် လူဦး‌ရေ(၁၀၀)‌ကျော် တက်‌ရောက်ခဲ့ကြသည်။