Home သတင်း ကရင်အာဇာနည်‌နေ့ကို ဥပ‌ဒေနှင့်အညီ မျှတစွာ‌ဆောင်ရွက်ရန် အစဉ်အလာရှိအဖွဲ့များပါသည့် ၁၈ ဖွဲ့‌ပြော

ကရင်အာဇာနည်‌နေ့ကို ဥပ‌ဒေနှင့်အညီ မျှတစွာ‌ဆောင်ရွက်ရန် အစဉ်အလာရှိအဖွဲ့များပါသည့် ၁၈ ဖွဲ့‌ပြော

3104

စက်တင်ဘာ ၁၅၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသား အာဇာနည်‌နေ့သည် ကရင်လူမျိုးများ၏ ‌နေ့ထူး‌နေ့မြတ်များထဲမှ ‌နေ့တစ်‌နေ့ ဖြစ်သည့် အတွက် ဥပ‌ဒေနှင့် အညီ အခွင့်အ‌ရေး အပြည့်အဝ ရရှိ‌အောင် နိုင်ငံ‌တော်က တရားမျှတစွာ ‌ဆောင်ရွက်ရန် အစဉ်အလာ ကြီးမားသည့် ပြည်တွင်းကရင်လူမှုအဖွဲ့အစည်းများ အပါအဝင် အဖွဲ့ ၁၈ ဖွဲ့က စက်တင်ဘာ ၁၄ ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန် ‌ပြောဆို လိုက်သည်။
ကရင်အမျိုးသား အာဇာနည်‌နေ့နှင့် ပတ်သက်၍ ပြည်တွင်းကရင်လူမှုအဖွဲ့အစည်းများ အစည်းအ‌ဝေးကို ရန်ကုန် မြို့၊ ‌အောက်ကြည့်မြင်တိုင်လမ်း အမှတ် ၅၂၄၊ ၉ လွှာ၌ စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁ဝ နာရီမှ ‌နေလည် ၂ နာရီ ထိ ပြုလုပ်ခဲ့ပြီး စာတမ်းများ ဖတ်ကြားကာ ယခုလို သ‌ဘောထားထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

” ဒီက‌နေ့ဟာ ကရင်အမျိုးသားထုထဲမှာရှိတဲ့ အထင်ကရ ပုဂ္ဂိုလ်‌တွေ၊ အဖွဲ့အစည်းက လူပုဂ္ဂိုလ်‌တွေနဲ့ ဒီအ‌ဖြေ ကို တစ်နှစ်စာ မဟုတ်ဘဲနဲ့၊ တစ်သက်စာကို ကရင်အမျိုးသား‌တွေနဲ့တကွ အ‌ဖြေထွက်လာဖို့ စပြီး‌တော့ စဉ်းစား တဲ့ သ‌ဘောလို့ ကျ‌နော်မြင်ပါတယ်” ဟု သ‌ပြေ ပညာ‌ရေး‌ဖောင်‌ဒေးရှင်းမှ အမှု‌ဆောင်ဒါရိုက်တာ ‌စောမျိုးမင်းသူ က အခမ်းအနားတွင် ‌ပြောသည်။
ထို့အပြင် ကရင့်အာဇာနည်‌နေ့နှင့် ပတ်သက်၍ တိုင်းရင်းသား အခွင့်အ‌ရေးကာကွယ်‌စောင့်‌ရှောက်‌ရေး ဥပ‌ဒေ ရှု‌ထောင့်က စဉ်းစားရန်လိုသလို မိမိတို့ ကရင်အမျိုးသားများ၏ သမိုင်း‌ကြောင်းအရ ဥပ‌ဒေပိုင်းအရ မည်သို့ရှိ‌စေ ကာမူ ကျင်းပပိုင်ခွင့်ရှိသည့် လူမျိုးတစ်မျိုးရဲ့ ရပိုင်ခွင့်က‌နေလည်း စဉ်းစားရမည်ဟု ၎င်းက ဆက်‌ပြောသည်။

အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန၊ ကထိကဖြစ်သူ ‌ဒေါက်တာနန်းလှိုင်က ‘‌စောဘဦးကြီး၏ နိုင်ငံ ‌ရေး‌ဆောင်ရွက်ချက်နှင့် ငြိမ်းချမ်း‌ရေးအမြင် (၁၉၄၂-၁၉၄၈)’ စာတမ်းကို ဖတ်ကြားတင်သွင်းခဲ့ပြီး ကရင်နှစ်သစ် ကူး ကျင်းပ‌ရေးဗဟို‌ကော်မတီ (အာလိန်ငါးဆင့်)၊ အတွင်း‌ရေးမှူး၊ မန်း‌ကျော်ညွှန့်က ကရင်အမျိုးသား အာဇာနည် ‌နေ့ ဖြစ်‌ပေါ်လာပုံနှင့် တိုင်းရင်းသားလူမျိုးများအတွက် ဥပ‌ဒေပါ အခွင့်အ‌ရေး အပြည့်အဝရရှိ‌ရေး ဆိုင်ရာများကို စာတမ်းဖတ်ကြားကာ တက်‌ရောက်လာသူများက အပြန်အလှန်‌ဆွေး‌နွေးခဲ့ကြသည်။

” ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးကို ဗိုလ်ချုပ်‌အောင်ဆန်းနှင့် လွတ်လပ်‌ရေး‌ခေါင်း‌ဆောင်များအား ဆန့်ကျင်‌တော်လှန်သူဟု အသိအမြင်လွှဲမှား ‌ပြောဆိုမှုများ ကြား‌နေရပြီး သမိုင်းအမှန်သိမြင်ဖို့ရည်ရွယ်ကာ စာတမ်း ‌ရေးသားရခြင်း ဖြစ်ပါတယ်” ဟု ‌ဒေါက်တာနန်းလှိုင်က ‌ပြောသည်။

အခမ်းအနားအပြီးတွင် သ‌ဘောထား ထုတ်ပြန်ချက် တစ်‌စောင်ထုတ်ပြန်ခဲ့ပြီး ကရင်အမျိုးသား အာဇာနည်‌နေ့ သည် ကရင်လူမျိုးများ၏ ‌နေ့ထူး‌နေ့မြတ် တစ်ခုဖြစ်‌ကြောင်း၊ အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီးသည် ထိုအချိန်က ငြိမ်းချမ်း‌ရေးနှင့် ပြည်‌ထောင်စု အ‌ရေးကို ‌စေ့စပ်ညှိနှိုင်း‌ဆောင်ရွက်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် အဖိုး မဖြတ် နိုင်သည့် တိုင်းရင်းသား‌ခေါင်း‌ဆောင် တဦး ကျဆုံးခဲ့သည်ကို သမိုင်းသင်ခန်းစာ ယူကာ လွမ်းဆွတ် သတိရ ‌စေခြင်း၊ ထိုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံ မကြုံ‌စေရန် သတိ‌ပေးနှိုး‌ဆော်လိုခြင်း စသည့် အချက်များပါရှိသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးများ ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေ-ပုဒ်မ (၄) ပုဒ်မခွဲ (ဂ)၊ (ည) အရ မိမိတို့၏ ရိုးရာ၊ ယဉ်‌ကျေးမှု သမိုင်းအ‌မွေအနှစ်များကို ‌ဖော်ထုတ်ခွင့်နှင့် ‌နေ့ထူး‌နေ့မြတ်များအား လွတ်လပ်စွာ ကျင်းပ‌ဆောင်ရွက်ခွင့် ရှိသည် ဟု ပါရှိသည့်အတိုင်း နိုင်ငံ‌တော်က မျှတစွာ ‌ဆောင်ရွက်‌ပေးရန် သ‌ဘောထား ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ သ‌ဘောထား ထုတ်ပြန်ချက်ကို ပြည်တွင်းရှိ အစဉ်လာရှိ အဖွဲ့များဖြစ်သည့် ကရင်နှစ် ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)၊ ကရင်အမျိုးသားနှစ်သစ်ကူး ပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ(အာလိန်ငါးဆင့်၊ အင်းစိန်) စသည်တို့အပါအဝင် ကရင်ဗုဒ္ဓဘာသာ အကျိုး‌ဆောင်အဖွဲ့၊ ကရင်ဖြူမျိုးနွယ်စု၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုး သားပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ဧရာဝတီတိုင်း ‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော် မတီ၊ ရန်ကုန်တိုင်း ‌ဒေသကြီး အတွင်းရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေး မှု‌ကော်မတီ၊ ကရင် ‌ရှေ့‌နေများ၊ လူငယ်များ၊ ကရင်အမျိုးသမီး အဖွဲ့အစည်းများ အပါအဝင် စုစု‌ပေါင်း အဖွဲ့ ၁၈ ဖွဲ့ က စု‌ပေါင်း ထုတ်ပြန် ခြင်း ဖြစ်သည်။

ယင်း သ‌ဘောထား ထုတ်ပြန်ချက်နှင့် စာတမ်းများကို နိုင်ငံ‌တော် သမ္မတ၊ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့ လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော် ဥက္ကဌများနှင့် နိုင်ငံ‌တော်အဆင့် တာဝန်ရှိသူများထံ ‌ပေးပို ့သွား မည်ဖြစ်‌ကြောင်း အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့သည်။