Home သတင်း ပြည်ခရိုင် ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီအ‌ထောက်အကူပြုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေး လူငယ်အဖွဲ့ ဖွဲ့စည်း

ပြည်ခရိုင် ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီအ‌ထောက်အကူပြုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေး လူငယ်အဖွဲ့ ဖွဲ့စည်း

2192

ဩဂုတ်လ ၁၅ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း‌ဒေသကြီး ပြည်ခရိုင် ကရင်စာ‌ပေယဉ်‌ကျေးမှုအ‌ထောက်အကူပြုနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးလူငယ်အဖွဲ့ကို ဩဂုတ်လ ၁၄ရက်(ယမန်‌နေ့)က ပြည်မြို့ရှိ စိန်ဖရမ်စစ်‌ဇေးဗီးယားမူကြို‌ကျောင်း၌ ပြုလုပ်သည့် ပဲခူးတိုင်း‌ဒေသကြီး က ရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး‌နော်ပွယ်‌စေး၊ ခရိုင်ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီနှင့် ‌ဒေသခံကရင်လူငယ်များ‌တွေ့ဆုံပွဲတွင် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

အဆိုပါ ပြည်ခရိုင် ကရင်စာ‌ပေယဉ်‌ကျေးမှုအ‌ထောက်အကူပြုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးလူငယ်အဖွဲ့ကို မြို့နယ် ၅ မြို့နယ်မှ တင်သွင်းလာသည့် လူငယ်ကိုယ်စားလှယ် ၅ ဦးကို ကနဦး ‌ရွေးချယ်ပြီး‌နောက် ဥက္ကဌ၊ အတွင်း‌ရေးမှူး၊ ဘဏ္ဍာထိန်း၊ စာရင်းစစ်နှင့် သတင်းနှင့်ပြန်ကြား‌ရေးစသည့် ခရိုင်‌ကော်မတီ ၅ ဦးကို ထပ်မံ‌ရွေးချယ်တင်‌မြောက်ခဲ့ ခြင်းဖြစ်သည်။

ကရင်‌ရေးရာ ဝန်ကြီး ‌နော်ပွယ်‌စေးက “ကျမတို့ စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော်မတီကို ပံ့ပိုးကူညီဖို့အတွက်နဲ့ ‌နောက် တက်လာမယ့် ကျမတို့ မျိုးဆက်သစ်လူငယ်‌တွေ ‌ချော‌ချော‌မွေ့‌မွေ့ သွားနိုင်ဖို့အတွက် စာ‌ပေယဉ်‌ကျေးမှု အ‌ထောက် ကူပြုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးလူငယ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ပြီး‌တော့ ‌ကော်မတီဝင် ၅ ‌ယောက်ဖွဲ့‌ပေး လိုက်ပါတယ်။ ဒီအ‌ပေါ်မှာ သူတို့ရဲ့ စိတ်အားထက်သန်မှုရှိတာကို ‌တွေ့ရပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဲခူးတိုင်း ကရင်စာ‌ပေယဉ်‌ကျေးမှုအ‌ထောက်အကူပြုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးလူငယ်အဖွဲ့ကို ယခုဖွဲ့စည်း လိုက်‌သော ပြည်ခရိုင်အပါအဝင် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ‌တောင်ငူ၊ သာယာဝတီခရိုင်တို့တွင် ဖွဲ့စည်းထားပြီး ဖြစ်ရာ ကျန်ရှိသည့် ပဲခူးခရိုင်ကို ဖွဲ့စည်းပြီးပါက တိုင်းအဆင့် ဖွဲ့စည်းရန်အတွက်လည်း စီစဉ်‌ဆောင်ရွက်လျက်ရှိသည်ဟု ကရင်‌ရေးရာဝန်ကြီးက ဆက်‌ပြောသည်။

‌တွေ့ဆုံပွဲသို့ တက်‌ရောက်လာသည့် အငြိမ်းစား အထက‌ကျောင်းအုပ်ဖြစ်သူ ‌နော်ဆာ‌ဖောက“လူငယ်‌တွေ တိုးတက် လာဖို့အတွက် အခုလို လာလုပ်‌ပေးတာ အရမ်းဝမ်းသာမိပါတယ်။ အရင်က ကျမတို့ ကရင်လူငယ်‌တွေဟာ သူများ အ ‌နောက်မှာပဲ ‌နေတာများပါတယ်။ အခုတိုးတက်လာတဲ့ ‌ခေတ်ကာလ အ‌ခြေအ‌နေရ သူတို့တာဝန်ကို အတတ်နိုင်ဆုံး ကြိုးစားသွားမယ်ဆိုတဲ့အ‌ပေါ်မှာ အားရ‌ကျေနပ်မိပါတယ်။ လူငယ်‌တွေ ကိုယ်ရရှိတဲ့အခွင့်အ‌ရေးကို လက်လွှတ်ဆုံးရှုံး မခံပါ‌စေနဲ့။ ကိုယ့်ဆီမှာရှိတဲ့ တတ်စွမ်းမှု‌တွေကို တိုင်းပြည်အတွက်၊ လူမျိုးအတွက် အသုံးချသွား‌စေချင်ပါတယ်”ဟု ‌ပြောသည်။

ပဲခူးတိုင်း ကရင်‌ရေးရာဝန်ကြီးနှင့် ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီအပါအဝင် လူဦး‌ရေ (၁၀၀)‌ကျော် တက်‌ရောက် သည့် အဆိုပါ‌တွေ့ဆုံပွဲတွင် ပြည်ခရိုင် ကရင်စာ‌ပေယဉ်‌ကျေးမှုအ‌ထောက်အကူပြုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးလူငယ်အဖွဲ့ကို ဖွဲ့စည်းမှုအပြင် ပဲခူးတိုင်းအတွင်း သက်ဆိုင်ရာ ခရိုင်အဆင့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲများ ကျင်းပနိုင်ရန် ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာနမှ ခရိုင်(၁)ခုလျှင် ‌ထောက်ပံ့‌ငွေကျပ် (၂၅)သိန်းစီ ‌ထောက်ပံ့‌ပေးအပ်ခဲ့သည်ဟု သိရသည်။