Home သတင်း ဧရာဝတီတိုင်းအတွင်း ကရင်စာ‌ပေ သင်ကြားသူ နှစ်စဉ်များပြားလာ၊ ယခုနှစ် ‌ကျောင်းသားဦး‌ရေ တစ်သိန်း‌ကျော်ရှိ

ဧရာဝတီတိုင်းအတွင်း ကရင်စာ‌ပေ သင်ကြားသူ နှစ်စဉ်များပြားလာ၊ ယခုနှစ် ‌ကျောင်းသားဦး‌ရေ တစ်သိန်း‌ကျော်ရှိ

2756

ဩဂုတ် ၁၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ကရင်တိုင်းရင်းသားစာ‌ပေ သင်ကြားသူ ‌ကျောင်းသူ/‌ကျောင်းသားဦး‌ရေ နှစ်စဉ် များပြားလာပြီး ယခုနှစ်တွင် ‌ကျောင်းသားဦး‌ရေ တစ်သိန်း‌ကျော်ရှိသည်ဟု တိုင်းပညာ‌ရေးမှူးရုံး တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ဩဂုတ် ၁၆ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာသင်နှစ်၌ ဧရာဝတီတိုင်းအတွင်း အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်စာသင်ကြား‌နေ ‌သော ‌ကျောင်းသားဦး‌ရေ ၉၁,၈၇၁ဦးနှင့် ယမန်နှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ၁၂၃,၆၉၆ဦးရှိခဲ့ရာမှ ယခုနှစ် ၂၀၁၉-၂၀၂ဝ ပညာသင်နှစ်၌ ၁၃၁,၄၃၃ဦးအထိ ရှိခဲ့ခြင်း‌ကြောင့် နှစ်စဉ်တိုးတက် များပြားလာခြင်းဖြစ်‌ကြောင်း တိုင်းပညာ‌ရေးမှူးရုံး စာရင်းများ က ‌ဖော်ပြထားသည်။

ဧရာဝတီတိုင်း၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီဥက္ကဌ မန်းအိုင်ခလိန်က “ကရင်မိဘ‌တွေက ကရင်စာသင်ဖို့ ပိုစိတ်ဝင်စားလာတယ်။ ဆရာ‌တွေ စိတ်အားထက်သန်လာတယ်။ တိုင်းအတွင်းမှာလည်း တိုင်းရင်းသားအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက် ‌ရေးဌာန‌တွေ ရှိလာတယ်။ စာ၊ယဉ်ရဲ့နှိုး‌ဆော်တိုက်တွန်း အား‌ပေးမှု‌တွေ‌ကြောင့် ‌ကျောင်းသားဦး‌ရေ တိုးလာတာဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ကရင်တိုင်းရင်းသားစာ‌ပေ သင်ကြားမှုတွင် ပိုးကရင်စာ‌ပေသင်ကြားသည့် စာသင်‌ကျောင်း ၉၀၆‌ကျောင်းမှ ‌ကျောင်းသူ ‌ကျောင်းသား ၇၈,၃၃၉ဦး၊ စ‌ကောကရင်စာ‌ပေ သင်ကြားသည့် စာသင်‌ကျောင်း ၆၄၆‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား ၅၃,၀၉၄ဦးနှင့် ပိုးကရင် စာ‌ပေသင် ဆရာ/ဆရာမ ၁,၈၅၁ဦး၊ စ‌ကောကရင် စာ‌ပေသင်ဆရာ/ဆရာမ ၁,၃၆၃ဦးရှိ‌ကြောင်း ဧရာဝ တီတိုင်းပညာ‌ရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ယမန်နှစ် ကရင်တိုင်းရင်းသားစာ‌ပေ သင်ကြားမှုတွင် ပိုးကရင်စာ‌ပေသင်ကြားသည့် စာသင်‌ကျောင်း ၉၃၄‌ကျောင်းမှ ‌ကျောင်းသူ ‌ကျောင်းသား ၇၄,၂၇၄ဦး၊ စ‌ကောကရင်စာ‌ပေ သင်ကြားသည့် စာသင်‌ကျောင်း ၆၅ဝ‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား ၄၉,၄၂၂ဦးနှင့် ပိုးကရင် စာ‌ပေသင် ဆရာ/ဆရာမ ၂,၂၁၈ဦး၊ စ‌ကောကရင် စာ‌ပေသင်ဆရာ/ဆရာမ ၁,၅၉၂ဦးရှိ‌ကြောင်းဧရာဝ တီတိုင်းပညာ‌ရေးမှူးရုံး၏ စာရင်းထဲတွင် ‌ဖော်ပြပါရှိသည်။

၂၀၁၇-၁၈ ပညာသင်နှစ်တွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်စာ‌ပေသင်ကြားမှုမှာ ပိုးကရင် စာသင်‌ကျောင်း ၇၂၁ ‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား ၅၂,၂၀ဝဦးနှင့် ဆရာ/ဆရာမ ၁,၄၄ဝဦး၊ စ‌ကော ကရင်စာသင်‌ကျောင်း ၅၃၆‌ကျောင်း မှ ‌ကျောင်းသူ‌ကျောင်းသား ၃၉,၆၇၁ဦးနှင့် ဆရာ/ဆရာမ ၁,၂၅၆ဦးရှိခဲ့သည်ဟု တိုင်းပညာ‌ရေးမှူးစာရင်းတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ယခုစာသင်နှစ်တွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ‌နေထိုင်ကြသည့် (အရှို)ချင်းနှင့် ရခိုင်တိုင်းရင်းသားများလည်း ၎င်းတို့၏စာ‌ပေများကို အသီးသီး သင်ကြားလျက်ရှိ‌ကြောင်း တိုင်း‌ဒေသကြီးပညာ‌ရေးမှူးရုံးထံမှ သိရသည်။