Home သတင်း အ‌မေရိကန်နိုင်ငံလုံးဆိုင်ရာ ဒုံးပြိုင်ပွဲပြီးစီး၊ အိုမဟာဒုံးအဖွဲ့ ပထမဆွတ်ခူး

အ‌မေရိကန်နိုင်ငံလုံးဆိုင်ရာ ဒုံးပြိုင်ပွဲပြီးစီး၊ အိုမဟာဒုံးအဖွဲ့ ပထမဆွတ်ခူး

3171

ဩဂုတ် ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

အ‌မေရိကန်ပြည်‌ထောင်စု ကရင်ယဉ်‌ကျေးမှုအသင်း -Karen Culture Organization of USA (KCOUSA)မှ ဦး‌ဆောင်ပြုလုပ်‌သော နိုင်ငံလုံးဆိုင်ရာ ၅ ကြိမ်‌မြောက် ကရင်ရိုးရာဒုံးအကပြိုင်ပွဲတွင် ပထမဆုကို နီဘရာစကာ(Nebraka) ပြည်နယ်ကိုယ်စားပြု အိုမဟာ(KCOO)ဒုံးက ရရှိသွား‌ကြောင်း သိရသည်။

ယခုနှစ်အတွက် ဒုံးအကပြိုင်ပွဲများကို ‌ဆောက်ဒါခိုတာ(South Dakota)ပြည်နယ်၊ Huron မြို့၌ ဩဂုတ်လ ၉ ရက်မှ ၁၁ ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ယင်းပြိုင်ပွဲတွင် ဒုံးအဖွဲ့ ၅ဖွဲ့မှ ဝင်‌ရောက် ယှဉ်ပြိုင်ခဲ့‌ကြောင်း KCOUSA တာဝန်ရှိသူများက ဩဂုတ် ၁၄ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

KCOUSA အကြံ‌ပေးပုဂ္ဂိုလ် ‌စောဖိုးခွားက “ဒီပွဲဟာ ဘာသာ‌ရေးနဲ့လုံးဝ မဆိုင်ပါဘူး။ စာ‌ပေယဉ်‌ကျေးမှု‌တွေ မ‌ပျောက်ပျက်‌စေဘဲ ‌ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ဖို့အပြင် ဒီမှာရှိ‌နေတဲ့ မျိုးဆက်သစ်‌တွေကိုပါ လက်ဆင့် ကမ်းထိန်းသိမ်းတတ်‌စေဖို့ အခုလိုပွဲမျိုး ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယခုနှစ်တွင် အ‌မေရိကန်ပြည်‌ထောင်စု၊ နီဘရာစကာပြည်နယ်မှ KCON၊ KCOO၊ KYLC၊ အိမ်ရှင် ‌ဆောက်ဒါခို တာ ပြည်နယ်မှ KCOSD နှင့် တက္ကဆက်(Texas )ပြည်နယ်မှ KCOT ဒုံးအဖွဲ့များက ဒုံးပြိုင်ပွဲဝင် ‌ရောက်ယှဉ်ခဲ့ ကြပြီး မီနီဆိုးတား(Minnesota) ပြည်နယ်၊ ယူးထာ(Utah)ပြည်နယ်၊ ဝစ်စ‌ကော်ဆင်( Wisconsin) ပြည်နယ် များမှလည်း ‌ဖျော်‌ဖြေ‌ရေးနှင့် အခြား‌သောပြိုင်ပွဲများတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ဟု KCOUSA တာဝန်ရှိသူ များက ‌ပြောသည်။

ယခုနှစ်ပြိုင်ပွဲ၏ သုံးရက်တာအတွင်း ဒုံးအကပြိုင်ပွဲအပြင် ကရင်ဘာသာဖြင့် ဆု‌တောင်း ရာဓညာ‌တေးသီချင်း၊ အုပ်စုသီချင်း၊ ပန်းချီ၊ ကဗျာ၊ စာစီစာကုံး၊ စကားရည်လုပွဲ၊ ဆံ‌ကေသာအလှပြပြိုင်ပွဲများပြုလုပ်ခဲ့ပြီး လူဦး‌ရေ ၁,၀၀ဝ နီးပါးတက်‌ရောက်ခဲ့‌ကြောင်း တက္ကဆက်ပြည်နယ်ဒုံးဆရာ ‌စောဝါးက ‌ကေအိုင်စီသို့‌ပြောသည်။

ယမန်နှစ် ၂၀၁၈ ခုနှစ် ပြိုင်ပွဲတွင် ပြည်နယ် ၃ ပြည်နယ်မှ ဒုံးအဖွဲ့ ၅ ဖွဲ့ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး KCOT (တက္က ဆက်ပြည်နယ် ကိုယ်စားပြုဒုံးအဖွဲ့)မှ ပထမဆုရရှိခဲ့ကာ လူဦး‌ရေ ၁,၀၀ဝ ဦး‌ကျော် တက်‌ရောက် ဆင်နွှဲခဲ့ ‌ကြောင်း သိရသည်။

ကရင်စာ‌ပေနှင့် ရိုးရာယဉ်‌ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်၍ ပြည်နယ်အသီးသီးရှိ ကရင်ယဉ်‌ကျေးမှု အဖွဲ့ (KCO) ‌ပေါင်း ၁၂ ဖွဲ့မှ စု‌ပေါင်းကာ ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် (KCOUSA) သည် ချည်ဖြူဖွဲ့နှင့် ဒုံးအကပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှစ၍ ကရင်အာဇာနည်‌နေ့အခမ်းအနားပါ ထည့်သွင်းကျင်းပ ခဲ့ကြသည်။

အ‌မေရိကန်နိုင်ငံလုံးဆိုင်ရာ ကရင်ရိုးရာဒုံးအကပြိုင်ပွဲများကို၂၀၁၅ ခုနှစ်မှ စတင်ကာ မီနီဆိုးတားပြည်နယ်၊ ၂၀၁၆ ခုနှစ်တွင် တက္ကဆက်ပြည်နယ်၊ ၂၀၁၇ ၌ နီဘရာစကာပြည်နယ်၊ လင်ကွန်းမြို့ နှင့် ၂၀၁၈ ၌ တက္ကဆက် ပြည်နယ်၊ Amarillo မြို့တို့တွင် အသီးသီးကျင်းပခဲ့ကြပြီး ဖြစ်သည်။