Home သတင်း မြဝတီမြို့ လမ်းဆုံ ယာဉ်ထိန်းရဲ နား‌နေ‌ဆောင်တွင် ချိန်ကိုက်မိုင်းတစ်လုံး ‌တွေ့ရှိ

မြဝတီမြို့ လမ်းဆုံ ယာဉ်ထိန်းရဲ နား‌နေ‌ဆောင်တွင် ချိန်ကိုက်မိုင်းတစ်လုံး ‌တွေ့ရှိ

3006

ဇူလိုင် ၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီ ၅ ရပ်ကွက်၊ ‌ရေပူရပ်၊ အမှတ်(၂) တံတားလမ်းမကြီးနှင့် အာရှလမ်းမကြီးဆုုံရပ် မီးပွိုင့် ယာဉ်ထိန်းရဲ နား‌နေ‌ဆောင်တစ်ခုတွင် ယ‌နေ့ (ဇူလိုင် ၄ ရက်) နံနက်ပိုင်းက လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံး ‌တွေ့ရှိခဲ့သည်ဟု သိရသည်။

ယ‌နေ့ နံနက် ၆ နာရီခန့်တွင် ယာဉ်ထိန်းရဲ အကူနှစ်ဦးက သန့်ရှင်း‌ရေး လာလုပ်‌နေစဉ် စစ်ကျန်သံ‌ချေးတက် ၆ဝ မမ ဗုံးသီး‌ဟောင်းအား တိတ်နက်ပတ်၊ စနက်တန်၊ ဝါယာပါ အလျား ၁ ‌ပေ၊ အနံ ၆ လက်မခန့်ရှိ ၎င်း လက်လုပ်ချိန်ကိုက် မိုင်း(၁)လုံး ‌ထောင်ထားမှုကို ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ ‌တွေ့ရှိမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ အ‌ကြောင်းကြားခဲ့ရာတွင် ခရိုင်ရဲမှူး ဒုရဲမှူးကြီးမျိုးသန့်၊ ‌ရှေ့တန်းရုံး (၉၁၈)ခွဲ(၂)မှ ဗိုလ်မှူးနိုင်လင်းဦး၊ ပြည်နယ် နယ်ခြား‌စောင့်တပ် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာ ‌ရောက်စစ်‌ဆေးပြီး မိုင်းကို ဖယ်ရှားရှင်းလင်းလိုက်သည်ဟု သိရသည်။

ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် (BGF) ဗဟို ကွပ်ကဲ‌ရေးနှင့် အကြံ‌ပေးအရာရှိ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က “မိုင်းကို‌တော့ တပ်မ‌တော်က လာ‌ရောက်ရှင်းလင်းခဲ့ပြီး လက်ရှိမှာ အန္တရာယ်မရှိ‌တော့ပါဘူး”ဟု ‌ပြောသည်။

ယခု လက်လုပ်ချိန်ကိုက်မိုင်း‌တွေ့ရှိမှုသည် တမင်ခြိမ်း‌ခြောက်သည့် သ‌ဘောဖြင့် လာ‌ရောက်‌ထောင်ထား ခြင်းဖြစ်နိုင်သည်ဟု မိုင်း‌တွေ့ရှိ‌သော ယာဉ်ထိန်းရဲ နား‌နေ‌ဆောင်အနီး ‌နေထိုင်သူများက သုံးသပ်‌ပြောဆိုကြ သည်။

နယ်စပ်မြို့တစ်မျိုးဖြစ်‌သော မြဝတီမြို့တွင် အစိုးရ တပ်မ‌တော်အပါအဝင် လက်နက်ကိုင် အဖွဲ့စုံလှုပ်ရှား‌နေ သည့် ‌နေရာဖြစ်ပြီး လွန်ခဲ့သည့် ၂ဝ၁၄ ခုနှစ်က အမှတ် (၁)ချစ်ကြည်‌ရေးတံတား‌အောက်နှင့် မြို့နယ် တရား ရုံး‌ရှေ့တွင် လက်လုပ်မိုင်း‌တွေ့ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။