Home သတင်း ၁၂ နှစ်ကြာ ပိတ်ထား‌သော ဘုရားသုံးဆူ နယ်စပ်ဂိတ် မကြာမီ ပြန်လည်ဖွင့် လှစ်နိုင်ရန် ပြင်ဆင်

၁၂ နှစ်ကြာ ပိတ်ထား‌သော ဘုရားသုံးဆူ နယ်စပ်ဂိတ် မကြာမီ ပြန်လည်ဖွင့် လှစ်နိုင်ရန် ပြင်ဆင်

4399

ဇူလိုင် ၁၅ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ယခင်က နှစ်နိုင်ငံ ပြဿနာများ‌ကြောင့် ၁၂ ကြာ ပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်‌သော က ရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင်အတွင်းရှိ ဘုရားသုံးဆူမြို့၊ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ တာဝန် ရှိသူများ ညှိနှိုင်းပြင်ဆင်လျက်ရှိ‌ကြောင်း သိရသည်။

မြန်မာနိုင်ငံအ‌နေဖြင့် တစ်ဖက်ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်စည်ကူးသန်းမှုများပြုခဲ့ရာမှ ပြဿနာများဖြစ်ပွား ခဲ့သည့်အတွက်၂ဝဝ၇ ခုနှစ်၊ မတ်လ ၂၂ ရက်‌နေ့မှစတင်ကာ မြန်မာအစိုးရဘက်ခြမ်းမှ ယ‌နေ့အချိန်ထိ နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ပြီး နိုင်ငံ‌တော်အကြီးအကဲများ၏ လမ်းညွှန်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများညှိနှိုင်း‌နေပြီဖြစ်‌ကြောင်း မြန်မာအစိုးရတာဝန်ရှိသူဘက်က ဆိုသည်။

ဘုရားသုံးဆူမြို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက “ပထမဦးဆုံး ‌ခြေလှမ်းအ‌နေနဲ့လူဝင်လူထွက်ကိုသာ ဖွင့်လှစ်‌ဆောင်ရွက်မှာဖြစ်ပြီး ကုန်စည် ကူးသန်းမှု‌တွေ မပါ‌သေးပါဘူး။ ယခု ကြိုတင်ပြင်ဆင်တဲ့အ‌နေနဲ့ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ၁၂ နှစ်ကြာ ပိတ်ထားတဲ့အတွက် ကျ‌နော်တို့ဌာနရဲ့လုပ်ငန်း‌ဆောင်ရွက်ရမယ့် အ‌ဆောက်အဦးကို ဝန်ကြီးရဲ့ လမ်း ညွှန်ချက်နဲ့ ကျ‌နော်တို့ပြန်လည်ပြင်ဆင်‌ဆောင်ရွက်ထားပြီဖြစ်ပါတယ်” ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ ဇူလိုင်လ‌နှောင်းပိုင်းတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ အ‌ဝေး‌ပြေးကားလမ်းမ‌ဖောက်လုပ် ခြင်းအတွက် ‌ရေလွှဲချခြင်းများပြုလုပ်ရာတွင် ဘုရားသုံးဆူမြို့ ရပ်ကွက်တချို့ ‌ရေလွှမ်းခဲ့ခြင်း‌ကြောင့် နှစ်နိုင်ငံ နယ်စပ်အကြား လုံခြုံ‌ရေးတိုးမြှင့်ချထားမှုများနှင့် နယ်စပ်ဂိတ်ဖြတ်သန်းသွားလာမှုကို ပိတ်ထားခဲ့ရသည့် အ‌ခြေအ‌နေထိ ဖြစ်‌ပေါ်ခဲ့ဖူးသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလတွင် နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်‌ပေးရန် ထိုင်းဘက်ခြမ်း မှ တာဝန်ရှိသူများက မြန်မာအစိုးရ တာဝန်ရှိသူများကို ‌တောင်းဆိုမှုပြုခဲ့‌သော်လည်း နှစ်နိုင်ငံနယ်နမိတ် သတ်မှတ်ခြင်းအဆိုင်ရာ အငြင်းပွားမှု ကိစ္စရပ်များကို‌ဖြေရှင်းပြီးမှသာ ပြန်လည်ဖွင့်လှစ်ရန် မြန်မာအစိုးရ တာဝန်ရှိသူများဘက်က ‌ပြောဆိုခဲ့ဖူးသည်။

ဘုရားသုံးဆူမြို့တွင် ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ‌ရေး၊ ‌မော်လမြိုင်၊ ကျိုက်မ‌ရောနှင့် ‌အောင်လံ စ သည့် မြို့များမှ ‌ဒေသခံများ လာ‌ရောက်‌နေထိုင်သူများပြားပြီး ထိုင်းနိုင်ငံဘက်ခြမ်းရှိ စက်ရုံ၊ အလုပ်ရုံများသို့ ‌နေ့ချင်းပြန်အလုပ်သွား‌ရောက်လုပ်ကိုင်ကြရသည်ဟု ‌ဒေသအာဏာပိုင်များက ‌ပြောသည်။

ဘုရားသုံးဆူမြို့မှ ထိုင်းဘက်ခြမ်းရှိ ဝင်းကမြို့ အနီးဝန်းကျင်တွင် ဖွင့်ထားသည့် မီးခြစ်စက်ရုံ၊ သိုး‌မွှေးစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အီလက်ထ‌ရောနစ်စက်ရုံ၊ CD ပြားစက်ရုံ၊ ခရီး‌ဆောင်အိတ်စက်ရုံ အစရှိသည့် စက်ရုံ ‌ပေါင်း ၂၅ ရုံခန့်တွင် ‌နေ့ချင်းပြန် သွား‌ရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမား ၆,ဝဝဝ က‌နေ ၇,ဝဝဝ ထိရှိသည်ဟု ဘုရားသုံးဆူမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦး‌ဇော်မိုးက ယခုလို‌ပြောသည်။

၎င်းက “ထိုင်းဘက်ခြမ်း ၄ ဖာလုံ‌လောက်မှာ ̔ရှမ်းကုန်း̕ လို့‌ခေါ်တဲ့ သူတို့အလုပ်ရုံရှိတဲ့‌နေရာ‌တွေကို ထိုင်း ဘက်က ဖယ်ရီကားနဲ့ မြန်မာအလုပ်သမား‌တွေကို လာကြို‌ပေးကြသလို ည‌နေအလုပ်ဆင်းရင်လည်း ဖယ်ရီ နဲ့ပြန်ပို့ ‌ပေးကြတယ်။ လုပ်အားခ အ‌နေနဲ့တရားဝင် MoU နဲ့ သွား‌ရောက် လုပ်ကိုင်‌နေကြတာမဟုတ်လို့ တစ်‌နေ့လုပ်အားခ ဘတ်(၁၃ဝ) ‌လောက်သာ မြန်မာအလုပ်သမား‌တွေရကြတယ်။ တရားဝင် အလုပ်လုပ် ခွင့်ရရင်‌တော့ ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ လုပ်အားခ တစ်‌နေ့ ဘတ် ၃ဝဝ ရနိုင်မှာဖြစ်ပါတယ်”ဟု ‌ပြော သည်။

ဘုရားသုံးဆူမြို့သည် ကရင်ပြည်နယ် ‌ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြိုနယ်အတွင်း တည်ရှိပြီး ရပ် ကွက်ကြီး ၄ ခုရှိသည်။ အ‌ရှေ့အ‌နောက် ၂၄ မိုင်၊ ‌တောင်နှင့်‌မြောက် ၃၆ မိုင်ရှိပြီး အိမ်‌ခြေ ၂,၃ဝဝ လူဦး‌ရေ (၁၇,ဝဝဝ)ခန့် ‌နေထိုင်လျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာ စတုရန်းမိုင်‌ပေါင်း ၁,၃၁၅ ဒသမ ၃၆ (၁,၃၁၅.၃၆)မိုင်ရှိကာ ထိုင်းနိုင်ငံနှင့် ၆၉ မိုင်ထိ နယ်နိမိတ် ဆက်စပ်လျက်ရှိ‌ကြောင်း သိရှိရသည်။

ဘုရားသုံးဆူ နယ်စပ်သည် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြား ယ‌နေ့အချိန်အထိ နယ်စပ်နယ်နိမိတ် တိတိကျကျ သတ်မှတ်နိုင်ခြင်းမရှိ‌သေးဘဲ နှစ်နိုင်ငံအကြား နယ်‌မြေအငြင်းပွားမှု ပြဿနာများလည်း ရံဖန် ရံခါ ဖြစ်ပွားလျက်ရှိသည်။