Home အမြင်သဘောထား ဖားအံ‌ဒေသခံတစ်ဦး၏ မြို့ကမ်းနားလမ်း စီမံကိန်းအ‌ပေါ် ‌ထောက်ပြ‌ပြောဆိုချက်

ဖားအံ‌ဒေသခံတစ်ဦး၏ မြို့ကမ်းနားလမ်း စီမံကိန်းအ‌ပေါ် ‌ထောက်ပြ‌ပြောဆိုချက်

3017

ကရင်ပြည်နယ်၊ ဖားအံမြို့ ကမ်းနားလမ်းသာယာလှပ‌ရေး စီမံကိန်းအ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်‌တော်မှ အတည်ပြုထားသည့် လုပ်ငန်းအစီအစဉ်များနှင့် ‌မြေပြင်တွင် လက်‌တွေ့ ‌ဆောင်ရွက်‌နေမှုများ ကွဲလွဲမှုဖြစ်‌ပေါ်‌နေ‌ကြောင်း ဖားအံ‌ဒေသခံတစ်ဦးဖြစ်သည့် ကို‌ကျော်ဇင်ဝင်းက ယမန်‌နေ့ (ဇွန်လ ၃ရက်)တွင် သတင်း ‌ထောက်များနှင့်‌တွေ့ဆုံကာ ၎င်းစီမံကိန်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ‌ထောက်ပြ‌ပြောဆိုခဲ့သည်။

ကျ‌နော် ကမ်းနားလမ်းစီမံကိန်းနဲ့ပတ်သက်ပြီး ‌ပြောရမယ်ဆိုရင် ကျ‌နော်တို့က ဒီစီမံကိန်းကို မလုပ်‌စေချင်တာလည်း မဟုတ်ဘူး။ ‌နှောင့်ယှက်‌နေတာလည်း မဟုတ်ဘူး။ ကရင်ပြည်နယ် အစိုးရအဖွဲ့ကို ကန့်လန့်တိုက်‌နေတာလည်း မဟုတ်ဘူး။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး‌တော့ ကရင်ပြည်နယ်လွှတ်‌တော်ရဲ့ အ‌ရေး‌ပေါ်အစည်းအ‌ဝေး ၂/၂၀၁၇ အရ အတည်ပြုထား‌ပေးတဲ့ Plan အတိုင်း တိတိကျကျ လုပ်‌ပေးပါ။ ကျ‌နော် ဒါကိုပဲ ‌ပြောချင်ပါတယ်။

ကျ‌နော်တို့အစဉ်တစိုက် လုပ်ခဲ့တာ။ ဟိုး ကမ်းနားလမ်းစီမံကိန်းစကတည်းက ကျ‌နော်တို့‌ပြောတယ်။ ပြည်သူ‌တွေကို ပွင့်လင်းမြင်သာစွာ ချပြပါ‌ပေါ့။ ‌တောင်းဆိုခဲ့တယ်။ ‌နောက်ဆုံး ကျ‌နော်တို့ ‌နေပြည်‌တော်အထိ တက်တိုင်တယ်။ ကျ‌နော်သာ အဖမ်းခံလိုက်ရတယ်။ ကျ‌နော်တို့ကို မချပြဘူး။ အခုအချိန်မှာ ကျ‌နော်တို့ တရားဝင် အချက်အလက်‌တွေရထားပြီးပြီ။ ကျ‌နော်တို့ ‌ပြောတယ်။ ဒီအချက်အလက်‌တွေနဲ့ ကွဲလွဲ‌နေတယ်။ ဒါ‌တွေကို စိစစ်‌ပေးပါ။ အတည်ပြုထားတဲ့ Plan အတိုင်းလုပ်‌ပေးပါ‌ပေါ့။

ဒီမှာ တစ်ခုထပ်ဖြည့်‌ပြောချင်တာက ကျ‌နော့်အ‌နေနဲ့ ကုမ္ပဏီကို ဘာမှသွား‌ပြောစရာ အ‌ကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲ ဆို‌တော့ ကုမ္ပဏီကလုပ်ပိုင်ခွင့်ရ‌နေတာဟာ အစိုးရက ခွင့်ပြုထားလို့။ အစိုးရဆိုတာက ကျ‌နော်တို့ပြည်သူ‌တွေက မဲ‌ပေးထား တာ။ ‌ပြောမယ်ဆိုရင် ကျ‌နော်တို့အစိုးရကိုပဲ ‌ပြောရမှာဖြစ်တယ်။ အဲဒီအတွက်လည်း ပြည်နယ်အစိုးရနဲ့ လွှတ်‌တော်ကို ‌ပြော‌နေ တာပါ။

ကမ်းနားလမ်းစီမံကိန်းနဲ့ပတ်သက်ပြီး ကျ‌နော်သိသ‌လောက် လွှတ်‌တော်က တရားဝင် အတည်ပြုထားတဲ့ Plan အရဆို အပိုင်း ၆ပိုင်းခွဲပြီး လုပ်‌ဆောင်‌နေပါတယ်။ အပိုင်း ၆ပိုင်းမှာ သိသာထင်ရှားတဲ့ အမှားအယွင်းက‌တော့ ကုမ္ပဏီက လုပ်ပိုင်ခွင့်ရ ထားတဲ့ ‌မြေဧက ၄.၉ဧကမှာ တည်‌ဆောက်မယ့် ‌မြေဧက ၁.၂ ဧက ကျယ်ဝန်းတဲ့ အမှတ်တရပစ္စည်း အ‌ရောင်းဆိုင်‌ပေါ့။ အဲဒါကို လွှတ်‌တော်မှာအတည်ပြုထားတာ တစ်ထပ်တည်းပါ။ ‌မြေပြင်မှာက နှစ်ထပ်ဖြစ်‌နေတယ်။ ကျ‌နော်တို့က အဲဒါ‌ပြောတယ်။

ပြီး‌တော့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ၅.၄.၂၀၁၇ က နိုင်ငံပိုင် ‌ကြေးမုံသတင်းစာက‌နေပြီး တင်ဒါ‌ခေါ်ခဲ့တယ်။ တင်ဒါမှာ ဘာ‌ပြောထားလဲဆိုရင် BOT စနစ်အရ အစိုးရနဲ့ နှစ် ၃ဝ အကျိုးတူ‌ပေါ့။ အဲဒီ BOT စနစ်ဖြစ်တဲ့အတွက် ဒီ‌နေရာကို ဘယ်သူမှမ ပိုင်ဘူး။ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ၁၈.၃.၂၀၁၉ ဖားအံကိုလာသွားတဲ့အချိန် လူထု‌တွေ့ဆုံပွဲမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ‌ဒေါ်နန်းခင်‌ထွေးမြင့်က ဒီကမ်းနားလမ်းစီမံကိန်းက နှစ် ၃ဝ ပါပဲလို့‌ပြောသွားတယ်။ ဒီအချက်အလက်‌တွေ ကျ‌နော်တို့မှာ ရှိပြီး သားလည်းဖြစ်ပါတယ်။ ဒီ‌နေရာကို ဦးထွန်း‌အောင်‌ရွှေ ပိုင်ပါတယ်လို့ မ‌ပြောဘူး‌နော်။ ဒါ‌ပေမယ့် ဆိုင်းဘုတ်‌လေးမှာ ပိုင်ရှင်အ မည် ဦးထွန်း‌အောင်‌ရွှေလို့ ‌ရေးထားလို့။ နှစ် ၃ဝ ပြီးရင် အစိုးရကိုပြန်အပ်ရမှာ ကျ‌နော်ဒါကို‌ပြောတာဖြစ်တယ်။

ဒါကို‌ပြောလို့ ကုမ္ပဏီက ထိခိုက်တာလား။ ကုမ္ပဏီပိုင်ရှင် ဦးထွန်း‌အောင်‌ရွှေက သူ့ကို‌စော်ကားတယ်လို့ ယူဆတာလား မသိဘူး။ ကုမ္ပဏီကို ပုပ်ခတ်တာလည်း မပါဘူး။ ဦးထွန်း‌အောင်‌ရွှေနာမည်လည်း တစ်လုံးမှမပါဘူး။ ဒါ‌ပေမယ့် သူက ကျ‌နော့်ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်‌ပေး‌ရေး ဥပ‌ဒေ(နိုင်လွတ်လုံ)နဲ့ ရဲစခန်းမှာ အမှု ဖွင့်ပါတယ်။ ကျ‌နော်ကလည်း ကျ‌နော့်ရဲ့လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုပိုင်ခွင့်ကို သူက တရားစွဲတဲ့သ‌ဘောဖြစ်‌တော့ ကျ‌နော့် ဘက်က‌နေ သူ့ကို နိုင်လွတ်လုံနဲ့ပြန်စွဲလိုက်တာပါ။ ဦးထွန်း‌အောင်‌ရွှေ ကျ‌နော့်ကိုစွဲတာ ဖားအံမြို့ရဲစခန်းမှာ ပ/ ၇၃၂ ‌ပေါ့။ ကျ‌နော် ပြန်စွဲထားတာက ပ/ ၇၃၈ နဲ့ပါ။

ကုမ္ပဏီကိုလည်း ကျ‌နော်မ‌ပြောချင်ဘူးဗျ။ ကုမ္ပဏီက လုပ်တယ်ဆိုတာက အစိုးရက ခွင့်ပြု၍‌သော်လည်း‌ကောင်း၊ ကြီး ကြပ်မှုအားနည်း၍‌သော်လည်း‌ကောင်း‌ပေါ့၊ တစ်ခုခု‌တော့ဖြစ်နိုင်တယ်‌လေ။ ကရင်ပြည်နယ်မှာ ကရင်ပြည်နယ်အစိုးရရှိသလို လွှတ်‌တော်ကလည်း တရားဝင်အတည်ပြုထားတဲ့ Plan ရှိတယ်။ ကျ‌နော်‌ပြောချင်တာက ပြည်သူ‌တွေပဲဗျ။

ဘာဖြစ်လို့လည်းဆို‌တော့ ၂၀၀၈ ‌ခြေဥမှာက အခန်း ၁၊ နိုင်ငံ‌တော်၏ အ‌ခြေခံမူများ၊ ပုဒ်မ ၄ မှာ‌ပေါ့။ အဲဒီမှာ နိုင်ငံ‌တော် ၏ အာဏာဟာ နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတဝှမ်းလုံးတွင် တည်တယ်တဲ့။ ဒီမိုက‌ရေစီစနစ်မှာလည်း ပြည်သူဟာ သူနဲ့တူတဲ့ အစိုးရကိုရတယ်။ ပြည်သူက အစိုးရကိုထိန်း‌ကျောင်းရမှာ။ မှား‌နေတာ‌တွေ၊ လွဲ‌နေတာ‌တွေ၊ အမှန်တရား‌တွေကို ဆို ရဲရဲ‌ပြောရမယ်။ အဲဒါကျရင် အစိုးရကလည်း လုပ်ရမှာပဲ။ လွှတ်‌တော်ကလည်း ဒါကို အ‌ရေးတယူ လုပ်‌ဆောင်ရမှာပဲ။ ကျ‌နော့်အ မြင် ကုမ္ပဏီထည့်‌ပြောစရာကို မလိုဘူးဗျ။

ကျ‌နော်တို့‌ပြောချင်တာက ဒီကမ်းနားလမ်းသာယာလှပ‌ရေး စီမံကိန်းနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လွှတ်‌တော်ရဲ့ဒုတိ ယအကြိမ် အ‌ရေး‌ပေါ်အစည်းအ‌ဝေး ၂/ ၂၀၁၇ အရ အတည်ပြု‌ပေးထားတဲ့ ပုံစံအတိုင်း စံချိန်စံညွှန်းနဲ့အညီ လုပ်‌ပေးပါလို့ ဒါပဲ ကျ‌နော် ‌ပြောချင်ပါတယ်။