Home သတင်း ကရင်ပြည်နယ်တွင် ပညာ‌ရေးဝန်ထမ်း ဦး‌ရေ ၄,ဝဝဝ ခန့် လိုအပ်လျက်ရှိ

ကရင်ပြည်နယ်တွင် ပညာ‌ရေးဝန်ထမ်း ဦး‌ရေ ၄,ဝဝဝ ခန့် လိုအပ်လျက်ရှိ

3656

ဇွန်လ ၂ဝ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်တွင် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်ကာလအတွင်း သက်ဆိုင်ရာပညာ‌ရေးဌာနအသီးသီးမှ ရုံးဝန်ထမ်းနှင့် သင်ကြား ‌ရေး ဆရာ/ဆရာမ ဦး‌ရေ ၄,ဝဝဝ နီးပါးလိုအပ်လျက်ရှိသည်ဟု ပြည်နယ်ပညာ‌ရေးဌာန တာဝန်ရှိသူက ‌ပြောသည်။

ပြည်နယ်အတွင်း စာသင်‌ကျောင်း‌ပေါင်း ၁,၈ဝဝ ‌ကျော်ရှိသည့်အနက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း‌ကျောင်းခွဲများကို နှစ်စဉ်အဆင့်လိုက် တိုးမြှင့်သတ်မှတ်ပြီး သက်ဆိုင်ရာ‌ကျောင်းအသီးသီးမှ ရုံးဝန်ထမ်းနှင့် သင်ကြား‌ရေးဝန်ထမ်းများ လိုအပ်‌နေ ‌နေခြင်းဖြစ်သည်ဟု ပြည်နယ်ပညာ‌ရေးမှူး ‌ဒေါ်မြင့်မြင့်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဆင့်တိုးမြှင့်လိုက်တဲ့‌ကျောင်း‌တွေဆို ဝန်ထမ်းမဖြည့်‌ပေးနိုင်‌သေးဘူး‌ပေါ့‌နော်။ ပြည်နယ်အ‌နေနဲ့လည်း ‌ဆောင်ရွက်လို့ မရဘူး။ ပညာ‌ရေးဝန်ကြီးဌာနက‌နေ စီစဉ်‌ဆောင်ရွက်‌ပေးတာကိုပဲ လုပ်ရတယ်။ ဝန်ထမ်းရာထူးအဆင့်လိုက် ရုံးဝန်ထမ်းအပါအဝင် ဦး‌ရေ ၄,ဝဝဝ ‌လောက်လိုအပ်တယ်” ဟု ပြည်နယ်ပညာ‌ရေးမှူး ‌ဒေါ်မြင့်မြင့်ဝင်းက ဇွန်လ ၁၃ ရက်‌နေ့တွင် ‌ပြောသည်။

ပြီးခဲ့သည့် ‌မေလ ၂၃ ရက်‌နေ့က ပြည်နယ်အတွင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း‌ကျောင်းခွဲစုစု‌ပေါင်း ၂၄၃ ‌ကျောင်းကို အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပြီး ဝန်ထမ်းများမဖြည့်ဆည်း‌ပေးနိုင်‌သေးသည့်အတွက် သင်ကြား‌ရေးအခက်အခဲများရှိသည်ဟု ပညာ‌ရေးဝန်ထမ်းများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌တောင်ဒီးရွာ ကဇိုင်းခိ‌ကျောင်းအုပ် ဆရာ‌စော‌အောင်‌အေးမြင့်က “‌ကျောင်းသားဦး‌ရေများ‌တော့ သင် ကြားရ ခက်ခဲတာ‌ပေါ့။ ဝန်ထမ်း ၁၁ ‌ယောက်မှာ ‌ကျောင်းသား ၄ဝဝ သင်ရတယ်‌ပေါ့‌နော်။ အမက‌တောင်ဒီးလည်း ဝန်ထမ်း မလုံ‌လောက်ဘူး။ ရွာလယ်အမကခွဲလည်း တရားဝင်‌ကျောင်းအဖြစ် ကျလာတယ်။ ဝန်ထမ်းမခန့်လာ‌သေးဘူး‌ပေါ့‌နော်။ ကျ‌နော်‌ကျောင်းက ဆရာ/ဆရာမ‌တွေ သွားကူပြီး သင်‌ပေးရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် အံဖကြီး‌ကျေးရွာ အထက်တန်း‌ကျောင်းခွဲတွင်လည်း အထက်တန်းပြ ၅ ဦးသာရှိသည့်အတွက် အလယ် တန်းပြဆရာ/ဆရာများကို ‌ခေါ်ယူသင်ကြား‌နေရပြီး ‌ကော့ကရိတ်‌တောင်ပိုင်းအ‌နေဖြင့် အထက်တန်း ‌ကျောင်းခွဲသာရှိ‌နေသည့် အတွက် ‌ဒေသလိုအပ်ချက်အရ အထက်တန်း‌ကျောင်းတစ်‌ကျောင်းကို သက်ဆိုင်ရာမှ အဆင့်တိုးမြှင့်သတ်မှတ်‌ပေး‌စေလိုသည်ဟု ‌ကျောင်းအုပ်ဖြစ်သူ ဆရာ‌စောဟန်‌ဝေလင်း‌ကျော်က ‌ပြောသည်။

ကရင်ပြည်နယ်တွင် ရာထူးအဆင့်လိုက် ပညာ‌ရေးဝန်ထမ်း ၁၅,၅ဝဝ ဝန်းကျင်ရှိပြီး ပညာ‌ရေး‌ကောလိပ်‌ကျောင်းမှ နှစ်စဉ် ပညာ ‌ရေးဝန်ထမ်း ၃ဝဝ ‌ကျော်‌မွေးထုတ်‌ပေးသလို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) ဝန်ထမ်းများကို ‌ခေါ်ယူခန့်အပ်‌သော် လည်း နှစ်စဉ်ဝန်ထမ်း လိုအပ်ချက်များရှိ‌နေ‌သေး‌ကြောင်း ပြည်နယ်ပညာ‌ရေးမှူး ‌ဒေါ်မြင့်မြင့်ဝင်းက ‌ပြောသည်။