Home သတင်း ၅ ဘာသာ ဂုဏ်ထူးရှင်နှင့် ‌တွေ့ဆုံခြင်း

၅ ဘာသာ ဂုဏ်ထူးရှင်နှင့် ‌တွေ့ဆုံခြင်း

4879

“ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ကြိုးစားဖို့ အ‌ရေးကြီးတယ်”ဆိုတဲ့ ၅ ဘာသာဂုဏ်ထူးရှင် ‌စောထွန့်‌ဖောင်ဟီး

၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် ထွက်ရှိခဲ့‌သော တက္ကသိုလ်ဝင်တန်း‌အောင်စာရင်း၌် ၅ ဘာသာဂုဏ်ထူးရရှိ ထားသူ ကရင်ပြည်နယ်သား၊ အသက် (၁၇)နှစ်အရွယ် ‌စောထွန့်‌ဖောင်ဟီး(စဝ်ဓံင့်ဖါန်ဃှီး) (ခ) ‌စောစိုးနိုင်အား ‌ကေအိုင်စီ-ကရင်သတင်းဌာန၏ သတင်း‌ထောက် ‌စောရှားမှ ‌တွေ့ဆုံ‌မေးမြန်းထားသည်ကို ‌ဖော်ပြလိုက်ပါသည်။

‌မေး။ ဒီနှစ် ကရင်ပြည်နယ်မှာ ၅ ဘာသာနဲ့ ၆ ဘာသာဂုဏ်ထူးရရှိတဲ့လူ မရှိဘူးလို့ ပြည်နယ်ပညာ‌ရေးမှူးရုံး စာရင်းအရ သိရတာ‌ပေါ့‌နော်။ ဖူခွါ့(ညီ‌လေး)က ဘယ်မှာ သွား‌ဖြေခဲ့လို့လဲ။
အ.ထ.က(၁) မုဒုံ(မွန်ပြည်နယ်ရှိမြို့)မှာ ‌အောင်ထားပါတယ်။

‌မေး ။ ။ ဖူခွါ့ရဲ့ ‌မွေးရပ်ဇာတိ‌လေး သိပါရ‌စေ။
ကြာအင်းဆိပ်ကြီးမြို့နယ်( ကရင်ပြည်နယ်)၊ ဒိုင်လွတ်ရွာမှာ ‌မွေးတယ်။ ခု လက်ရှိ‌နေတာက တမို‌ဝေါင်း(က‌မော့ဝမ်း)ရွာ (အ.မ.က ‌ကျောင်း)နားမှာပါ။ အ‌ဖေက ဒိုင်လွတ်ရွာဇာတိ၊ အ‌မေက တမို‌ဝေါင်းရွာက။

‌မေး။ ။ ဘယ်ဘာသာ‌တွေမှာ ဂုဏ်ထူးရတာလဲ။ အမှတ်‌ပေါင်းက‌ရော ဘယ်‌လောက်လဲ။
မြန်မာ၊ သချင်္ာ၊ ဓာတု၊ ရူပ၊ ဇီဝ‌ဗေဒ ဘာသာရပ်‌တွေမှာ ဂုဏ်ထူးရပြီး‌တော့ အဂင်္လိပ်စာက ဂုဏ်ထူးထွက်ဖို့ ၂ မှတ်လိုသွားတယ်။ အမှတ်‌ပေါင်း ၄၉ဝ မှတ်ပါ။

‌မေး။ ။ ဒီလို ထူးချွန်စွာ‌အောင်မြင်ခဲ့ခြင်းရဲ့ ‌နောက်ကွယ်မှာ ဘယ်လို‌တွေ ကြိုးစားခဲ့တာလဲ။
အဓိကက စာပုံမှန်လုပ်တာ‌ပေါ့။ ပုံမှန်ကြိုးစားတယ်။

‌မေး။ ။ ရည်မှန်းချက်က ဘာဖြစ်မလဲ။
ဆရာဝန်ဖြစ်ချင်ပါတယ်။ ကိုယ်တိုင်ကလည်း ဝါသနာပါသလို ပြည်သူလူထုအတွက်လည်း ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု‌တွေ ‌ပေးချင်လို့ပါ။

‌မေး။ ။ ဘယ်‌ကျောင်း‌တွေ တက်ခဲ့လဲ။
ကြာအင်းဆိပ်ကြီးမြို့နယ်က အ.မ.က-တမို‌ဝေါင်း၊ အ.လ.က(ခွဲ)နန်းသိုင်းထွန်၊ အ.ထ.က(တံခွန်တိုင်) တို့မှာ ၉ တန်းအထိ တက်ခဲ့တယ်။ ၁ဝ တန်းကိုကျ‌တော့ မွန်ပြည်နယ်၊ မုဒုံမြို့က ခိုင်သဇင်‌ဘော်ဒါ‌ဆောင်မှာ ‌နေပြီး အ.ထ.က (၁)မုဒုံမှာ တက်ခဲ့တယ်။

‌မေး။ ။ ကရင်စာ‌ပေနဲ့ယဉ်‌ကျေးမှုမှာ‌ရော လိုက်ပါ‌ဆောင်ရွက်တာလည်း မြင်ရတယ်‌နော်။
ဟုတ်။ ဒီနှစ် မြဝတီမြို့မှာ လုပ်ခဲ့တဲ့ ၄၉ ကြိမ်‌မြောက် ကရင်စာ‌ပေနဲ့ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲမှာ ဒုံး အက ဝင်ပြိုင်ခဲ့တယ်။ ငယ်ငယ်ကလည်း ဒုံးကဖူးတယ်။ ကရင်စာ‌ပေက ၅ တန်း(လိက်ယာဲဆင့်) ‌အောင်မြင် ထားတာ ကြာပါပြီ။

‌မေး။ ။ ကရင်လူငယ်‌တွေအတွက် ဘာများ စကားလက်‌ဆောင်ပါးချင်ပါသလဲ။
အဓိကက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ကြိုးစားဖို့ အ‌ရေးကြီးတယ်။ ဘုရား၊ တရား မ‌မေ့ကြပါနဲ့။ အချိန်‌တွေ ကို တန်ဘိုးထားဖို့ လိုတယ်လို့ ‌ပြောချင်ပါတယ်။ ‌ကျေးဇူးပါ။