Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2284

အာဝါ‌ဒေး ‌လျော့နည်းပ‌ပျောက်‌ရေး လမ်းစ

ကရင်ပြည်နယ်အတွင်းရှိ မြို့ရွာအချို့တွင် ဘုရားပွဲ၊ ဇာတ်ပွဲများ အားလုံးလိုလိုတွင် ဖွံ့ဖြိုး‌ရေး‌ခေါင်းစဉ်အမျိုးမျိုးဖြင့် ‌လောင်း ကစားဝိုင်းများ (‌ဒေသအ‌ခေါ် အာဝါ‌ဒေး)ကို ‌ပေါ်‌ပေါ်တင်တင် ထည့်သွင်းပြုလုပ်‌လေ့ရှိပြီး လူငယ်၊ လူရွယ်၊ လူလတ်၊ အမျိုးသမီး များ အပါအဝင် အလွှာစုံလူထု ဝင်‌ရောက်ကစား‌နေသည်ကို မကြာခဏ ‌တွေ့မြင်‌နေရသည်။

ကာလကြာမြင့်လာသည်နှင့်အမျှ ‌လောင်းကစားဝိုင်းများမှာ ရပ်ရွာဓ‌လေ့တစ်ခုသဖွယ် တချို့‌သောသူများက ရှုမြင်လာကြ သည်ကို ‌တွေ့ရသည်။ အမှန်စင်စစ် ‌လောင်းကစားဝိုင်းနှင့် ဘုရားပွဲသည် မည်သို့မျှ အပ်စပ်သည့် အရာမဟုတ်။ ဘုရားရိပ်၊ တရားရိပ်ဟူသည် ‌လောဘ၊ အတ္တ၊ မာန်မာနတို့ ကင်း‌ဝေးရာ ‌အေးမြကြည်လင်သည့် အရိပ်အာဝါသ တည်ရှိရာ‌နေရာသာ ဖြစ်သည်။

ယခုလို အသွင်မျိုးစုံ အ‌ကြောင်းအမျိုးမျိုးဖြင့် ဖြစ်တည်‌နေသည့် ‌လောင်းကစားဝိုင်းများအ‌ပေါ် ပြည်နယ်ရဲမှူးကြီးက သတင်း စကားတစ်ခု ပါးလိုက်သည်။ ပြီးခဲ့သည့် ‌မေ ၂၃ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအ‌ဝေးခန်းမ၌ ပြုလုပ်သည့် အစိုးရအဖွဲ့ တတိယ တစ်နှစ်တာ ‌ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ‌လောင်းကစားဝိုင်းများကို အ‌ရေးယူ ‌ဆောင်ရွက်မှု ဆက်လုပ်သွားမည်ဟု ၎င်းက သတင်းစကားပါးလိုက်ခြင်း ဖြစ်သည်။

ပြည်နယ်အတွင်း ‌လောင်းကစားဝိုင်းများသည် သာ‌ရေး၊ နာ‌ရေး၊ ဘာသာ‌ရေး စသဖြင့် အ‌ကြောင်းအမျိုးမျိုး၊ ‌ခေါင်းစဉ် အမျိုးမျိုးပြ လုပ်‌ဆောင်‌နေပြီး အချို့တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်လုပ်‌ဆောင်‌နေ‌ကြောင်း၊ အစိုးရအ‌နေဖြင့် တရားဝင် ခွင့်ပြုထား ခြင်းမရှိ‌ကြောင်း ရဲမှူးကြီးက ‌ပြောသည်။

ယခုလို ‌လောင်းကစားဝိုင်းများ ပြည်နယ်အတွင်း ဖြစ်တည်လာမှုကိုပြန်ကြည့်မည်ဆိုလျင် ဥပ‌ဒေနားလည်မှု အားနည်းကာ ပင်ကိုယ် အရိုးခံစိတ်ရှိသည့် ‌ဒေသခံများကို ဝိ‌လောဘသမားများက စည်းရုံးသိမ်းသွင်းကာ လုပ်‌ဆောင်‌နေခြင်းဖြစ်ပြီး နှစ်ဖက် ‌သော အုပ်စိုးသူတို့ ‌နောက်ကွယ်တွင် ပါဝင်ပတ်သက်မှု ရှိ‌နေသည်ဟု ရပ်ရွာ‌ဒေသခံများက ဆိုသည်။

‌လောင်းကစားဝိုင်းတည်ရှိခြင်း‌ကြောင့် လူငယ်၊ လူရွယ်များ စာရိတ္တပျက်ပြားခြင်း၊ ဖြတ်လမ်းနည်းဖြင့် ‌ငွေရှာလိုသည့်စိတ်ဓာတ် များ ကိန်း‌အောင်းသွားတတ်သလို ‌နောက်ဆက်တွဲ ခိုး၊ ဆိုး၊ လု၊ ရိုက် မှုခင်းများ၊ မိသားစု စီးပွားပျက်ခြင်းများ ကြုံ‌တွေ့ရမည်ဖြစ် ကာ ‌လောင်းကစားဝိုင်းတည်‌ထောင်သူများသာ အမြတ်အစွန်း ရသွားတတ်သည်ကို ‌တွေ့ရသည်။
သို့‌သော် မိသားစုတစ်ခု၊ လူမှုအသိုင်းအဝိုင်းတစ်ခုအတွက် ထိတ်လန့်တုန်လှုပ်မှုနှင့် ရှင်သန်‌နေရပြီး ငြိမ်းချမ်းမှုမှာ ကင်း‌ဝေးလျက် ရှိသည်။

ပြည်နယ်အ‌နေအထားအရ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်နယ်‌မြေ၊ နှစ်ဖက်‌ရော‌နှော အုပ်ချုပ်သည့် နယ်‌မြေနှင့် အစိုးရက လုုံးဝ စိုးမိုးအုပ်ချုပ်ထားသည့် နယ်‌မြေများရှိပြီး ‌လောင်းကစားဝိုင်းများသည် နယ်‌မြေအားလုံးတွင် ဖြစ်‌ပေါ်‌နေသည်။ ထို့အတွက် ဆိုင်ရာအဖွဲ့များက မိမိနယ်‌မြေတွင် ‌လောင်းကစားဝိုင်းများ ‌လျော့နည်း၊ ပ‌ပျောက်‌စေ‌ရေးအတွက် လာဘ်စားမှုများ၊ နိုင်ငံ‌ရေးပရိယာယ်များ ကင်းရှင်းစွာဖြင့် လုပ်‌ဆောင်သွားရန်လိုသည်။

ပြည်သူလူထု အပါအဝင် သက်ဆိုင်ရာ အားလုံး၏ စားဝတ်‌နေ‌ရေးအတွက် ရံပုံ‌ငွေကို ‌လောင်းကစားဖြင့်ရယူခြင်းထက် အခြား ‌သောနည်းလမ်းများဖြင့် သိက္ခာရှိရှိ ရှာ‌ဖွေ‌ဆောင်ရွက်သွားရန်လည်း လိုအပ်သည်။ ထို့အပြင် ‌လောင်းကစားလုပ်ကိုင်ခြင်းဖြင့် ပါဝင်ပတ်သက်မှုရှိ‌သော အဖွဲ့အစည်း၊ ဌာနဆိုင်ရာ၏ နိုင်ငံ‌ရေးပုံရိပ်ကို ထိခိုက်နိုင်ခြင်း၊ နိုင်ငံ‌ရေးရပ်တည်ချက်မရှိသည့် အဖွဲ့များ အ‌နေဖြင့်လည်း စီးပွား‌ရေးအရ ‌လောင်းကစားဝိုင်း တည်‌ထောင်ခြင်း‌ကြောင့် လူမှု‌ရေးနယ်ပယ်တွင် စာရိတ္တပျက်ပြားခြင်းနှင့် ‌လောင်းကစားတွင် နစ်မွန်း‌နေသူ မိသားစု၊ အသိုင်းအဝိုင်း၏ လူသားဂုဏ်သိက္ခာ ကျဆင်းခြင်းတို့အတွက် မဖြစ်မ‌နေ ‌ရှောင်ကြဉ်သွားရန် လိုသည်။

အစိုးရအ‌နေဖြင့် ‌လောင်းကစားဝိုင်း တည်‌ထောင်သူများအပြင် ‌နောက်ကွယ်က ‌ငွေ‌ကြေးရယူကာ နားလည်မှုဖြင့် ခွင့်ပြု‌ပေးသူ များကိုပါ ‌ကျောသားရင်သား မခွဲဘဲ ‌ဖော်ထုတ် အ‌ရေးယူသွားရန်လိုသည်။ သို့မှသာ လက်‌တွေ့ကျကျပြီး ထိ‌ရောက်မှုရမည် ဖြစ် သည်။ ယခုကဲ့သို့ ‌လောင်းကစားဝိုင်းများကို ဆက်အ‌ရေးယူမည်ဟု မီဒီယာများမှတဆင့် တရားဝင် ‌ပြောဆိုလိုက်ခြင်းအ‌ပေါ် အမျိုးမျိုး‌သော ‌လောင်းကစားဝိုင်းများနှင့် အာဝါ‌ဒေးများ ပ‌ပျောက်‌ရေးလမ်းစဟု ‌ကေအိုင်စီက ရှုမြင်မိသည်။ သို့ဖြစ်၍ မည်သူမျှ ထိတို့ ကိုင်တွယ် ‌ဖြေရှင်းမှု မလုပ်လိုသည့်၊ မလုပ်ရဲသည့် ‌လောင်းကစားဝိုင်းများကို ဖမ်းဆီးအ‌ရေးယူရာတွင်လည်း အကိုင်းအ ခက်ထက် ‌ရေ‌သောက်မြစ်ကို ‌သေချာတူးဆွကာ အားလုံး ညှိနှိုင်း‌ဆောင်ရွက်ရင်း တိုက်ဖျက်နှိမ်နင်းမှုကို ပြုလုပ်သင့်‌ပေသည်။

(အယ်ဒီတာ၊ ကရင်သတင်းစဉ်)