Home သတင်း အစိုးရ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ထိုင်းရှိ မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းသား ၃၃ဦး ‌အောင်မြင်

အစိုးရ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ထိုင်းရှိ မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းသား ၃၃ဦး ‌အောင်မြင်

2948

ဇွန်လ ၈ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်၂ဝ၁၈-၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌အောင်စာရင်းကို ယ‌နေ့ (ဇွန် ၈ရက်) ထွက်ရှိခဲ့ရာ မြဝတီစာစစ်ဌာနမှ တစ်ဆင့် ဝင်‌ရောက်‌ဖြေဆိုခဲ့ကြသည့် ထိုင်းနိုင်ငံရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ‌ကျောင်းသူ‌ကျောင်းသား ၃၃ ဦး ‌အောင်မြင်ခဲ့ပြီး ၁ ဘာဘာဂုဏ်ထူးရှင်တစ်ဦး ထွက်ရှိခဲ့သည်ဟု သိရ သည်။

၂ဝ၁၈-၁၉ ပညာသင်နှစ်တွင် ထိုင်းနိုင်ငံ မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်း ၄ ‌ကျောင်းဖြစ်သည့် ဆာသူး‌လေ၊ Dear Myanmar ၊ Saw ၊ ‌သွေးသစ်‌ကျောင်းများမှ ‌ကျောင်းသူ‌ကျောင်းသား ၁၃၇ ဦးသည် မဲ‌ဆောက်မှ တစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် စာစစ်ဌာနတွင် ဝင်‌ရောက်‌ဖြေဆုိုခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့နယ် ပညာ‌ရေးမှူး ဦးနိုင်ဝင်း‌အောင်က “တစ်ဖက်ထိုင်း နိုင်ငံမှ အခုနှစ် တက္ကသိုလ်ဝင်တန်းစာ ‌မေးပွဲကို မြဝတီ စာစစ်ဌာနမှာ ကျား ၅၄ ဦး၊ မ ၈၃ ဦး စုစု‌ပေါင်း ၁၃၇ ဦးလာ‌ရောက်‌ဖြေဆိုရာ ကျား ၁၆ ဦးနှင့်မ ၁၇ ဦး၊ စုစု‌ပေါင်း ၃၃ ဦး ‌အောင်မြင်ခဲ့ပါတယ်”ဟုု ‌ပြောသည်။

ထို့အပြင် မြဝတီမြို့နယ်အ‌နေဖြင့် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌ဖြေဆိုသူ စုစု‌ပေါင်း ၁,၆၆၉ ဦး ‌ဖြေဆိုခဲ့ရာတွင် ကျား ၁၁၉ ဦး၊ မ ၂၂၃ဦး စုစု‌ပေါင်း ၃၄၂ ဦး ‌အောင်မြင်ခဲ့ကြပြီး ရာခိုင်နှုန်းအ‌နေဖြင့် ၂ဝ.ဝ၉ ရာခိုင်နှုန်း‌အောင်မြင်ခဲ့သည်ဟု မြို့နယ်ပညာ‌ရေးမှူးက ဆက်‌ပြောသည်။

မြဝတီမြို့တွင် ယခုနှစ်တက္ကသိုလ်ဝင်စာ‌မေးပွဲ၌ ဝင်‌ရောက်‌ဖြေဆိုသူ စုစု‌ပေါင်း ၃၄၂ဦး‌အောင်မြင်ခဲ့ရာတွင် ၂ ဘာသာ ဂုဏ်ထူးရှင် ၄ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၂၅ ဦး ထွက်ရှိခဲ့သည်ဟု ယ‌နေ့ ထုတ်ပြန်သည့် ‌အောင်စာရင်းအရ သိရ သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများသည် အစိုးရ စာစစ်ဌာနနှင့် ချိတ်ဆက်ပြီး ၂၀၁၂-၁၃ ပညာသင်နှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆုိုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၁၇-၁၈ ပညာသင်နှစ်တွင်လည်း မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများမှ ‌ကျောင်းသူ‌ကျောင်းသား ၁၂၁ဦး ဝင်‌ရောက်‌ဖြေဆိုခဲ့ရာတွင် ၂၅ဦး ‌အောင်မြင်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်ရှိ စာစစ်ဌာန ၄၆ ခုထဲတွင် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုသူ ဦး‌ရေ ၁၉,၂၈၉ ဦးရှိသည့်အနက် ‌အောင်မြင်သူ ၅,၃၃၇ ဦးရှိကာ ရာခိုင်နှုန်းအရ ၂၇.၆၇ ရာခိုင်နှုန်း‌အောင်မြင်သည်ဟု သိရသည်။