Home သတင်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ အထိမ်းအမှတ် သစ်ပင်တစ်‌ထောင်‌ကျော် စု‌ပေါင်းစိုက်ပျိုး

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ အထိမ်းအမှတ် သစ်ပင်တစ်‌ထောင်‌ကျော် စု‌ပေါင်းစိုက်ပျိုး

3611

ဇွန်လ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ယ‌နေ့ ဇွန်လ ၅ရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ အထိမ်းအမှတ်အ‌နေဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌သေ့‌ဘောဘိုး‌ကျေးရွာရှိ ‌ဒေါနအထက်တန်း‌ကျောင်းမှ ကရင်‌ကျောင်းသားလူငယ်များနှင့် ‌ကျောင်းသား မိဘများ၊ ‌ကျေးရွာအရပ်ဖက်အဖွဲ့အစည်းများစု‌ပေါင်း၍ သစ်ပင်တစ်‌ထောင်‌ကျော် စု‌ပေါင်းစိုက် ပျိုးသည့် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ သိသာထင်ရှားစွာ ဖြစ်ပွားလာမှုများအ‌ပေါ် ‌ကျောင်းသား လူငယ် များအ‌နေဖြင့် သတိပြုဆင်ခြင်ရန်နှင့် သဘာဝကိုချစ်မြတ်နိုးတတ်ရန် ရည်ရွယ်၍ ယခုလို အစီအစဉ်မျိုး ပြုလုပ်ရ ခြင်းဖြစ်သည်ဟု လှုပ်ရှားမှုကို ဦး‌ဆောင်ပါဝင်သူ ကရင်အရပ်ဖက်အဖွဲ့အစည်းကွန်ယက်၏ ‌ပြောခွင့်ရ ‌နော်စန္ဒာဝိုင်းက ယခုလို‌ပြောသည်။

၎င်းက “အဓိကက သဘာဝပတ်ဝန်းကျင်နဲ့ အပြန်အလှန် ‌ဂေဟစနစ်နဲ့ အမှီသဟဲပြုတတ်‌အောင် က‌လေး ‌တွေကို အနာဂတ်မှာ သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဗဟုသုတအ‌တွေးအ‌ခေါ်‌လေး‌တွေ တည်‌ဆောက် နိုင်‌အောင်ဆိုပြီး အဲ့ရည်ရွယ်ချက်နဲ့ လှုပ်ရှားမှုကို ဒါပထမဦးဆုံးအကြိမ်လုပ်ဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်းတို့‌ဒေသတွင် သစ်‌တောပြုန်းတီးမှုများ ပိုမိုဆိုးရွားလာခြင်း‌ကြောင့် ရာသီဥတု ပူပြင်း‌ခြောက်‌သွေ့ မှုဒဏ်များကို ခံစားလာကြရသည့်‌ပေါ် သစ်‌တောကို ပြန်လည်ထိန်းသိမ်းသည့်အ‌နေဖြင့် သစ်ပင်တစ်‌ထောင် ‌ကျော်ကို ယခုနှစ်မှစ၍ စတင်စိုက်ပျိုးရခြင်းဖြစ်သည်ဟုလည်း ‌နော်စန္ဒာဝိုင်းက ဆက်‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် လှုပ်ရှားမှုအစီအစဉ်၏ နံနက်ပိုင်းတွင် ကရင်အရပ်ဖက်အဖွဲ့အစည်းကွန်ယက်နှင့် ‌ကျောင်း သားမိဘများ၊ ‌ကျောင်းဆရာများနှင့်‌ကျောင်းသူ၊ ‌ကျောင်းသားများ စု‌ပေါင်း၍ သစ်ပင်‌ပေါင်း (၉၀၀)ခန့်ကို ကနဦး စိုက်ပျိုးပြီး ည‌နေပိုင်းတွင် ‌နောက်ထပ်သစ်ပင်‌ပေါင်း (၇၀၀)ခန့်ကို ဆက်လက် စိုက်ပျိုးခြင်းအပြင် ‌ကျောင်းသား လူငယ်များကိုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ‌ပေး ‌ဆွေး‌နွေးမှုများ ပြုလုပ်‌ပေးခဲ့သည်။

အဆိုပါ စိုက်ပျိုးလိုက်သည့် သစ်ပင်တစ်‌ထောင်‌ကျော်တွင် မ‌လေးရှားပိ‌တောက်၊ ပိ‌တောက်၊ ဗာဒံနှင့် ချယ်ရီစသည့် သစ်ပင်အမျိုးအစားများဖြစ်ပြီး ‌သေ့‌ဘောဘိုး‌ကျေးရွာတစ်‌လျှောက် စိုက်ပျိုးမှုပြုခဲ့သည်ဟု သိရသည်။

‌သေ‌ဘောဘိုးရွာတွင် ပြီးခဲ့သည့် နှစ်များတွင်လည်း အလားတူ သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများ၊ သစ်ပင်စိုက်ပျိုးသည့် လှုပ်ရှားမှု အစီအစဉ်များလည်း ပြုလုပ်ခဲ့ကြပြီး ယခုနှစ်တွင် ‌ကျောင်းသားလူငယ်များနှင့် ‌ကျောင်းသား မိဘများ၊ ဆရာ၊ ဆရာမများပါဝင်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ ဂုဏ်ပြု‌နေ့လှုပ်ရှားမှုကို ပထမဦးဆုံး အကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယ‌နေ့ ကျ‌ရောက်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှု ကွန်ယက်-KESAN မှ ဦး‌ဆောင်ပြီး ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေနှင့် ပြည်တွင်း၊ နယ်စပ်‌ဒေသများတွင် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသည်။

နှစ်စဉ် ဇွန်လ ၅ရက်‌နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးမှ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၏ ပြဿနာကို ထိ‌ရောက်စွာ တိုက်ဖျက်သည့် ကြိုးပမ်းမှုတစ်ခုအ‌နေဖြင့် စတင်‌ဆောင်ရွက်ခဲ့သည့် ကနဦး‌ခြေလှမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အ‌နေဖြင့် ၁၉၇၄ ခုနှစ်မှစ၍ ၎င်းကိုစတင်သတိပြု‌လေ့လာခဲ့ပြီး‌နောက် နှစ်စဉ်ပြုလုပ် ကျင်းပခဲ့သည်။