ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ မုုလအိတောင်ဟာ ပင်လယ်ပြင် မျက်နှာပြင်အထက် ပေပေါင်း ၆,ဝဝဝ ကျော် ရှိပါတယ်။ ပြည်နယ်ရဲ့ မြို့တော် ဖားအံ အရှေ့တောင်ဘက် မိုင်ပေါင်း ၁ဝဝ ကျော်အကွာအဝေးမှာ တည်ရှိပါတယ်။
မုလအိတောင်ထိပ်ရှိ ဆံတော်ရှင် မုလအိ စေတီတော်ကို တက်ရောက်ဖူးမျှော်မယ်ဆိုရင် ဖားအံ-မြဝတီ-တနော်ထာ့လမ်းကြောင့်ကနေတစ်ဆင့် မော်တော်ယာဉ်ခရီးဖြင့် တက်ရောက်နိုင်ခဲ့သလို မုလအိတောင်ရဲ့ ပတ်ဝန်းကျင်တစ်ဝိုက် သဘာဝအတိုင်း တည်ရှိသေးတဲ့ သဘာဝ သစ်တောရဲ့ အလှအပ ၊ ရှုခင်းတွေကို ရှုစားချင်တယ်ဆိုရင်တော့ အခုတင်ဆက်မယ့် ရုပ်သံရဲ့ ဖားအံ-ကော့ကရိတ် -ကျိုက်ဒုံ လမ်းခွဲကနေတစ်ဆင့် ကျိတ်-တဒဲ့ခို့ ကျေးရွာလမ်းကြောင်းအတိုင်း ခြေကျင်ခရီးဖြင့် တက်သွားနိုင်ပါတယ်။
အဲဒီ ဖားအံ-ကော့ကရိတ်-ကျိုက်ဒုံလမ်းခွဲကနေတစ်ဆင့် ကျိတ်-တဒဲ့ခို့ ကျေးရွာ ခြေကျင်လမ်းကြောင်းအတိုင်း ပြီးခဲ့တဲ့ ဧပြီလ လယ်ပိုင်းက ကေအိုင်စီ-ကရင်သတင်းဌာန အဖွဲ့သားတွေက ရုပ်သံရိုက်ကူးရေးအစီအစဉ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။
အခုရုပ်သံ ရိုက်ကူးရေးအစီအစဉ်မှာ ခရီးစဉ် လမ်းကြောင်းတစ်လျှောက် အထင်ကရ နေရာတွေ၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းတွေ၊ သဘာဝအတိုင်းသာတည်ရှိနေသေးတဲ့ သစ်တောတွေ၊ ရှားပါး သစ်ပင်ပန်းမံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။
ရုပ်သံအပြည့်အစုံ ကြည့်ချင်တယ်ဆိုရင် အောက်ပါ လင့်ခ်ကို ဝင်ကြည့်နိုင်ပါတယ်။