Home သတင်း ပြစ်မှုနှင့် ပြစ်ဒဏ်ချမှတ်မှုအ‌ပေါ် ‌ကျေနပ်မှုမရှိ၍ မြဝတီမြို့တွင် တရားစီရင်‌ရေးအား ဆန္ဒပြ

ပြစ်မှုနှင့် ပြစ်ဒဏ်ချမှတ်မှုအ‌ပေါ် ‌ကျေနပ်မှုမရှိ၍ မြဝတီမြို့တွင် တရားစီရင်‌ရေးအား ဆန္ဒပြ

3255

‌မေလ ၁၅ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

‌ကော့ကရိတ်-မြဝတီ အာရှလမ်းမ‌ပေါ် ယာဉ်တိုက်မှုတစ်ခုတွင် တရားသူကြီး၏ အမိန့်ချမှတ်မှုမှာ ပြစ်မှုနှင့်ပြစ်ဒဏ်မညီ မျှဟုဆိုကာ ယာဉ်တိုက်ခံရသူ မိသားစုဝင်များနှင့် တရားစီရင်‌ရေးတည့်မတ်လိုသည့် တက်ကြွလှုပ်ရှားသူ စုစု‌ပေါင်း ၆ဝ ဦးခန့်က ယမန်‌နေ့ (‌မေ ၁၄ ရက်) မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံ‌နေရာတွင် စတင်စု‌ဝေး၍ မြို့နယ်တရားရုံး လမ်းသို့ ချီတက်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်တွင် မြဝတီ- ‌ကော့ကရိတ်အာရှလမ်း မိုင်တိုင်အမှတ် ၁၆၀/၁၆၁ ‌နေရာ၌ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ‌အောင်‌မြေ‌ရွှေဘို ရခိုင်စုရပ်‌နေ ဦး‌ကျော်မြိုင် (ခ) ဦးခလို (၅ဝ)နှစ်‌သေ ဆုံးပြီး ကိုစိုးမြင့် (၃၆)နှစ် မျက်လုံးနှစ်ဖက်ကွယ်ခဲ့ရသည့်အမှုကို ယာဉ်‌မောင်း ‌မောင်‌ကျော်သက် ဟိန်းဆိုသူအား ယာဉ် (ပ)၁၈/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄(က) စသည့်ပုဒ်မများဖြင့် ‌ထောင်ဒဏ် ၁ နှစ် ၇လ တစ်‌ပေါင်း တည်းကျခံ‌စေရန် မြို့နယ်တရားသူကြီး ဦး‌ဝေဇင်မန်းမှ ယခုနှစ် ဇန်နဝါရီ ၂၂ရက်‌နေ့တွင် အမိန့်ချ မှတ်ခဲ့မှုအ‌ပေါ် ‌ကျေနပ်မှုမရှိ၍ ယခုလို တရားစီရင်‌ရေးအား ဆန္ဒထုတ်‌ဖော်ခဲ့ရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်‌ဖော်သူများက ‌ပြောသည်။

ယာဉ်တိုက်မှု‌ကြောင့် မျက်စိနှစ်ကွင်း ကွယ်ခဲ့ရသူ ဦးစိုးမြင့်က “ကျ‌နော့်မှာ ‌ဆေးဝါးကုသစရိတ် သိန်း(၁၀၀)နီးပါး ကုန်ကျခဲ့ရပြီး အသက်မ‌သေခဲ့‌သော်လည်း မျက်စိနှစ်လုံးကန်းခဲ့ရတဲ့အတွက် ဘဝ‌သေသွားပါပြီး။ ကျ‌နော့်ကို မှီခို‌နေတဲ့ဇနီး နဲ့ အကြီးဆုံး ၉ နှစ်အရွယ် အပါအဝင် သားသမီး(၃)‌ယောက်ကို ကျ‌နော့်အ‌နေဖြင့် ကိုယ်တိုင်က မျက်မမြင်ဒုက္ခိတဖြစ်‌နေတဲ့အတွက် လုပ်ကိုင်‌ကျွေး‌မွေးနိုင်စွမ်းမရှိ‌လေ‌တော့ ‌ရှေ့‌ရေးမှာ ဘာ‌တွေဖြစ်လာမလဲဆိုတာ ‌တွေး‌တောင်မရဲပါ ဘူးဗျာ။ လူတစ်‌ယောက်‌သေပြီး တစ်ဦးမျက်မမြင်ဒုက္ခိတဖြစ်‌စေခဲ့ တာ‌တောင် မြဝတီမြို့နယ်တရားသူကြီး ဦး‌ဝေဇင်မန်းက တရားခံယာဉ်‌မောင်းကို ‌ထောင်ဒဏ် ၁ နှစ် နဲ့ ၇လကိုသာ တစ်‌ပေါင်းတည်းကျခံ‌စေဖို့ အမိန့်ချမှတ်လိုက်တဲ့အ‌ပေါ်မှာ ‌ကျေနပ်မှုမရှိလို့ အခုလို ဆန္ဒ‌ဖော်ထုတ်ရခြင်းဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် “ယာဉ်တိုက်မှု‌ကြောင့် ကျမသား တစ်‌ယောက်လုံး ‌သေသွားတာ‌တောင် အ‌နောက်က‌နေဝင်တိုက်တဲ့ တရားခံ ဘက်က လူသားချင်းစာနာစိတ်ကင်းမဲ့စွာ အခုအချိန်ထိ ဘာအကူအညီမှမ‌ပေးတဲ့အပြင် သတင်း‌မေး‌ဖော်‌တောင်မရ ဘူး‌လေ။ ပြီး‌တော့ ဒီအမှုနဲ့ပတ်သက်ပြီး တရားခံကို ‌ထောင်ဒဏ် ၁ နှစ်နဲ့ ၇လသာ အမိန့်ချခဲ့တဲ့အ‌ပေါ်မှာလည်း ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတဘူးထင်လို့ ဆန္ဒ‌ဖော်ထုတ်ရခြင်းဖြစ်တယ်။” ယာဉ်တိုက်မှုတွင် ‌သေဆုံးခဲ့သူ ဦး‌ကျော်မြိုင်(ခ)ဦးခ လို၏ ‌မွေးစားမိခင် ‌ဒေါ်သန်းစိန်က ‌ပြောသည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်မှုတွင် မျက်လုံးနှစ်ဖက်ကွယ်ခဲ့ရသူ ကိုစိုးမြင့်၏ မိသားစုဝင်များနှင့် ယာဉ်တိုက်မှု‌ကြောင့် ‌သေ ဆုံးခဲ့ရသူ ဦး‌ကျော်မြိုင်(ခ)ဦးခလို၏ မိသားစုဝင်များနှင့် တရားစီရင်‌ရေးတည့်မတ်လိုသည့် တက်ကြွလှုပ်ရှားသူ စုစု‌ပေါင်း (၆၀)ဦးခန့်ပါဝင်ပြီး “မျှတ‌သော တရားစီရင်မှုဖြစ်‌ပေါ်လာ‌စေ‌ရေး…ဒို့အ‌ရေး” ၊ “နစ်နာသူများကို ပြန်လည်ငဲ့ညှာ‌စေ‌ရေး…ဒို့အ‌ရေး” ၊ “မျှတမှုမရှိ‌သောတရားစီရင်သူများ…အလိုမရှိ” အစရှိသည့် ‌ကြွေး‌ကြော်သံ(၃)ရပ်ဖြင့် ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

ယခုကိစ္စအ‌ပေါ် မြိုနယ်တရားသူကြီး ဦး‌ဝေဇင်မန်းက“ ပြစ်ဒဏ်ချတဲ့‌နေရာမှာ ပုဒ်မ ၃၀၄(က)မှာ‌တော့ အမြင့်ဆုံးပြစ်ဒဏ် ‌ထောင်ဒဏ်(၇)နှစ်အထိရှိ‌သော်လည်း များ‌သောအားဖြင့် (၁)နှစ်ခန့်သာ အမိန့်ချ‌လေ့ရှိပါတယ်။ လူသတ်မှုမ ဟုတ်တဲ့အတွက် လူသတ်မှုပြစ်ဒဏ်ကို ချမှတ်၍မရပါ။ မြဝတီ-‌ကော့ကရိတ် အာရှလမ်းဆိုတာကလည်းများ‌သောအား ဖြင့် အန္တရာယ်များတ‌နေရာဖြစ်တဲ့အပြင် တရားခံအ‌နေဖြင့် ‌သေ‌စေလိုတဲ့ရည်ရွယ်ချက်ဖြင့် ပြုလုပ်တာမဟုတ်တဲ့အ တွက် ၎င်းအ‌နေဖြင့် ဤကဲ့သို့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ချမှတ်ရခြင်းဖြစ်တယ်”ဟု မြဝတီအ‌ခြေစိုက် သတင်းမီဒီယာ များကို ‌ပြောဆိုခဲ့သည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ နစ်နာသူများအ‌နေဖြင့်လည်း ခရိုင်တရားရုံးသို့ အယူခံတင်ထား‌ကြောင်းနှင့် တရားမမှုအရ နစ်နာ‌ကြေးအတွက် ခရိုင်တရားရုံးတွင် စွဲဆိုနိုင်‌ကြောင်းလည်း မြို့နယ် တရားသူကြီး ဦး‌ဝေဇင်မန်းက ဖြည့်စွက်‌ပြော ဆိုသည်။

မြဝတီအကျဉ်းသား ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ဦး‌အောင်ဝင်းလှိုင်(ခ)ကိုအညာသားက “ဒီလိုအမိန့်ချ လိုက်တဲ့အ‌ပေါ် မှာ ကားနဲ့တိုက်လို့ လူ‌သေသွားရင်‌တောင် ‌ထောင်ဒဏ် (၁)နှစ်ပဲကျမယ်ဆိုတဲ့အသိ မြဝတီမြို့က လူ ငယ်‌တွေရဲ့စိတ်ထဲမှာ ယုံကြည်သွားရင် ‌နောင်လာမယ့် အနာဂတ်မှ ပိုမိုရှုပ်‌ထွေးမှု‌တွေဖြစ်‌ပေါ်လာမယ့် စိုးရိမ်စရာ အ‌ခြေအ‌နေပါ။ ဒီကိစ္စကို တရား‌ရေးဌာနများအပါအဝင် သက်ဆိုင်ရာလူကြီး‌တွေအ‌နေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်”ဟု သုံးသပ်‌ပြောဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လ ၉ ရက်‌နေ့ မွန်းလွဲပိုင်း ‌ကော့ကရိတ်အာရှလမ်း မိုင်တိုင်အမှတ် ၁၆၀/၁၆၁ ‌နေရာတွင် ‌ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ကိုစိုးမြင့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ‌အောင်‌မြေ‌ရွှေဘုံ ရပ်‌နေသူ ‌မောင်းနှင်ပြီး ဦး‌ကျော်မြိုင်(ခ)ဦးခလိုတို့ လိုက်ပါစီးနင်းလာသည့် ယာဉ်အမှတ်(၃၉ယ/၇၆၁၄၄) Honda Dream 110 အမျိုးအစား ‌ကျောက်စိမ်း‌ရောင်ဆိုင်ကယ်အား လားရာတူ ‌ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ‌မောင်‌ကျော်သက်ဟိန်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ‌မျောက်ကြည်‌ကျေးရွာ‌နေသူ ‌မောင်းနှင်လာသည့် ယာဉ်အမှတ်(6N/9462) Hyundai အမျိုးအစား အဖြူ‌ရောင်‌မော်‌တော်ယာဉ်က ဆိုင်ကယ်အား အ‌နောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ် သည်။

၎င်းဖြစ်စဉ်ကို သကင်္န်းညီ‌နောင် နယ်‌မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မြဝင်းမှ တရားလိုပြုလုပ်ကာ ယာဉ်(ပ)၁၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ၂၇၉/၃၃၈/၃၀၄(က) ဖြင့် တရားစွဲဆိုခဲ့‌သောအမှုဖြစ်‌ကြောင်း သကင်္န်းညီ‌နောင်နယ်‌မြေစခန်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။