Home သတင်း ‌သောက်‌ရေခပ် ၁ စီမံကိန်းကိစ္စ ပြည်သူလူထု ဆန္ဒအတိုင်း ရပ်တည်သွားမည်ဟု KNDP ဥက္ကဌ‌ပြော

‌သောက်‌ရေခပ် ၁ စီမံကိန်းကိစ္စ ပြည်သူလူထု ဆန္ဒအတိုင်း ရပ်တည်သွားမည်ဟု KNDP ဥက္ကဌ‌ပြော

2533

‌မေ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်ရှိ ‌သောက်‌ရေခပ်‌ချောင်း‌ပေါ်တွင် အ‌ကောင်အထည်‌ဖော်ရန်အလားအလာ ရှိသည့် ‌သောက်‌ရေခပ် (၁) ‌ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်သူလူထုဆန္ဒအတိုင်း ရပ်တည်သွားမည်ဟု ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌မေ ၈ ရက်(ယ‌နေ့)တွင် ‌ပြောဆို လိုက်သည်။

‌သောက်‌ရေခပ်(၁) ‌ရေအားလျှပ်စစ်စီမံကိန်း လုပ်‌ဆောင်မည်ဆိုပါက ဖြစ်‌ပေါ်လာနိုင်သည့် ‌နောက်ဆက်တွဲ ပြဿနာများနှင့် ပတ်သက်ပြီး စိုးရိမ်ရသည့်အတွက် ယင်းစီမံကိန်းကို အလိုမရှိ‌ကြောင်း ‌ဒေသခံများ၏ ကန့် ကွက်မှုများထွက်‌ပေါ်လာသည့် အ‌ပေါ် KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက ယခုလို သ‌ဘောထားမှတ်ချက် ပြုလိုက်ခြင်းလည်း ဖြစ်သည်။

“အဲဒီက ပြည်သူ‌တွေရဲ့ ကန့်ကွက်ချက်ကို‌တော့ တို့‌တွေ့လိုက်တယ်။ ပြည်သူလူထုက မကြိုက်ဘူးဆိုလို့ရှိရင် တို့ ပါတီသ‌ဘောထားက‌တော့ မကြိုက်တဲ့အ‌ကြောင်းပဲ ‌ပြောရမှာပဲ။ ကန့်ကွက်ရမှာပဲ↔ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ‌ရေအားလျှပ်စစ် အ‌ကောင်အထည်‌ဖော်‌ရေးဦးစီးဌာနမှ ‌သောက်‌ရေခပ်(၁) ‌ရေ အရင်းအမြစ် ပဏာမ စူးစမ်းတိုင်းတာ‌ရေးလုပ်ငန်း‌ဆောင်ရွက်မည်ဖြစ်‌ကြောင်း ဧပြီလ ၁၈ ရက်‌နေ့ရက်စွဲဖြင့် စာထုတ်ပြန်မှုများရှိသည့်အ‌ပေါ် ‌ဒေသခံများက တုန့်ပြန်ကန့်ကွက်ဆန္ဒထုတ်‌ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

စက်တပ်ဆင်အင်အား ၁၅ဝ မဂ္ဂါဝပ် ရှိသည့် အဆိုပါ ‌သောက်‌ရေခပ်(၁)‌နေရာသည် ‌တောင်ငူမြို့ အ‌ရှေ့ဘက် ၂၆ မိုင်အကွာ ‌သောက်‌ရေခပ်‌ချောင်း‌ပေါ်တွင် တည်ရှိပြီး ယင်း‌နေရာများမှာ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌တောင်ငူခရိုင် (တပ်မဟာ ၂)၊ သံ‌တောင်မြို့နယ်တွင် တည်ရှိသည်ဟုလည်း သိရသည်။

‌သောက်‌ရေခပ် (၁)‌ရေကာတာစီမံကိန်းနှင့် ပတ်သက်၍ ‌ဒေသခံရွာသားများ၏ လုပ်ကိုင်စား‌သောက်ရန် ‌နေရာများ ပျက်စီး ဆုံးရှုံးမည်ကို စိုးရိမ်ရသည့်အတွက် ပူး‌ပေါင်းကန့်ကွက်ကြရန် သံ‌တောင်အ‌ခြေစိုက် ဆာမူ‌ထော်အဖွဲ့ ၊ ‌ဂေဘားကရင်‌ရေးရာ ‌ကော်မတီနှင့် ‌တောင်ငူ-သံ‌တောင် ဘွဲမိုဘွာ သာသနာနယ်အသင်း‌တော်များအဖွဲ့ကလည်း ပြီးခဲ့သည့် ‌မေလဆန်းပိုင်းက သ‌ဘောထားထုတ်ပြန်မှုများ ရှိခဲ့သည်။

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)မှ ‌သောက်‌ရေခပ် ၁ စီမံကိန်းနှင့်ပတ်သက်ပြီး သ‌ဘောထားမှတ်ချက်ပြုခဲ့သလို ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)မှလည်း သံ‌တောင်ကြီး ‌သောက်‌ရေခပ်စီမံ ကိန်းအား ‌ဒေသခံလူထုဆန္ဒမရှိပါသဖြင့် ‌ဒေသခံဆန္ဒအတိုင်း လိုက်‌လျော၊ ပယ်ဖျက်‌ပေး သင့်ပါ‌ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကြံပြုစာတစ်‌စောင် ထုတ်ပြန်ခဲ့‌သေးသည်။

နိုင်ငံ‌တော်မှ လျှပ်စစ်စွမ်းအားရရှိ‌ရေးအတွက် စစ်‌တောင်းမြစ်ဝှမ်း‌ဒေသတွင် ‌ရေအားလျှပ်စစ်‌ရေအရင်းအမြစ် ၁၃ ခု လျာ ထားချက်ရှိရာ ‌သောက်‌ရေခပ်‌ချောင်း‌ပေါ်တွင် ‌သောက်‌ရေခပ်(၁) နှင့် ‌သောက်‌ရေခပ်(၂) ‌ရေအား လျှပ်စစ် စီမံကိန်းနှစ်ခုမှာ လည်း အပါအဝင်ဖြစ်သည်။

‌သောက်‌ရေခပ်(၂)စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီးဖြစ်ကာ အဆိုပါ စီမံကိန်း‌ကြောင့် အနီးအနား ရှိ ‌ဒေသခံလူထု ဥယျာဉ်ခြံများပျက်စီး၍ ရွာများ‌ပြောင်း‌ရွှေ့ရကာ ထိခိုက်နစ်နာမှုလည်း များစွာဖြစ် ‌ပေါ်ခဲ့သည်ဟု သိရသည်။