Home ကဗျာ အထူး အရူးလို့ ‌ပြောရမလားပဲ

အထူး အရူးလို့ ‌ပြောရမလားပဲ

2557

ရာသီစက္ကန့်ရဲ့ အလွန်
‌လေပြွန်‌ရောင်‌ရောဂါ စွဲကပ်တုန်းက
အ‌ရှေ့နဲ့အ‌နောက်
‌ခြေရာ‌တွေ အ‌တော်‌ခေါက်ခဲ့ရ …

ပကတိအလွှာ‌တွေကို
တစ်လွှာချင်း ခွာကြည့်ဖို့ မကြိုးစား‌တော့
စစ်‌တောင်းရဲ့ လက်ရုံး
ဧရာဝတီလည်း ကုန်းမ‌ရောက် ကမ်းမ‌ရောက်ဖြစ်သွား
သံလွင်လည်း ခမ်းလုနီးပါး …

‌ဟော … လာပြီ။
မကြာလိုက်ဘူး
အပူးလွန်ရင် အကူးမဖြစ်ဘဲ
သဲထဲ‌ရေသွန်သလိုဖြစ်ရင်
ဆူး … ဆူးချင်းကပ်လို့ ဘယ်လွယ်မလဲ …

လာထား…
ပက‌ညောကရင်…. တဲ့
စ‌ကောကရင် ….. တဲ့
‌တော်ပါ‌သေး
ဖလုံကရင်
မွန်းထိုက်ကရင် ပါမလာလို့ …

အစာမ‌ကြေမှု‌တွေ များရင်
အနာသိလျက်နဲ့ …
‌ဆေးရှိလျက်နဲ့ …
မ‌ကျေနပ်နိုင်ကြဘူး။
အရူးထဲက အထူး အရူးလို့ ‌ပြောရမလားပဲ …

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်
(ရည်ညွှန်း – ၂၀၁၉၊ ဧပြီ ၂၉ရက်‌နေ့ထုတ် ‌ကြေးမုံသတင်းစာ)