Home သတင်း သမိုင်းဝင် မုလအိ‌စေတီ‌တော်မြတ်ကို ထိန်းသိမ်းမြှင့်တင်သွားရန် ဆုံးဖြတ်

သမိုင်းဝင် မုလအိ‌စေတီ‌တော်မြတ်ကို ထိန်းသိမ်းမြှင့်တင်သွားရန် ဆုံးဖြတ်

5515

‌မေလ ၂၉ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စုကလိ မြို့နယ်ခွဲ၊ ပြည်နယ်၏ အမြင့်ဆုံး‌တောင်ထိပ်‌ပေါ်ရှိ ဆံ‌တော်ရှင်သမိုင်းဝင် မုလအိ‌စေတီ‌တော်မြတ်ကို ထိန်းသိမ်းမြှင့်တင်သွားရန် နယ်ခံသံဃာ‌တော်များနှင့် ‌ဂေါပက‌ကော်မတီဝင်များက ဆုံးဖြတ်ကြသည်။

‌မေလ ၂၇ ရက်‌နေ့က ‌တောင်နီ‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်း၌ ပြုလုပ်ခဲ့သည့် ‌ဒေါနအ‌ရှေ့ခြမ်း နှင့် အ‌နောက်ခြမ်းရှိ သံဃာ‌တော်များ၊ ‌ဂေါပက ‌ကော်မတီဝင်များ ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများပါဝင်သည့် မုလအိ ‌စေတီ ‌တော်မြတ်၏ နှစ်ချုပ်အစည်းအ‌ဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ‌ဂေါပက အလုပ်အမှု‌ဆောင် ‌ကော်မတီဝင် ‌နော်စန္ဒာဝိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျမတို့က ၂၀၁၇ ကစပြီး ပိုပြီး‌တော့ ဟိုးအရင်ကတည်းက ယခုအချိန်ထိ ထိန်းသိမ်း‌စောင့်‌ရှောက် လာ ခဲ့တဲ့ ဒီဘုရားကို ၂၀၁၇၊ ၁၈၊ ၁၉ မှာမှ ‌ကော်မတီ‌တွေဖွဲ့ပြီး စုဖွဲ့လာတယ်။ (၂)နှစ် ‌လောက်ရှိပြီး အစည်းအ ‌ဝေး ‌တွေ ‌ခေါ်ဖြစ်တယ်။ ‌ဒေါန အ‌ရှေ့ခြမ်း၊ အ‌နောက်ခြမ်းမှာရှိတဲ့ သံဃာ‌တွေ၊ ဒါယကာ နာယက‌တွေဖွဲ့ပြီး‌တော့ သ ဘာဝ‌ဘေးမဲ့ ‌နေရာနဲ့ သသာနာပြန့်ပွားဖို့အတွက်ကို ရည်ရွယ်ရည်မှန်းပြီး‌တော့ အခုဒီ ၂၇ရက်‌နေ့က နှစ်ချုပ်အ စည်းအ‌ဝေးအ‌နေနဲ့ စတုတ္ထအကြိမ်ရှိပြီး‌ပေါ့၊ ဆုံးဖြတ်ချက်‌တွေချပြီး‌တော့ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေ တာ‌ပေါ့” ဟု ‌ပြောသည်။

အဆိုပါ နှစ်ချုပ်အစည်းအ‌ဝေး၌ အဓိက ဆုံးဖြတ်ချက် (၉)ချက်ကို ချမှတ်ခဲ့ရာတွင် ဆံ‌တော်ရှင်မုလအိ‌စေတီ ‌တော်မြတ်၏ ရင်ပြင်‌တော်သို့ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ လက်နက်ကိုင်‌ဆောင်ပြီး တက်‌ရောက်ခွင့်မပြု ရန်၊ ‌စေတီ‌တော်၏ ထီး‌တော်ကို တစ်နှစ်တစ်ကြိမ်လဲရန်၊ ရင်ပြင်‌တော်၏ သန့်ရှင်း‌ရေးကို စနစ်တကျကြပ် မတ်ရန်၊ ဘုရားဖူးကာလကို နှစ်စဉ်ဇန်နဝါရီမှ ‌မေလအထိ (၅)လတာသတ်မှတ်ရန် စသည်တို့ပါဝင်သည်။

ထို့အပြင် ‌တောမီး‌လောင်မှုနှင့်ပတ်သက်ပြီး ဝိုင်းဝန်ကာကွယ်‌စောင့်‌ရှောက်ကြရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် သဘာဝ‌ဘေးမဲ့‌တောကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန်တို့လည်း ၎င်းတို့ဆုံးဖြတ်ချက် ၌ ထည့်သွင်းပါရှိသည်။

ယခုနှစ်ပြုလုပ်သည့် နှစ်ချုပ်အစည်းအ‌ဝေးကို သက်ဆိုင်ရာ ‌ဒေါန‌တောင်အ‌ရှေ့ခြမ်းနှင့် အ‌နောက်ခြမ်းရှိ ‌ကျောင်းထိုင် သံဃာ‌တော်များ၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBAမှ တာဝန်ရှိသူများ၊ ‌ဂေါပက ‌ကော်မတီဝင်များ စုစု‌ပေါင်း ၃ဝဦး‌ကျော် ပါဝင်တက်‌ရောက်ခဲ့ကြသည်။

သမိုင်းဝင် ဆံ‌တော်ရှင် မုလအိ‌စေတီ‌တော်မြတ်သည် မြဝတီမြို့၏ ‌တောင်ဘက်ပိုင်း စုကလိမြို့ နယ်ခွဲတွင် တည် ရှိပြီး ပင်လယ်ပြင် မျက်နှာပြင်အထက် ‌ပေ‌ပေါင်း (၆,ဝ၀၀)‌ကျော် မြင့်မားသည်။ နှစ်စဉ် ပြည်တွင်း၊ နယ်စပ်နှင့် ထိုင်းနိုင်ငံမှ ဘုရားဖူးဧည့်သည်များ လာ‌ရောက်ဖူး‌မြော်သည့် ထင်ရှား‌သော‌စေတီ‌တော် မြတ်ဖြစ်သည်။