Home တွေ့ဆုံမေးမြန်းခန်း အ‌ကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ရရှိသွားသူ လဝိုင်ရှူး(လု်ဝါ်ယှူး) နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

အ‌ကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ရရှိသွားသူ လဝိုင်ရှူး(လု်ဝါ်ယှူး) နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

4298

၂၀၁၉ ခုနှစ်၊ ‌မေလ ၂၁ ရက်တွင် ပြုလုပ်ခဲ့‌သော ဒုတိယအကြိမ်‌မြောက် ကရင်သဘင်ထူးချွန်ဆု‌ပေးပွဲ၌ အ‌ကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ရရှိသွားသူ အသက် ၁၉ နှစ်အရွယ် လဝိုင်ရှူး(လု်ဝါ်ယှူး)ကို ‌ကေအိုင်စီ-ကရင်သတင်းဌာန၊ သတင်း‌ထောက် ‌စောရှားမှ ‌တွေ့ဆုံ‌မေးမြန်းထားသည်ကို ‌ဖော်ပြလိုက်ပါသည်။

‌မေး။ အနုပညာ‌လောကထဲကို ဘယ်လို ဝင်‌ရောက်လာတာလဲ။

အစ်မအရင်းက‌နေ တဆင့် ‘အဲသ‌မော့ရှူးခလိန်း’ ဇာတ်ပွဲက လူရွှင်‌တော် ‘တာသားမိန့်’ က သူတို့ပွဲမှာ မင်းသမီး လိုတယ်ဆိုပြီး လာပြန်‌ခေါ်‌တော့ ကိုယ်ကလည်း ဝါသနာပါတာနဲ့ ဝင်ကဖြစ်တယ်။

‌မေး ။ ။ အနုပညာကို ဘယ်တုန်းကတည်းက ဝါသနာပါခဲ့လဲ။ အနုပညာမျိုးရိုး‌ရောရှိလား။

အနုပညာမျိုးရိုုးလည်းရှိတယ်။ အဖိုးတုန်းက မင်းသား၊ အ‌မေကျ‌တော့ အငြိမ့်မင်းသမီး၊ ‌တေးသရုပ်‌ဖော်‌တွေ က ခဲ့တယ်။ အဲတုန်းက ပွဲ‌တွေ‌တော့ မရှိ‌သေးဘူး။ ညီမ တို့‌ခေတ်ကျမှ ညီမက ပွဲကတယ်‌ပေါ့။ အစ်မလည်း ကတယ်။ အနုပညာကို ဟိုး ငယ်ငယ်‌လေးကတည်းက ဝါသနာပါခဲ့တယ်။ အစ်မ‌နောက်လိုက်ပြီး အငြိမ့် ကခဲ့တယ်။ အစ်မက ‌တော့ အခု မက‌တော့ပါဘူး။

‌မေး။ ။ ဘယ်အချိန်ကစပြီး ဇာတ်‌လောကထဲကို ဝင်‌ရောက်ခဲ့တာလဲ။ ဘယ်‌နေရာမှာ ကတာလဲ။

ဇာတ်ကတာ ၂ နှစ်ပဲရှိပါ‌သေးတယ်။ အရင်နှစ်က ‘အဲသ‌မော့ရှူးခလိ်န်း’မှာကပြီး ‌နောက်တစ်နှစ် ခုလက်ရှိမှာ ‌တော့ ‘ဆို‌လောင်အဲ‌ဖောင်’ ဇာတ်မှာ ကပါတယ်။ ‘အဲသ‌မော့ရှူးခလိ်န်း’မှာတုန်းက သိပ်မက ဖြစ်ဘူး။ အသစ် ဆို‌တော့။ ‘ဆို‌လောင်အဲ‌ဖောင်’ ‌ရောက်မှ ဆရာ‌တွေနဲ့ အ‌သေအချာ သင်ယူဖြစ်ခဲ့တယ်။ ဒုံးအက၊ အငြိမ့်၊ ပြဇာတ်၊ စတိတ်ရှိုး၊ Dancer အကုန် စွယ်စုံ ဆို၊ က၊ သရုပ်‌ဆောင်ပါတယ်။

‌မေး။ ။ ဇာတ်ကတဲ့အခါ ‌တွေ့ကြုံရတဲ့ အခက်အခဲက ဘာ‌တွေရှိမလဲ။

‌ကျောင်းက ၇ တန်းကတည်းက ထွက်ခဲ့တယ်။ အဲဒီ‌နောက် ထိုင်း(နိုင်ငံ) ကိုလည်း သွားခဲ့‌သေးတယ်။ ပွဲသွားက မယ်လို့ မိသားစုကို ‌ပြော‌တော့ အားလုံးကလည်း လိုလိုလားလားလက်ခံတယ်။ ငယ်ငယ်ကတည်းက ဝါသနာ ပါခဲ့တာဆိုတာ အ‌မေလည်း သိ‌နေ‌တော့ မတားခဲ့ပါဘူး။ အချို့သူ‌တွေ ဇာတ်ကတာ ‌ငွေ‌ကြေးအခက်အခဲ ရှိနိုင် ‌ပေမယ့် ညီမက ဝါသနာပါလွန်းလို့လား မသိဘူး။ ‌ငွေ‌ကြေး‌တွေ မပြည့်စုံ၊ မရှိတာ‌တောင် က ‌နေရရင်ကို ‌ပျော်‌နေ တယ်။ အဖွဲ့သား‌တွေနဲ့ ဆက်ဆံ‌ရေးကလည်း အဆင်‌ပြေပါတယ်။ အခက်အခဲက‌တော့ မရှိပါဘူး။

‌မေး။ ။ ဘယ်ပြဇာတ်နဲ့ ဆုရသွားတာလဲ။

ဆုရရှိသွားတဲ့ ကရင်ပြဇာတ်က‌တော့ ‘ငရဲမီးကြားက ပန်းတစ်ပွင့်’ လို့ အဓိပ္ပါယ်ရပါတယ်။ ဝတ္တုကို ဆရာမ မြသင်းချယ်‌ရေးဖွဲ့ပြီး ဒါရိုက်တာ ဆရာ အဂဲပါ။ သူတို့ရဲ့ သင်ကြား လမ်းညွှန်ပြသမှုနဲ့ ညီမရဲ့ ကြိုးစား အားထုတ်မှု‌တွေ‌ကြောင့် ဒီဆုကိုရရှိသွားတာလို့ မြင်ပါတယ်။

‌မေး။ ။ ဒီဆုက ညီမအတွက် ပထမဦးဆုံးရတဲ့ဆုလား။ ဆုရရှိသွားတဲ့အ‌ပေါ် ဘယ်လိုခံစားမိလဲ။

ငယ်ငယ်ကတည်းက‌နေ လက်ရှိအချိန်အထိ ဆုရတာ မရှိဖူး‌တော့ ခုလို လူအများကြီးရဲ့‌ရှေ့မှာ ပထမဦးဆုံးအကြိမ် ဆုလက်ခံရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ‌နောင်နှစ်‌တွေမှာလည်း ဇာတ်‌ဆောင်ဆု‌တွေရရှိ‌အောင် ကြိုးစားသွားမှာပါ။

‌မေး။ ။ ကရင်‌ရေးရာနဲ့ ပတ်သက်ပြီး အခြား ဘာ‌တွေလုပ်‌ဆောင်ခဲ့ဖူးသလဲ။

ဖားအံ၊ ‌တောင်က‌လေးမှာ လုပ်တဲ့ ၄၅ ကြိမ်‌မြောက် ကရင်စာ‌ပေနဲ့ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲမှာ ဒုံးအကဝင်ပြိုင်ဖူးတယ်။ ကိုယ်က ဒုံးကတာဝါသနာပါ‌တော့ အဲတုန်းက အ‌မေသ‌ဘောမကျ‌ပေမယ့်လည်း ဝင်ကခဲ့တာပါပဲ။

‌မေး။ ။ ကရင်ဇာတ်သဘင်‌လောကကို ဘယ်လိုမြင်လဲ။ ဒီထက်တိုးတက်‌အောင် ဘာ‌တွေလိုအပ်မလဲ။

ကရင်ဇာတ်သဘင်‌လောကက‌တော့ ဆုတ်ယုတ်ဖို့ မရှိ တိုးတက်ဖို့ပဲ ရှိတယ်လို့ မြင်ပါတယ်။ ခုဆို တာဝန်ရှိသူ ‌တွေကလည်း အား‌ပေးအား‌မြှောက်ပြု‌နေတယ်။ ဇာတ်အဖွဲ့သား‌တွေကလည်းကြိုးစား‌နေတယ်။ အရင် ‌ခေတ်က ထက်စာရင် လက်ရှိအချိန်မှာ အများကြီး တိုးတက်‌ပြောင်းလဲမှု‌တွေ ဖြစ်‌ပေါ်‌နေပါပြီး။ ဒီထက် တိုးတက်ဖို့ ဆိုရင် ‌တော့ ဇာတ်‌လောက တစ်ခုလုံး တက်ညီလက်ညီ ညီညွတ်စွာနဲ့ ကြိုးစားသွားဖို့လိုတယ်လို့ မြင်မိတယ်။ တစ် ‌ယောက်နဲ့ တစ်‌ယောက် မနာလိုမုန်းတီးမှု‌တွေ ရှိ‌နေမယ်ဆိုရင်‌တော့ တိုးတက်ဖို့ လွယ်မှာ မဟုတ်ပါဘူး။

‌မေး။ ။ တချို့ကလည်း ‌ပြော‌နေတာရှိတယ်‌ပေါ့။ ၂ နှစ်တည်း ကပြီး အ‌ကောင်းဆုုံးဆုရသွားတယ်လို့ ‌ဝေဖန်တဲ့အ‌ပေါ်မှာ‌ရော ညီမ ဘာ‌ပြောချင်လဲ။

ဟုတ်ပါတယ်။ ညီမလည်း ပြန်ကြားရတယ်။ ဇာတ်‌လောကမှာ ညီမကို လိုလားတဲ့သူလည်းရှိမယ်။ မလိုတဲ့ လူလည်းရှိတယ်။ ဒါ‌ပေမယ့် ညီမအတွက်‌တော့ ဘာမှ မဖြစ်ပါဘူး။ ကိုယ်ရဲ့ကြိုးစားမှု‌ကြောင့် ရရှိသွားတာ ပဲ‌လေ။ ‌နောက်ပြီး ဆရာမ မြသင်းချယ်နဲ့ ဒါရိုက်တာ ဆရာ အဂဲတို့ရဲ့ ‌ကျေးဇူး‌တွေ‌ကြောင့်ပဲ အနုပညာ အ‌ကြောင်းကို သိရှိနားလည် တတ်‌မြောက်လာတာ ဖြစ်တဲ့အတွက် သူတို့ကို အထူး‌ကျေးဇူးတင်‌ကြောင်း ‌ပြောလိုပါတယ်။ ညီမကို ပံ့ပိုး‌ပေးတဲ့ လူ‌တွေအားလုံးကိုလည်း ‌ကျေးဇူးတင်ပါတယ်။ ညီမက‌တော့ ‌နောက်ဆုတ် ဖို့မရှိပါဘူး။ ဆက်လက်ပြီး ကြိုးစားသွားမှာပါ။